တကိုယ်ရေ ပဲနော့ လွမ်းမိသလိုလို

by Hla Soewai - Jan 06 2025

တပ်ချုပ်ကြီး လွမ်းလွမ်းဆွတ်ဆွတ် ကျူးရင့် လိုက်သော ကိုအံ့ကြီး၏ "သုံးရာသီ" သီချင်းသံသည် ကုန်းမြင့်သာယာ တလျောက် တွင် ပျံ့လွင်လာသည်။

 

တကယ်တမ်း တွင် ပျံ့လွင့်လာသည် ဆိုခြင်း မှာ စူးစူးဝါးဝါး ဟု မပြောလို၍သာ ယဉ်ယဉ် ကျေးကျေး သုံးနှုံးလိုက်ခြင်း ဖြစ်သည်။ 

 

တပ်ချုပ် ကြီး အဖို့ သူဆိုသော သီချင်းထဲကလိုပင် ယခုတော့ ဘယ်သူ မှ လက်မခံနိုင်‌ တော့ သည့် အဖြစ်သို့ ရောက်ရှိသွားရပြီ ဖြစ်သည်။

 

လက်ရှိ တွင် ရှမ်းမြောက်၊ ကချင်၊ ကရင်နီ၊ ချင်း၊ ရခိုင် ဒေသများ တွင် အရှုံးကြီး ရှူံးနေရ၍ အားလုံးကလည်း စားပွဲ ကို လက်သီး နှင့် တဝုန်းဝုန်း ထု၍ ဒေါသအိုး ပေါက်ကွဲ နေလောက်ပြီ မည်သို့ မည်ပုံ အပြတ် တိုက်မည်ဟု စစ်ကဲကြီး များ နှင့် စစ်ရုံး တွင် ညလုံး ပေါက် ခေါင်းချင်းဆိုင် ဆွေးနွေး နေ လောက်ပြီဟု ယူဆနေချိန်တွင် သီချင်း လေး တအေးအေး နှင့် ပျော်ပါးနေသည့် အဖြစ်ကို ဗီဒီယို ဖိုင် နှင့် လက်ပူးလက်ကျပ် တွေ့မြင်လိုက်ရသည့် အခါ မည်သူ သည် မအံ့ဩပဲ နေနိုင်အံ့ ပေမည်နည်း။

 

မည်သူ မဆို အလွယ်တကူ သီဆိုနိုင်သော သံစဉ်ကိုပင် ဋ္ဌာန်းကရိုဏ်း ကျအောင် မဆိုနိုင် ဖြစ်နေသည် ကို လည်း အံ့ဩတကြီး ဖြစ်ကြရပြန်သည်။

 

ထိုသို့ ဒေါ်စိန်အေး အမှတ်စဉ် ၁၉ ၏ ၄၇ နှစ်မြောက် အထိမ်းအမှတ် ညစာ စားပွဲ တွင် စည်းဝါးမကျ သီဆိုနေချိန်တွင် အနောက်ပိုင်းတိုင်း စစ်တိုင်း ဦးစီးချုပ် ကျော်ကျော်သန်း၏ လက်အောက်ငယ်သား များ အသက်ကို အလဟသ စ‌ တေး မခံဘဲ အရှုံးကို လက်ခံကြဖို့ စစ်ခေါင်းဆောင်များအား တိုက်တွန်းသည့် ဗီဒီယို ဖိုင် ထွက်ပေါ်လာချိန်လည်း ဖြစ်သည်။

 

မင်းအောင်လှိုင် သည် ယခုအခါ ၎င်းတို့ အစိုးရိမ် ရဆုံး ဖြစ်လာသည့် ဧရာဝတီ တိုင်း တွင် ခံစစ် ပြင်နိုင်ရန် လက်ထောက် ဖြစ်သူ စိုးဝင်းကို စေလွတ်လိုက်ပြီ ဖြစ်သည်။

 

မည်မျှပင် ပြင်ဆင်သည် ဆိုစေကာမူ အခြေ အနေ မကောင်းက နောက်ထပ် ရိက္ခာ၊ စစ်ကူ လွှတ်နိုင်မည် မဟုတ်ဆိုသည်ကိုလည်း ဗိုလ်မှုးချုပ် ကျော်ကျော်သန်း၏ ညည်းညူ ဝန်ခံချက်များ အရ အားလုံးက ရိပ်စားမိနေပြီ ဖြစ်သည်။

 

သို့သော် အာရက္ခ တပ်တော်သည် ‌ဒုတိယ ကမ္ဘာစစ် အတွင်း မဟာမိတ် တပ်များ ဥရောပ ကုန်းမြေ ကြီး အား မည်သည့် နေရာမှ ထိုးဖေါက် ဝင်ရောက်မည် ဆိုသည်ကို ဟစ်တလာ အငိုက်မိသွားအောင် လှည့်စား ခဲ့သလို မျိုး သေချာပေါက် စီစဉ်ထားမည် သာ ဖြစ်သည်။

 

၎င်း၏ သီချင်းသံ ကို ကြား၍ လောမသိ၊ မန်စီ တိုက်ပွဲ တွင် ခမရ ၃၁၉ တပ်ရင်းမှုး ကိုယ်လွတ်ရုံး ထွက်ပြေးသွားပြီဟု ကချင် လွတ်လပ်ရေး တပ် ပြောခွင့်ရ ဗိုလ်မှုးကြီး နော်ဘူးက အတည်ပြု ပြောကြားချက် ထွက်ပေါ်လာခဲ့သည်။

 

လက်ရှိ စစ်မြေပြင်ရှိ အရာရှိ ကြီးငယ်အားလုံး ခေါင်းဆောင် ဖြစ်သူ သည် မည်သို့မျှ ယုံစား၍ မရ၊ သုံးစား၍ မရ၊ ဗေဒင် ယတြာ သာ အားကိုးရတော့မည် ဆိုသည်ကို တနေ့တခြား သဘောပေါက်လာပြီ ဖြစ်၍ အားလုံးက တိုက်လို့ရသ‌ လောက် အတိုက်ပြပြီး ကျဉ်းထဲ ကျပ်ထဲ ရောက်လာလျင် မည်သို့ ကိုယ်လွတ်ရုန်း ပြေးရမည် ဆိုသည်ကို စီစဉ်ထားကြပြီး ဖြစ်သည်။

 

ယခုအခါ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် တောင်းဆိုမှု များ ကို ဗြိတိန်ရှိ ပါလီမန် အမတ်များက ဦးစီးဦးဆောင် ပြုလာပြီး လန်ဒန် ရှိ The Independent သတင်းစာကြီးမှ Cancelled: The rise and fall of Aung San Suu Kyi သတင်းကားကြီး ကို ရိုက်ကူး ထုတ်လွှင့်လာပြီး သူမ လွတ်မြောက်ရေး အတွက် လှုပ်ရှားလာခဲ့သည်။

 

မင်းအောင်လှိုင်သည် တရုတ် အကြိုက် ရွေးကောက်ပွဲ လုပ်ပြီးက ပေးမည်ဆိုသော ဒေါ်လာ တစ်ဘီလီယံ အကူအညီများ ရတော့မည်၊ ကျဉ်းထဲ ကျပ်ထဲက ရုန်းထွက် နိုင်တော့မည် ဟု တွက်ဆနေပုံရသည်။

 

သို့သော် ပြဿနာက ထိုအချိန်အထိ ၎င်း အတွက် အသေခံ၍ တိုက်ခိုက်ပေးမည့် အမြှောက်စာ cannon fodder များ ရှိနေဦးမည်လော ‌ဆိုသည်ပင် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မု ချ အောင်ရမည်!!!