စစ်ခေါင်း ဆောင် မင်းအောင်လှိုင်၏ ဇနီး ဖြစ်သူသည် ၎င်း၏ ဇာတိမြေသိူ့ မည်သို့ မျှ ပြန် ခြေချ ခွင့် ရတော့မည် မဟုတ်သည့် အပြင် သူ မ မွေးဖွား ကြီးပြင်းခဲ့ရာ နိုင်ငံတွင် ပင် ခေါင်းချ နိုင်ပါဦးမည်လော၊ ခင်ပွန်း ဖြစ်သူ ၏ နောက်လိုက် နောက်ပါ များက ဘယ်အချိန်လာပြီး ရာထူးမှ ဆင်းပေးရန် တောင်းဆိုလာကြမည်နည်း၊ အသာတကြည် ပြောလာလျင် တော်ပေးသေး၊ အကြမ်းဖက်လာက ကိုယ်ကျိုး နဲရချည် ရဲ့ အစရှိသဖြင့် ပူပန်လာနေသည် ကို "အမျိုးသား အားကစား ပွဲတော်" ပိတ်ပွဲတွင် သူမ၏ မျက်နှာနှိုက် အတိုင်းသား တွေ့မြင်လာခဲ့ရသည်။
ခင်ပွန်း ဖြစ်သူ လည်း မျက်နှာ မကောင်းလှသည့် အပြင် သူမ ကိုယ်တိုင်လည်း ပုဝါ နှစ်ဖက် စုံချကာ ပွဲနေပွဲထိုင် အဝတ်အစား မျှပင် မဝတ်ဆင် နိုင်ရှာတော့ဘဲ မီးဖိုချောင်မှ ထွက်ပြီး လိုက်လာသလားဟု ပင် ထင်မှတ်ရသည့် ပုံမျိုး တွေ့ခဲ့ရသည်။ ယခင် ဖွင့်ပွဲ အခမ်းအနားတွင် ၎င်း၏ သစ္စာခံ တပ်သားများ အသက် နှင့် လဲပြီး စခန်း များကို ကြံ့ကြံ့ခံ ခုခံ ကာကွယ်နေချိန်တွင် အားကစား ပွဲတော် ဖွင့်ပွဲ ဆိုကာ ပျော်ရွှင် မြူးတူး နေကြ၍ တပ်တွင်း တွင် အပြင်းအထန် ဝေဖန် ခံခဲ့ရ၍ နောက်တွန့်သွားခဲ့ပုံရသည်။
အံ့ဩဖို့ ကောင်းနေသည်က နောက်လိုက်နောက်ပါ ကတော်များလည်း ၎င်းကဲ့သို့ပင် ပုဝါ ခြုံကြခြင်း မရှိ၊ အခြေ အနေကို ရိပ်စားမိ၍ ပုဝါ များ ပိုက်ဆံအိတ်ထဲ ခေါက်သိမ်း ထားကြခြင်းပင် ဖြစ်မည်။ မျက်နှာလည်း မကောင်းကြ၊ အသံပင် မထွက်ရဲ ဖြစ်နေသည်ကို ဓါတ်ပုံထဲတွင် အတိုင်းသား တွေ့မြင်နေကြရသည်။
၎င်းတို့ အုပ်ချုပ်နေခြင်း ကို အောင့်အီး သည်းငြည်း ခံနေရသော ပြည်သူများ အဖို့ လည်း နိုင်ငံ အနှံ့ ဖြစ်ပွား နေသော ပြည်တွင်း စစ် မီး ကြီး ခံစားနေရသည် ဒဏ်၊ စီးပွားရေး နှင့် အတူ ငွေကြေး စနစ်လည်း ပြိုလဲလုမတတ် ဖြစ်လာနေသည်ကို ခါးစီး ခံနေရသည့် အဖြစ် ကို အားနာရကောင်းမှန်း မသိပဲ ၎င်းတို့၏ ရင်သွေး လူငယ် လူရွယ် လေးများကို အိမ်ပေါ်မှ ဆွဲချ၊ လမ်းပေါ်မှ ဆွဲခေါ်ကာ စစ်မြေပြင် သို့ တွန်းထိုး လွှတ်ကာ မအောင်မြင်သော စစ်ပွဲ တွင် အောင်မြင်လို အောင်မြင်ငြား အသေခံ ခိုင်းနေပြီ ဖြစ်သည်။
ထို မတိုင်မီ ကလည်း တိုးတက်နေသော စီးပွားရေး၊ လူမှုရေး အနေအထား များ ကြောင့် ၎င်းတို့အဖို့ အာဏာနှင့် ကွာလှမ်းလာတော့မည့် အရေးကို စိုးရွံလာပြီး နိုင်ငံတကာ နှင့် ထိတ်တိုက် တွေ့လာရမည့် ပြဿနာ ကြီးကို ဖန်တီးလာသည်။
ယင်းသည်က နယ်ခြားစောင့် ရဲကင်းများကို ARSA အဖွဲ့ မှ စီးနင်း တိုက်ခိုက်ခဲ့သည်ဆိုကာ ၂၀၁၇ အတွင်း ရိုဟင်ဂျာ ထောင်ပေါင်းများစွာ အား သတ်ဖြတ်ခဲ့ပြီး လူပေါင်း ၇၄၀,၀၀၀ ခန့် အိုးပစ်အိမ်ပစ် ထွက်ပြေးသွားကြရသည် အထိ လက်စွမ်းပြခဲ့ကြသည်။
၎င်းတို့၏ လုပ်ရပ်များ အပေါ် တာဝန်ခံမှု ရှိလာစေရန် နိုင်ငံတကာ တရားရုံးများ မှတဆင့် ဖြေရှင်းရန် ကြိုးစားခဲ့ကြသော်လည်း ထိထိရောက်ရောက် မရှိခဲ့ဘဲ နောက်ဆုံးတွင်မှ နိုင်ငံတကာ ရာဇဝတ်မှု ဆိုင်ရာ တရားရုံး မှ မင်းအောင်လှိုင်အား ဖမ်းဝရမ်း ထုတ်တော့မည် အထိ ဖြစ်ခဲ့ရသည်။
ထိုအကြောင်း နှင့် ပတ်သက်၍ ဩစတေးလျ တောင်ပိုင်း တက္ကသိုလ်မှ မြန်မာ အရေး လေ့လာသူ ပါမောက္ခ နှစ်ဦး ဖြစ်သည့် Juliette McIntyre နှင့် Adam Simpson တို့ မှ "Legal noose tightens on Myanmar Junta" ခေါင်းစဉ် ဖြင့် East Asia Forum တွင် ဆောင်းပါး ရေးသားလာခဲ့သည်။
နိုဝင်ဘာ ၂၇ ရက် နေ့တွင် အိုင်စီစီ ရှေ့နေချုပ် ဖြစ်သူ ကာရင် ခန် မှ မင်းအောင်လှိုင်အား ၂၀၁၇ အတွင်း ရိုဟင်ဂျာ များ အား သတ်ဖြတ် မောင်းထုတ်ခဲ့သည့် လူမဆန်သော ရာဇဝတ်မှု များ အတွက် ဖမ်းဝရမ်း ထုတ်ပေးရန် တရားခွင် ရှေ့ပြေး Pre-trial အဖြစ် ရုံးတင်သင့် မတင်သင့် ဆုံးဖြတ်ပေးရမည့် သုံးဦးပါ တရားသူကြီး အဖွဲ့ကို ဦးတိုက်လျောက်ထားလာသည်။
အဆိုပါ တရားသူကြီး သုံးဦးပါ တရားခွင် အကြို စီစစ်ရေး ကော်မတီမှ ၂၀၁၉ တွင် ရှေ့နေချုပ်အား စတင် စုံစမ်းစစ်ဆေးရန် တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် မြန်မာသည် ရောမ စာချုပ် အား လက်မှတ်ထိုးထားခြင်း မရှိ၍ တရားစီရင် ပိုင်ခွင့် မရှိ၍ စုံစမ်းပိုင်ခွင့်သည် စာချုပ် အဖွဲ့ဝင် နိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ် အား ထိခိုက်နစ်နာစေမှု များကိုသာ ကန့်သတ်ခဲ့ရသည်။ မြန်မာ နှင့် ပတ်သက်၍ စုံစမ်းရန် လုံခြုံရေး ကောင်စီမှ လွှဲအပ်မှသာ လုပ်ပိုင်ခွင့် ရှိနေသည်၊ ထိုသို့ ဖြစ်လာရန်လည်း ရုရှား နှင့် တရုတ် တို့ က ဗီတို အာဏာ စွဲကိုင်ထား၍ အခက်တွေ့နေရသည်။
ရှေ့နေချုပ် သည် ၎င်းအား ပေးအပ်ထားသော လုပ်ပိုင်ခွင့်အရ စုံစမ်းစစ်ဆေးရာတွင် မင်းအောင်လှိုင်သည် ရိုဟင်ဂျာ များအား ၂၀၁၇ ဩဂုတ် ၂၅ ရက် မှ ဒီဇင်ဘာ ၃၁ ရက် အကြား လူသားများ အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု မြောက်သည်ဟု ပြစ်မှု ထင်ရှား၍ ဖမ်းဝရမ်းထုတ်ရန် လျှောက်ထားလာခြင်း ဖြစ်သည်။
ဖမ်းဝရမ်း ထွက်လာသည့် အခါတွင်တော့ အဖွဲ့ဝင် ၁၂၅ နိုင်ငံသည် စာချုပ်ပါ ပုဒ်မ ၅၉ အရ မင်းအောင်လှိုင်အား ဖမ်းဆီးပြီး ဟေ့ဂ် ရှိ အိုင်စီစီ တရားရုံးချုပ်သို့ လွှဲ ပြောင်းပေးရန် တာဝန် ရှိလာပြီ ဖြစ်သည်။
ပူတင် နှင့် နာသန်ယာအူး အား ဖမ်းဝရမ်းထုတ်ထားသော်လည်း ၎င်းတို့နှင့် မိတ်ဆွေ နိုင်ငံများ ရှိနေ၍ ဖမ်းချင်မှ ဖမ်းပေးမည် ဖြစ်သော်လည်း မင်းအောင်လှိုင် အဖို့ က ၎င်းအား ထောက်ထားစရာ မျက်နှာမရှိ၊ ၎င်း၏ ပြည်ပ သွ့ားနိုင်ခွင့်သည်လည်း များများစားစား မရှိ ဖြစ်နေသည်။ အနောက်နိုင်ငံများ နှင့် ၎င်းတို့၏ မဟာမိတ်များက နကိုကတည်းက လာခွင့် မပြုဟု ကန့်သတ်ထားပြီး ဖြစ်သည်။
အရှေ့တောင် အာရှ တွင် စင်္ကာပူ၊ အင်ဒိုနီရှားကဲ့သို့ ရောမ စာချုပ်ဝင် နိုင်ငံများ ရှိနေသည်၊ ထိုင်း သည် လွှတ်တော်မှ အတည်ပြုဖို့ ကျန်နေသည်။ လောလောဆယ် တွင် မင်းအောင်လှိုင်အား ဖမ်းဝရမ်း ထွက်လာခဲ့လျင်ပင် ထိရောက်မှု ရှိမည် မဟုတ်သော်လည်း ရိုဟင်ဂျာ များ အား လူမျိုးတုန်း သတ်ဖြတ်ခဲ့မှု ကြီး က တရားဥပဒေ လက်တံကြီးက အမြဲလို ရစ်ဝဲနေမည်သာ ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!