NUG သည် တရုတ် နှင့် ထိတွေ့ဆက်ဆံဖို့ မဟာဗျူဟာ လိုအပ်

by Hla Soewai - Jan 19 2025

တရုတ်သည် စစ်ခေါင်းဆောင် များ၊ အင်အား တသိန်းခန့်သာ ရှိသည့် သစ္စာခံ တပ်များ၊ ၎င်းတို့အား ဝိုင်းရံ့ ပံ့ပိုး ပေးနေသည့် ဗျူရိုကရက် များ နှင့် အပေါင်းအပါ များ အား ပံ့ပိုးပေးနေပြီး သန်း ငါးဆယ် ကျော် ရှိ မြန်မာ ပြည်သူများ အကျိုးကို လစ်လျု ရှူ လိုက်ပြီ ဖြစ်သည်။

 

မိမိတို့၏ တော်လှန် ဆန့်ကျင် နေမှု များအား ဖျက်လိုဖျက်ဆီး လုပ်လာ‌ နေသည့် တရုတ်၏ လုပ်ရပ်ကို မြန်မာ ပြည်သူများက ဩဂုတ်လ အတွင်း ဝမ်ယီ၏ ခရီးစဉ် အပြီး ကောင်းစွာ သိမြင်လာကြပြီး စိတ်ပျက်လက်ပျက် ဖြစ်လာမှု နှင့် အတူ တရုတ် ဆန့် ကျင်ရေး သဘောထား များက ကြီးထွားလာခဲ့သည်။

 

တရုတ်သည် အာဏာသိမ်းပြီးစဉ်ကစပြီး ၎င်းတို့၏ ရပ်ဝန်း နှင့် လမ်း စီမံကိန်းများကို ကာကွယ် သွားရန်နှင့် ဒေသတွင်း တည်ငြိမ်ရေးကို ထိန်းသိမ်းသွားနိုင်ရန် အလို့ငှာ အာဏာသိမ်း အဖွဲ့အား ‌စတင် ပံ့ပိုးပေးလာခဲ့ခြင်း ဖြစ်သည်ဟု အစချီက ဗီအိုအေ က ရေးသားလာခဲ့သည်။

 

၂၀၂၄ နှစ်လည် တွင် ထုတ်ပြန်သော အ‌မေရိကန် ငြိမ်းချမ်းရေး အင်စတီကျု အစီရင်ခံစာ တွင် နိုင်ငံ လူဦးရေ၏ ၅၄ ရာနှုန်းသည် တရုတ် အပေါ် အဆိုးဖက်က ရှူမြင်နေကြသည်ဟု ဖေါ်ပြထားသည်။ နောက်ပိုင်းတွင် အိမ်နီးချင်းကောင်း မဟုတ်၊ လုံးဝ မကောင်းဟု ဆိုသော အမြင်အား ၇၂ ရာနှုန်းက ထောက်ခံလာကြသည်။

 

အများစုက စစ်တပ်၏ အာဏာသိမ်းမှု ကို ထောက်ခံမှု ပေးထားသည်ဟု ယူဆထားကြသည်။ ၂၀၂၁ နှစ်လည် လောက်တွင် ထိုသို့သော အမြင်များ လျော့ကျသွားသော်လည်း တရုတ်ဖက် မှ စစ်အာဏာသိမ်း အဖွဲ့များ နှင့် အဆင့်မြင့် ဆက်ဆံရေး များ ပြန်၍ စတင်လာပြီး နောက်တွင် ပြန်၍ မြင့်တက်လာခဲ့သည်ဟု ဆိုသည်။

 

တိုရန်တို ရှိ ယော့ တက္ကသိုလ်မှ မြန်မာအရေး ကျွမ်းကျင်သူ ကိုထက်မင်းလွင် မှ ဝမ်ယီ ခရီးစဉ် အပြီး တွင် တော်လှန်ရေး အင်အားစု များ အားလုံး

နှင့် လေ့လာသုံးသပ်သူ များ အားလုံးက တရုတ်သည် ပြည်တွင်းရေး တွင် ဝင်ရောက် စွက်ဖက်လာပြီ ဆိုကာ တရုတ် ဆန့်ကျင်ရေး သဘောထားများ ကို တညီတညွတ် တည်း ထုတ်ဖေါ် ပြောဆိုလာကြသည်။

 

ပြီးခဲ့သည့် လများ အတွင်း တရုတ် ဆန့်ကျင်ရေး လှုပ်ရှားသူ များက Made in China ကုန်ပစ္စည်းများကို သပိတ်မှောက်ရန် ကမ်းပိန်း ပြုလုပ်လာကြသည်။

 

ဝါရှင်တန် ရှိ တရုတ် သံရုံးရှေ့တွင်လည်း မြန်မာ နိုင်ငံသားများက ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

 

မြန်မာ ရှိ တရုတ်သံရုံးမှ ဗီအိုအေ၏ အမေးကို စာနှင့် တုန့်ပြန် ဖြေကြားရာတွင် "လက်ရှိ မြန်မာ အခြေအနေ အပေါ် လွန်စွာ စိုးရိမ်မကင်း ဖြစ်ရကြောင်း နှင့် ပတ်သက်နေသူ များ အားလုံး ဆွေးနွေး အဖြေရှာရန် နှင့် အမြန်ဆုံး အပစ်အခတ် ရပ်စဲကြရန် တိုက်တွန်းကြောင်း" ပါရှိလာခဲ့သည်။

 

ထို့ပြင် တရုတ်သည် မြန်မာ၏ အချုပ်အခြာ အာဏာ၊ လွတ်လပ်ရေး နှင့် နယ်မြေ တည်တံ့ ပိုင်ခွင့် နှင့် ပြည်တွင်းရေး ကို မစွက်ဖက်ရေး ဆိုသည် ကို လေးစားလိုက်နာလျက် ရှိကြောင်း နှင့် မြန်မာ အရေး အတွက် မြန်မာ တို့သာ ဦးဆောင် အဖြေရှာရမည် ဟုလည်း ဆိုသည်၊ သက်ဆိုင်သူ များ အနေဖြင့် တရုတ် ကုမ္ပဏီများ၊ ပရိုဂျက်များ၊ ဝန်ထမ်းများကို ထိထိရောက်ရောက် ကာကွယ်ပေးသွားမည်ဟု မျှော်လင့်ကြောင်း လည်း ပါရှိခဲ့သည်။

 

၂၀၂၅ တွင် တရုတ်သည် စစ်အုပ်စု အား ပို၍ ပံ့ပိုး ပေးလာနိုင်သည့် အတွက် နိုင်ငံတွင်း တရုတ် ဆန့်ကျင်ရေး သဘောထားများ ပိုမို ပြင်းထန်လာနိုင်ကြောင်း ကမ္ဘာပေါ်ရှိ လက်နက်ကိုင် ပဋိပက္ခ များ နှင့် အဖြစ်အပျက် များကို လေ့လာ‌နေသည့် ACLED (Armed Conflict Location and Event Data) အဖွဲ့က သတိပေးထားသည်။ ကျွမ်းကျင်သူများကမူ တရုတ်အား မုန်းတီးရန်လိုမှု များသည် မလိုလား အပ်သည့် အကျိုးဆက်များသာ ဖြစ်လာနိုင်သည်ဟု သတိပေးလာခဲ့သည်။

 

တရုတ်သည် အိမ်နီးချင်းလည်း ဖြစ်နေ၍ ၎င်းတို့၏ စိုးရိမ်မကင်း ဖြစ်မှု များ၊ နိုင်ငံရေး ရပ်တည်မှု များကို နားလည် နိုင်ရန် သံတမန်ရေး လမ်းကြောင်းမှ ဆောင်ရွက်သွားရမည်ဟု ဆိုသည်။

 

တရုတ်၏ လွှမ်းမိုးလာမှု သည် တော်လှန်ရေး ကို နှေးကွေး သွားနိုင်သဖြင့် ၎င်းတို့အား ဝေဖန် ရှုတ်ချနေမည် အစား ၎င်းတို့ဖက်က မူဝါဒ ချမှတ်သူများ နှင့် ထိ‌ တွေ့ ပြီး မြန်မာ အခြေအနေကို ရှင်းပြသွားဖို့ လိုသည်ဟု ဆိုသည်။ လော်ဘီ လုပ်ဖို့ အရေးကြီးသည်ဟု ဆိုလိုခြင်း ဖြစ်သည်။

 

ယခုထိ NUG အနေဖြင့် တရုတ် နှင့် ပတ်သက်ပြီး ရှေ့နောက် ဆီလျော်သည့် မူဝါဒ များ ရှိပုံ မရသေးဟု ဝါရှင်တန်ရှိ မဟာဗျူဟာ နှင့် နိုင်ငံတကာ လေ့လာရေး စင်တာ မှ အကြီးတန်း အကြံပေး မိုက်ကယ် မာတင် က ဆိုသည်။ တရုတ် သည် စစ်ကောင်စီ အား အစိုးရ အဖြစ် အသိအမှတ် ပြုထားပြီး ဖြစ်၍ NUG ကို အစိုးရ ပုံစံမျိုး ဆက်ဆံ ဖို့ ပြော၍ မရဟု ဆိုသည်။

 

တရုတ် အား လူထု ၏ မကျေမနပ် ဖြစ်နေမှု များ ကို လက်တွေ့ကျကျ ထိတွေ့ ဆက်ဆံသွားမှု နှင့် ထိန်းညှိ လုပ်ဆောင် သွားဖို့ အရေးကြီးသည်ဟု လေ့လာသူ များက အလေးအနက် ပြောဆို လာကြသည်။

 

ဟောင်ကောင် တက္ကသိုလ်ရှိ တွဲဖက် ပါမောက္ခ တဦး ဖြစ်သူ အင့်ဇ် ဟန် မှ တရုတ်၏ မဟာဗျူဟာ သည် စစ်ကောင်စီ ဖြစ်ဖြစ် NUG ဖြစ်ဖြစ် နိုင်ငံတွင်း ရှိ အဓိက ဇာတ်ကောင်များ အားလုံး နှင့် ခွ၍ ဆက်ဆံရေး ထိန်းညှိသွားမည် ဖြစ်သည်ဟု ဗီအိုအေ သို့ ပေးပို့သော အီးမေးတွင် ဖေါ်ပြထားသည်။

 

ဒီမိုကရေစီ အရေး တိုက်ပွဲ ဝင်နေသူ များ အတွက် တရုတ်၏ ဒေသတွင်း အကျိုးစီးပွားများနှင့် မြန်မာ ဒီမိုကရေစီ အရေး နှင့် တရားမျှတ မှု ရှိရေး ကြိုးပမ်းနေမှု များ အတွက် မဟာဗျူဟာ မြောက် ချဉ်းကပ် နိုင်ဖို့ စိန်ခေါ်မှု များ ရှိလာနေသည်။

 

တရုတ် အနေဖြင့် ယခုထက်ပို၍ စွက်ဖက်လာမည် ဆိုက မြန်မာပြည်သူများ၏ ဆန့်ကျင်မှု များ နှင့် ရင်ဆိုင်လာရပြီး ပို၍ ‌မုန်းတီးမှုများ နှင့် ရင်ဆိုင်ရမည်သာ ဖြစ်သည်ဟု ဗီအိုအေ ဆောင်းပါးတွင် ဖေါ်ပြထားသည်။

 

ရမ်းဗြဲ ကျွန်းရှိ ကျောက်နီမော် ရွာအား စစ်ကောင်စီ၏ လေကြောင်း မှ တိုက်ခိုက်မှု ကြောင့် အရပ်သား ၄၀ ခန့် သေဆုံးပြီး အိမ်ခြေ ၅၀၀ ခန့် ပျက်စီး သွားခဲ့မှု နှင့် စပ်လျှင်း၍ ကုလမှ သတင်းထုတ်ပြန်ရာတွင် စစ်ကောင်စီ၏ အကြမ်းဖက် လုပ်ရပ်များအား နာမည် တပ် မပြောနိုင်ဘဲ သက်ဆိုင်သူ များ အားလုံး လူသားချင်း စာနာ ထောက်ထားရမည့် ဥပ‌ဒေများ လိုက်နာကြဖို့ ဖေါ်ပြထားသည်။

 

အာရက္ခ တပ်တော်သည် ယခုအခါ ဧရာဝတီ တိုင်း ‌ပုသိမ်မြို့နယ် အတွင်းရှိ ရွှေသောင်ယံ အနီးရှိ ရဲစခန်းကို စတင် သိမ်းယူ လိုက်ခြင်းဖြင့် စတင် ထိုးစစ် ဆင်လာပြီ ဖြစ်သည်။

 

When the sword is once drawn, the passions of men observe no bounds of moderation.

 

ဓါးကို ဓါးအိမ်မှ ဆွဲထုတ်ပြီးသည့် အခါတွင်တော့ မည်သူမှ အလျော့ပေးလိုစိတ် မရှိတော့။

 

Alexander Hamilton

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!