အာရက္ခ တပ်တော် ၏ ကြေညာချက် အပေါ် လေ့လာသူ တို့ အမြင်

by Hla Soewai - Jan 06 2025

ရခိုင် ပြည်နယ် အတွင်း မြို့သုံး မြို့မှ လွဲ၍ ကျန် မြို့ကြီး မြို့ငယ်များ အားလုံး ကို သိမ်းယူ ခဲ့ပြီး ဖြစ်သည့် အာရက္ခတပ်တော်သည် နိုင်ငံရေး အရ ‌ဖြေရှင်းရန် အသင့်ရှိသည်ဟု သဘောထား ကြေညာချက် ကို ထုတ်ပြန်လာခဲ့သည်။

 

ယခင်က ဟိုင်ဂင် သဘောတူညီချက် ကို ရှမ်းမြောက်ဒေသ သာ အကျုံးဝင်သည်ဟု ဆိုကာ ထိုးစစ်ကို မရပ်မနား ဆင်နွှဲလာခဲ့သော်လည်း ယခု ပြန်လည် ထည့်သွင်း ပြောဆိုလာပြီ ဖြစ်သည်။

 

ထိုသို့ အထင်အရှား ထည့်သွင်း ပြောဆိုလာခြင်းကပင် ULA/AA တို့၏ နိုင်ငံရေး ပါးနပ် မှု ပင် ဖြစ်သည်ဟု မြန်မာ အရေး လေ့လာ သုံးသပ်နေသူ ဒေးဗစ် မက်သီဆန်က ပြောကြောင်း မြန်မာနောင်း တွင် ဖေါ်ပြလာသည်။

 

AA သည် ကျိုးကြောင်း ဆင်ခြင်မှု အပြည့် ရှိသော အဖွဲ့ ဖြစ်ပြီး တရုတ် နှင့် သာ မက အိမ်နီးချင်း နိုင်ငံများ နှင့် ပါ အပေးအယူ လုပ်ရန် အသင့် ရှိသည် ကို အချက်ပြ လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

 

ဆိုလိုသည်က ရခိုင်ပြည်နယ် အတွင်း တရုတ် နှင့် ပြည်ပ နိုင်ငံများ မျက်စိကျလောက်သည့် ရင်းနှီးမြုပ်နှံ မှု များ ရှိနေသည်။ ထိုလုပ်ငန်း များ အားလည်း ဆက်၍ လုပ်ကိုင် သွားနိုင်ရန် အပြည့်အဝ ကာကွယ်ပေးသွားမည်ဟု လည်း ကတိပြုချင်းမျိုး ဖြစ်သည်။

 

ရခိုင်ပြည်နယ် လူထု အတွက် လက်ရှိ ‌အစားအသောက်၊ ဆေးဝါး နှင့် အခြား မရှိမဖြစ် လူသုံး ကုန်ပစ္စည်းများ ပိတ်ဆို့ ခံနေရသည်။ ထို့ပြင် အကြမ်းဖက် စစ်တပ်၏ ဗုံးကြဲ တိုက်ခိုက်နေခြင်း၊ ရိုဟင်ဂျာ များ နှင့် စိတ်ဝမ်းကွဲအောင် ဖန်တီးပြီး ၎င်းတို့၏ ရန်သူ ဖြစ်ခဲ့သော အကြမ်း ဖက် အဖွဲ့များ အား ခေါ်ယူ လေ့ကျင့် ပေးနေမှု များ ဖြစ်ပေါ်နေသည်။

 

နိုင်ငံတွင်းရှိ လေ့လာသုံးသပ်သူများကမူ တိုက်ပွဲများ ရပ်ဆိုင်းသွားမှသာ နိုင်ငံရေး အရ ဆွေးနွေးမှု ဖြစ်လာနိုင်သည်ဟု သုံးသပ်နေကြသည်။

 

ရှမ်းမြောက် ဒေသ တွင် MNDAA က တဖက်သတ် အပစ်ရပ်စဲထားရသည်ကို ကြည့်က အောင်မြင်နိုင်ဖို့ အလားအလာ မရှိဟု ထောက်ပြခဲ့ကြသည်။

 

AA သည် လက်ရှိ အ‌နေအထားကို အသိအမှတ် ပြုပြီး ပိတ်ဆို့ထားမှု များ ပြန်ဖွင့် ‌ပေးရန် တောင်းဆိုဖွယ် ရှိနေသည်၊ ထိုသို့ အသိအမှတ် ပြုမည် ဆိုက စစ်တပ်သည် နိုင်ငံ၏ အချုပ်အခြာ အာဏာကို ကာကွယ် နိုင်စွမ်း မရှိတော့ဟု ဝန်ခံလိုက်ရာ ရောက်သွားတော့မည် ဖြစ်သည်။

 

ဧရာဝတီ လမ်းကြောင်းသည် ရခိုင်ပြည်နယ် အား ပိတ်ဆို့ထားမှု ကို ဖေါက်ထွက် နိုင်ရေး အတွက် အရေးပါနေသည်။ ကျောက်ဖြူသည် တရုတ် ရင်းနှီးမြုပ်နှံမှု များ ရှိနေ၍ တရုတ် ပိုင် မြို့တမြို့လို ဖြစ်နေသည်။ မာန်အောင်သည်လည်း ကမ်းရိုးတန်း အလွန် ကျွန်းမြို့လေး ဖြစ်နေပြီး၊ စစ်တွေတွင် အိမ်နီးချင်း နိုင်ငံ အချို့၏ ကောင်စစ်ဝန် ရုံးများ ရှိနေသည်။

 

AA သည် စစ်အာဏာရှင် စနစ် ချုပ်ငြိမ်းသွားမှသာ ၎င်းတို့ ရခိုင်ပြည်နယ်အား ပြန်လည် တည်‌ ဆောက် နိုင်စွမ်း ရှိမည် ဖြစ်၍ အဆုံးအထိ တော်လှန်ရေး တွင် ပူးပေါင်းလာဖွယ် ရှိနေသည်ဟုလည်း သုံးသပ်နေကြသည်။

 

အနောက်အုပ်စုသည် ပွဲကြည့် ပရိသတ် လုပ်နေသဖြင့် AA သည် သံတမန်ရေး အရ ဖြေရှင်းနိုင်ရန် ဘီဂျင်းကို အချက်ပြလိုက်ခြင်းလည်း ဖြစ်၍ ၎င်းတို့ မည်မျှ အတိုင်းအတာ အထိ စစ်ခေါင်းဆောင်များ အပေါ် ဩဇာ လွှမ်းနိုင်မည်ကို စောင့်ကြည့်ရဦးမည်ဟု လည်း ဆိုသည်။

 

အာရက္ခ တပ်တော်သည် နိုင်ငံ အနောက်ခြမ်းတွင် မည်သို့မျှ လျစ်လျူရှု၍ မရနိုင်တော့သည့် အင်အား တရပ် အဖြစ် ပေါ်ထွက်လာပြီ ဖြစ်၍ ဘင်္ဂလားဒေ့ရှ် နှင့် အိန္ဒိယ တို့ အနေဖြင့် အသိအမှတ် မပြုသည့် တိုင် မဖြစ်မနေ ဆက်ဆံဖို့ လိုအပ်လာနေပြီ ဖြစ်သည်ဟု ထိုနိုင်ငံများ ရှိ သတင်းစာ များက ရေးသား တောင်းဆိုလာနေပြီ ဖြစ်သည်။

 

၂၀၁၆ တွင် ဖွဲ့စည်းခဲ့သော ရခိုင်ပြည်နယ် အရေး အကြံပေး ကောင်စီ အဖွဲ့ဝင် တဦး ဖြစ်သော မြန်မာ နိုင်ငံ ဆိုင်ရာ ဒပ်ခ်ျ သံအမတ်ဟောင်း Laetitia van den Assum မှ AA သည် ရိုဟင်ဂျာ များ နှင့် ဆက်ဆံရေး ပြန်လည် တည်ဆောက်ရမည် ဖြစ်သည်။ နိုင်ငံတကာ အနေဖြင့်လည်း ရိုဟင်ဂျာ ပြဿနာ တခုကိုသာ အာရုံ စိုက်မနေဘဲ ရခိုင်ပြည်နယ် တခုလုံး ပြန်လည် တည်ဆောက်ရေး တွင် ပါဝင် ကူညီ နိုင်မှသာ အပြီးအပိုင် ဖြေရှင်း နိုင်မည်ဟု Frontier Myanmar တွင် ရေးသားထားသည်။

 

ထို့သို့သော စကား အသွားအလာအရ AA သည် ရိုဟင်ဂျာ ပြဿနာ အဖြေရှာရေး တွင် နိုင်ငံတကာ မှ လျစ်လျူရှု၍ မရသော အဖွဲ့အစည်း အနေအထားကို အခိုင်အမာ တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်သည်။

 

စစ်အာဏာပိုင်များ အဖို့ လောလောဆယ်တွင် ခံစစ်ကို ပြင်ဆင်နေပြီး ရှေ့လျောက် ဘာဆက်လုပ်ရမည် ဆိုသည် အပေါ် ဝေခွဲမရ ဖြစ်နေသည်။ AA အားထိန်းထားရန် တရုတ် ဖက် လွှဲချထားပြီး ၎င်းတို့ဖက်က နိုင်လိုနိုင်ငြား တိုက်သွားရန် ဆုံးဖြတ်ထားဟန် ရှိသည်။

 

သို့သော် အားကြိုးမာန်တက် တိုက်လို ခိုက်လိုသည့် တပ်သားများက ရှားသည်ထက် ရှားပါးလာနေပြီ ဖြစ်ပြီး ယခု အခါ ဧရာဝတီ စစ်မျက်နှာ သို့ မပို့ရန် ဆိုင်ရာ ပိုင်ရာ များကို အပြေးအလွှား ချဉ်းကပ်နေကြပြီ ဖြစ်သည်။ ပို့ခံရမည့် လူများသည်လည်း ၎င်းတို့ ဖြစ်စေချင်သလို "မဆုပ်တမ်း တိုက်" ဆိုသည်က မရေရာတော့ပေ။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!