စစ်တပ်ဖက်က လားရှိုး ကို တိုက်ခိုက်နိုင်တော့မည် မဟုတ်

by Hla Soewai - Jan 31 2025

တရုတ် အစိုးရမှ မြန်မာ စစ်ဗိုလ်ချုပ်များ ကိုယ်စား လပေါင်း များစွာ ကြာ ဖိအားပေးခဲ့ ပြီးနောက်တွင် MNDAA နှင့် တရားဝင် အပစ်အခတ် ရပ်စဲ‌ ရေး သဘောတူညီချက် ရရှိခဲ့ပြီဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တနင်္လာနေ့တွင် စတင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

 

ဇန်နဝါရီ ၁၈ ရက်နေ့ က ရရှိခဲ့သော အပစ်အခတ် ရပ်စဲရေး သည် နှစ်ဖက် ခုနှစ်ကြိမ်ခန့် ဆွေးနွေးခဲ့ပြီး သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်သည်။ ယင်းသည် အဆိုပါ နှစ်ဖွဲ့အကြား ဒုတိယ အကြိမ် သ‌ဘောတူ လက်မှတ် ရေးထိုးခဲ့ခြင်းလည်း ဖြစ်သည်။ ပထမ အကြိမ် သည် ငါးလ ကြာပြီးနောက် စစ်ကောင်စီ ဖက်မှ ချိုးဖောက်သည်ဟု ဆိုကာ ပျက်ပြယ်သွားခဲပြီး MNDAA သည် စစ်ကောင်စီ တပ်များကို တယောက် မကျန် လားရှိူး မှ မောင်းထုတ်ပစ်နိုင်ခဲ့သည်။

 

မြန်မာ စစ်ဖက် မှ ယခုလို ငြိမ်းချမ်းရေး ရရှိရန် ဆောင်ရွက် ပေးခဲ့သည့် တရုတ် အစိုးရ ကို ကျေးဇူး ဥပကာရ တင်ရှိကြောင်း ပြောကြားခဲ့သည်ဟု ပြောခွင့် ရ မော်နင်း က ဆိုသည်။ အရိုး စည်းရိုးထိုး ကာကွယ်မည့် မျိုးချစ်များလည်း ၎င်းတို့၏ ခေါင်းဆောင်များ ပြည်ပ အားကိုး နေရသည့် အဖြစ်ကို တအံ့တဩ ဖြစ်နေလောက်ပြီ ဖြစ်သည်။

 

စစ်တပ်ဘက်မှ ကိုးကန့် ခြေကုပ်ယူ ထိန်းချုပ်ထားတဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်မှုများနှင့် ပြန်လည်ထိုးစစ်ဆင်မှုများ လုပ်ခွင့် ရှိတော့မည် မဟုတ်ပေ။

 

သဘောတူညီချက် အသေးစိတ်ကို ထုတ်ပြန်ခြင်း မရှိသေးသော်လည်း မြန်မာ နောင်း သတင်းတွင်မူ ကိုးကန့် တပ်များသည် ယခုလာမည့် #ဇွန်လ တွင် လားရှိုးမှ ဆုတ်ခွာပေးရဖို့ ရှိနေသည်ဟု ဖေါ်ပြထားသည်၊ သို့သော် ထိုအချက်ကို ပြည်ပ သတင်းဌာန များက လားရှိူး နှင့် ပတ်သက်ပြီး တစွန်းတစမျှ ဖေါ်ပြ ထားခြင်း မရှိပေ။ 

 

ဇန်နဝါရီ ၂၀ ရက် ညနေပိုင်းအထိ MNDAA သတင်းရင်းမြစ်၏ အတည်ပြုချက်အရ လားရှိုးမှာ MNDAA တပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့ ဆက်ရှိနေပြီး အပြောင်းအလဲ ရှိမည် မဟုတ်ဟု ဘီဘီစီ သတင်းတွင် ရေးသားထားသည်။

 

လားရှိုးကို ရောက်ရန် နောင်ချို၊ ကျောက်မဲနဲ့ သီပေါဘက်ခြမ်းအား တအာင်းတပ်(TNLA)က ထိန်းချုပ်ထားသည့် အခြေအနေကြောင့် စစ်တပ်သည် လားရှိုးကို ရောက်ရန် မဖြစ်နိုင်ဘူးဆိုသော သုံးသပ်ချက်များလည်း ထွက်ပေါ်လာသည်။

 

မြန်မာစစ်တပ်ဘက်မှ ကာကွယ်ရေး စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးနဲ့အဖွဲ့သွားရောက်ခဲ့တာဖြစ်ပြီး ကိုးကန့်တပ်ဘက်က ကိုးကန့်ခေါင်းဆောင် ဦးဖုန်တားရွှင်ရဲ့ သားဖြစ်သူ နိုင်ငံခြားရေးတာဝန်ခံ ဦးဖုန်ခွင်းနဲ့ ပြန်ကြားရေးတာဝန်ခံ လီကျားဝင်းတို့ တက်ရောက်ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

 

ယခုအခါ ချင်းရွှေဟော် နယ်ခြားဂိတ်အား တရုတ် အာဏာပိုင်များ က ပြန်ဖွင့်ပေးလိုက်ပြီ ဖြစ်သည်။ ဝ ဖက်ကလည်း နမ်တစ်တံတား ဂိတ်ကို တရုတ်တို့၏ သဘောတူ ညီချက် ဖြင့် ဖွင့်လာခဲ့ပြီး ကုန်စည် ကူးသန်း ရောင်းဝယ်မှု ပုံမှန်ပြန်လည် ပြုလုပ်နိုင်ပြီဟု ကြေညာခဲ့သည်။

 

ကူမင်းတွင် ဆေးကုသမှု ခံယူသည် ဆိုသော ကိုးကန့် ခေါင်းဆောင် ဦး ဖုန်းတာရွှင်သည် ဘယ်ရောက်နေသည် ဆိုသည်ကို မသိရသေးဟု မြန်မာ နောင်းတွင် ရေးသားထားသည်။

 

အာဆီယံ၏ သဘောထား ကို ကြိုတင် ရိပ်စားမိလာ၍ အထိတ်တလန့် ဖြစ်သွားသော မင်းအောင်လှိုင်သည် ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကို ယခုထိ တရားဝင် ကြေညာနိုင်ခြင်း မရှိသေးသေးသော်လည်း တရားဥပဒေ စိုးမိုးရေး နှင့် တည်ငြိမ်ရေး ကို ဦးစားပေး လုပ်ဆောင်သွားမည်ဟု ၎င်း၏ နောက်လိုက်များ နှင့် အစည်းအ‌ ဝေး တွင် ပြောဆိုလာသည်။

 

၎င်း အနေဖြင့် ယခုလာမည့် ၆ လ အတွင်း ထိုသို့ လုပ်နိုင်စွမ်း မရှိသည်ကို အားလုံးက သိရှိပြီး ဖြစ်သည်။ မင်းအောင်လှိုင် အနေဖြင့်လည်း ထိုသို့ မလုပ်နိုင်မှန်း သိလေ၊ ရွေးကောက်ပွဲ အပြီး ၎င်း၏ ရပ်တည်ရာ ရပ်တည်ကြောင်းကိုပါ ထည့်သွင်းစဉ်းစားလာရပြီ ဖြစ်သည်။

 

နိုင်ငံ လူဦးရေသည် ၅၁ သန်း သာ ရှိတော့၍ အလုပ်သမား မလုံလောက်မှု ပြဿနာ နှင့် ရွေးကောက်ပွဲ ပါ ထိခိုက်လာနိုင်သည်ဟု‌ ပြောဆိုသွားပြန်သည်။ ၎င်းတို့၏ ၂၀၂၂ သန်းကောင်စာရင်း တွင် လူဦးရေ ၅၅.၈ သန်း ရှိသည်ဟု ဖေါ်ပြထားပြီး နှစ် နှစ် အတွင်းမှာပင် လူ ၄ သန်း လျော့နည်းသွားရသည် ဟု ဧရာဝတီက ရေးသားထားသည်။

 

ဤသည်ကို ကြည့်ခြင်းအားဖြင့် ၎င်းတို့၏ ရွေးကောက်ပွဲ အား အာဆီယံ မှ အသိအမှတ် မပြုမိ အရေး ကို စိုးရိမ် ထိတ်လန့်လာနေပြီ ဖြစ်သည်။

 

မွန်ပြည်နယ်အတွင်း စစ်ရေးဖော်ဆောင်ရန် မွန်လက်နက်ကိုင် ၄ ဖွဲ့ က “ရာမညပူးတွဲစစ်ကြောင်း” ဖွဲ့လိုက်ပြီဟု ပူးပေါင်းတပ်များက ဇန်နဝါရီ ၁၉ ရက်နေ့မှာ ထုတ်ပြန် ကြေညာသည်ဟု သတင်းများတွင် ပါရှိလာသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!