တအောင်း အမျိုးသား တို့၏ အောင်ပွဲ

by Hla Soewai - Jan 19 2025

စနေနေ့က ကျရောက်သော ၆၂ ကြိမ်မြောက် တအောင်း အမျိုးသား တော်လှန်ရေး နေ့တွင် မိမိတို့မှ ၂၀၂၁ အာ‌ဏာ သိမ်းမှု ကို နိုင်ငံတဝှမ်း ဆန့်ကျင် တိုက်ပွဲ ဝင်နေမှု များ နှင့် ပြန်လည်၍ ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ကြေညာချက် ထုတ်ပြန်လာခဲ့သည်။

 

DVB သတင်းဌာန နှင့် အင်တာဗျူး တွင် TNLA ပြောခွင့်ရ လွေရေဦး မှ မိမိတို့ သိမ်းပိုက်ရရှိထားသည့် မြို့နယ်ပေါင်း ၁၂ မြို့ နယ် ၏ လုံခြုံရေး အာမခံချက် ရရှိရေး နှင့် လက်ရှိ စစ်မြေပြင် အနေအထားကို ဆက်လက်ထိမ်းသိမ်း သွားမည်ဟု ပြောသွားခဲ့သည်။

 

ဇန်နဝါရီ ၃-၇ တွင် ကျင်းပခဲ့သော ပလောင် ပြည်နယ် လွတ်မြောက်ရေး တပ်ဦး၏ နှစ်ပတ်လည် အစည်းအဝေး အပြီး ပြောကြားခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့ သိမ်းပိုက်ရရှိထားသည့် နမ်ဆန်၊ ကွတ်ခိုင်၊ နမ်ခမ်း၊ ကျောက်မဲ နှင့် မိုးကုတ် ခရိုင်မြို့ကြီး များ တွင် အရပ်သား များ ပါဝင်သော အုပ်ချုပ်ရေး တိုးချဲ့သွားမည်ဟု ဆိုသည်။

 

"မိမိတို့ ပြည်သူများ ၏ ရေရှည် ကြွယ်ဝ ဖွံ့ဖြိုးရေး အာမခံချက် ရရှိရန် စစ်တပ်ကို အနိုင်တိုက်သွားမည်" ဟု လည်း ပြောခဲ့သည်။

 

ဇန်နဝါရီ ၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်မှ ဗုံးအလုံးရေ အနည်းဆုံး အလုံး နှစ်ဆယ်ခန့် ကြဲချ တိုက်ခိုက်ခဲ့သည်ဟုလည်း သိရသည်။ မိုးကုတ် တွင် ပြည်သူ ၉ ဦး၊ နောင်ချိုတွင် ၁၁ ဦး သေဆုံးသွားခဲ့သည်။

 

TNLA သည် ငြိမ်းချမ်းရေး ဆွေးနွေးရန် အသင့် ရှိသည်ဟု နိုဝင်ဘာ ၂၅ ရက်နေ့တွင်ထုတ်ဖေါ် ပြောဆိုခဲ့သော်လည်း စစ်တပ်ဖက်မှ တုန့်ပြန်ခဲ့ခြင်း မရှိဘဲ စစ်ရာဇဝတ်မှု များသာ ဆက်၍ ကျုးလွန်နေသည် ဟု ဆိုသည်။

 

TNLA သည် ယခုအခါ တပ်မဟာ ၇ ခု မှ ၉ ခု၊ တပ်ရင်း ၃၅ ရင်း မှ ၄၅ ရင်းအထိ တိုးချဲ့လာခဲ့ပြီ ဖြစ်သည်။ ၎င်းတို့၏ နိုင်ငံရေး ဦးဆောင် အဖွဲ့ဖြစ်သော ပလောင် ပြည်နယ် လွတ်မြောက်ရေး တပ်ဦး မှ လုံခြုံရေး၊ တရားဥပ‌ဒေ စိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှု ရေး ကိစ္စများကို ခရိုင်မြို့ကြီး များ နှင့် မြို့နယ်များ အတွင်း တာဝန်ယူ ဆောင်ရွက် နေသည်။

 

သိမ်းပိုက်ထားသော မြို့နယ် ၁၂ မြို့နယ် အား မြို့နယ် ၁၈ မြို့ အဖြစ် ပြန်လည် ဖွဲ့စည်းလာခဲ့သည်။

 

အဆိုပါ ဒေသများ မီးရရှိမှု မရှိမှု အား သေချာပေါက် မပြောနိုင်သော်လည်း မန္တလေး ရောက် စစ်ခေါင်းဆောင်ကမူ နေရောင်ခြည် စွမ်းအင်သုံး လျပ်စစ်ဓါတ်အား စီမံကိန်းများ ပြီးစီးပါက လျပ်စစ်မီး လုံလောက်စွာ ရရှိမည်ဟု ပြောဆိုသွားပြန်သည်။

 

အဓိက အားဖြင့် ဓါတ်ငွေ့များ အထွက်နှုန်း ကျဆင်းလာနေသော်လည်း ပြည်ပသို့ ဦးစားပေး ရောင်းချနေရသဖြင့် ပြည်တွင်း တွင် လောက်ငှစွာ မသုံးနိုင်တော့ခြင်းပင် ဖြစ်သည်။ ထို့အတွက်လည်း နကိုယ်ကတည်းက ကြိုတင် ပြင်ဆင်ထားရန် စိတ်ကူး မရှိသည်ကလည်း ပေါ်လွင်လာခဲ့သည်။

 

ထိုသို့ စိတ်ကူး မရှိသော်လည်း မီးအမြဲလို ပျက်နေ၍ လက်ကိုင်ဖုန်း ပင် အားသွင်း၍ မလွယ်တော့သော ပြည်သူများအတွက် အဆင်ပြေရန် ပံ့ပိုးပေး‌ နေသော ၎င်း၏ သားနှင့် သမီး များကမူ ဝင်ငွေများ တဟုန်ထိုး တိုးတက်လာနေသည်။ ဖခင်ကလည်း ၎င်းတို့၏ ဆိုလာပြားများကို အခွန်ကင်းလွတ်ခွင့် ပေးထားပြန်သည်။

 

ယခုလည်း မော်စကို ရှိ ဆပ်ကပ် အဖွဲ့ကြီးသို့ သံတမန် ဆက်ဆံ‌ ရေး ထူ‌ ထောင်သည့် ၇၅ နှစ်မြောက် အထိမ်းအမှတ်ဟု ဆိုကာ ဆင် ၆ ကောင် တင်ပို့ပေးလိုက်သည်ဟု သိရသည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရသည် စစ်ကောင်စီ မှ မြို့နယ် အနည်းငယ်သာ ထိန်းချုပ် နိုင်စွမ်း ရှိတော့သည့် စစ်ကိုင်းတိုင်း အတွင်း ပြည်ထောင်စု အဆင့် ရုံး စိုက်ပြီး အရပ်ဖက် အုပ်ချုပ်ရေး ယန္တရား စတင် လည်ပတ် တော့မည်ဟု ထုတ်ဖေါ် ပြောဆိုလာခဲ့သည်။

 

စစ်ကိုင်းတိုင်းအတွင်း ထီးချိုင့်၊ အင်းတော်၊ ကောလင်း၊ ပင်လယ်ဘူး၊ မြောင်၊ ကနီ၊ ပုလဲ၊ ခင်ဦး၊ ဝက်လက် စသည့်မြို့နယ်ကိုးခုကို လုံးဝလက်လွှတ်ခဲ့ရသည်ဟုလည်း စစ်ကောင်စီက ဝန်ခံခဲ့ပြီး ဖြစ်သည်ဟု မြန်မာ နောင်း သတင်းတွင် ဖေါ်ပြထားသည်။

 

ထိုနယ်မြေများ အတွင်း စစ်ကောင်စီ သည် အပြစ်မဲ့ အရပ်သား များ အား ဖမ်းဆီး၊ သတ်ဖြတ်၊ ရွာမီးရှို့သည့် လုပ်ရပ်များ ဖြင့် သောင်းကျန်သူ အဖွဲ့အဖြစ် ကူးပြောင်းသွားခဲ့ပြီ ဖြစ်သည်။

 

နိုင်ငံ တဝှမ်း တွင် စစ်အာဏာရှင် အမြစ်ဖြတ်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ထူထောင်ရေး ပူးပေါင်း တိုက်ပွဲ ဝင်နေကြစဉ် တွင် ကေအင်ယူ နှင့် ဗိုလ်မှုးချုပ် နယ်ဒါးမြ ဦးဆောင်သည့် ခွဲထွက် ကော်သူလေး တပ်တော် KTLA တို့ ထားဝယ် အနီး တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု သိရသည်။

 

ထို့အတွက် တနင်္သာရီတိုင်းအတွင်းသို့ ကုန်စည်စီးဆင်းမှု၏ အဓိကနယ်စပ်လမ်းကြောင်းကို ပိတ်ဆို့ခံထားရပြီး စစ်ဘေးရှောင်လိုသူများ ပိတ်မိနေပြီ ဖြစ်သည်။

 

ကရင် တော်လှန်ရေးသည်လည်း အချင်းချင်း မညီညွတ်မှု ကြောင့် သိက္ခာကျစရာ ဖြစ်လာခဲ့ပြီး စစ်ကောင်စီ ဖက်တွင်လည်း ဘယ်အဖွဲ့က နိုင်မည် မနိုင်မည် ကို လောင်းကြေး ထပ်နေလောက်ပြီ ဖြစ်သည်။

 

ထိုင်း-မြန်မာ နယ်စပ် အရေး နှင့် ပတ်သက်၍ ထိုင်း နှင့် တရုတ် အစိုးရ တို့ ခေါင်းခဲစရာ ဖြစ်လာသည်။ ထိုင်း တွင် တရုတ် ရုပ်ရှင်မင်းသား လူကုန်ကူး ခံရမှု ကြောင့် ၎င်းတို့ အဓိက အားထားနေသော တရုတ် ခရီးသွား များ မှ ခရီးစဉ်များကို ဖျက်သိမ်းလိုက်မှု နှင့် ရုပ်ရှင် မင်းသား အား ၄၈ နာရီ အတွင်း တရုတ် အစိုးရ၏ ဖိအားပေးမှု ကြောင့် ကယ်ထုတ် နိုင်ခဲ့မှု ကြောင့် ကျန်ရှိနေသည့် တရုတ် နိုင်ငံသား များ ကို လည်း ကယ်ထုတ်ပေးရန် မိသားစု များက တရုတ် အစိုးရအား ဝိုင်းဝန်း ဖိအား ပေးလာကြခြင်း ပင် ဖြစ်သည်။

 

အထူးသဖြင့် ထိုင်းအစိုးရ အဖို့ မူးယစ်ဆေးဝါးများ အလုံးအရင်း နှင့် ဝင်ရောက်လာမှု အပြင် ယခုအခါ ၎င်းတို့ အဓိက ဝင်ငွေရနေသော ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း ပါ ထိခိုက်လာနေရ၍ ဘေးကျပ် နံကျပ် ဖြစ်လာနေသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!