တရုတ် ၏ နိုင်ငံ ဖွံ့ဖြိုးရေး အတွက် ချဉ်းကပ် ဆောင်ရွက်ပုံ ဆောင်ရွက်နည်းအား မှားသည် မှန်သည်ဟု အတိအကျ သုံးသပ် ဖို့ ခဲယဉ်းနေသော်လည်း ယခု အထိ အနေအထားက သိသိသာသာ တိုးတက် ကောင်းမွန်နေဆဲပင် ဖြစ်သည်။
သို့သော်လည်း နိုင်ငံရေး လွတ်လပ်ခွင့်၊ ပတ်ဝန်းကျင် ထိန်းသိမ်းနိုင် မှု၊ လူ အဖွဲ့အစည်း တွင် သားသမီး လိုခြင်သလောက် ရယူ နေထိုင် နိုင်သည့် အခွင့် အရေးများ အစရှိသည် တို့ ဆုံးရှူံးခဲ့ကြရသည်၊ အိုမင်းမစွမ်း ရှိလာသည့် သက်ကြီးရွယ်အို များကို စောင့်ရှောက် နိုင်မည့် အလုပ်လုပ်နိုင်စွမ်း အရွယ်ရှိ အမျိုးသား အမျိုးသမီးများ လုံလုံလောက်လောက် မရှိတော့သည့် အဖြစ် နှင့် ကြုံလာရသည်။
ထို့အပြင် လုပ်ရည်ကိုင်ရည် ပိုင်းတွင်လည်း အကြီးအကျယ် ချို့ယွင်းမှု များ ရှိနေ၍ ငွေအမြောက်အမြား ယိုဖိတ်နေသည့် အပြင် အကျင့်ပျက် ခြစားမှု များသည်လည်း နေရာ အနှံ့တွင် ရှိနေပြန်သည်။
တောင်ကိုရီယား ကဲ့သို့ အခြား နိုင်ငံ အမြောက်အမြား သည်လည်း ဈေးကွက် ဦးစားပေး စီးပွားရေး စနစ် မျိုးဖြင့် ရှေ့မှ ပြေးနေသည်။ စီးပွားရေး သံသရာ ၏ အတက်နှင့် အကျ မရေရာ မှု များ နှင့် ကြုံတွေ့လာရမည့် အဖြစ်ကို လိုလိုလားလား လက်ခံခဲ့ကြသည်၊ ထို့အတွက် စီးပွားရေး တိုးတက်မှု နှုန်း မြင့်မားခဲ့သည့် အကျိုး ကျေးဇူး များ ခံစားကြရသည့် အပြင် အစိုးရ၏ နိုင်ငံရေး အရ လွှမ်းမိုးလာမည့် အရေးကိုလည်း ကန့်သတ်ထားနိုင်ခဲ့သည်။ အကြီးအကျယ် ဖြစ်ပေါ်လာနိုင်သည့် လဒ်ပေး လဒ်ယူ မှု များ ကို လျော့ချ ပစ် နိုင်ခဲ့သည်။ လွဲမှားသော ဗဟို ချုပ်ကိုင်မှု စီးပွားရေး စနစ်မှ ပေါ်ထွက်လာမည့် စွမ်းဆောင်ရည် မဲ့လာမှု များကိုလည်း ကာကွယ်ထားနိုင်ခဲ့သည်။
ပြည်ပ အကူအညီများ ယူ၍ ဖွံ့ဖြိုးလာရန် ဆောင်ရွက် မှု အပေါ် ကာလ ကြာမြင့်စွာကပင် အခြေအတင် ပြောဆို ဆွေးနွေးခဲ့ကြသည်။ ဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက် အကူအညီ ရယူရေး နှင့် ပတ်သက်၍ အမျိုးအစား ခွဲခြား ရန် မရှိမဖြစ် လိုအပ်လာသည်။
လူသားချင်း စာနာ မှု ဖြင့် လိုအပ်သည်များကို ပေးသော အကူအညီများ၊ ဆိုလိုသည်က သဘာဝ ဘေးအန္တရာယ် ကျရောက်ခဲ့ခြင်းကြောင့် ပြန်လည် နာလန်ထူဖို့ လိုအပ်ချက်များ၊ ဒုက္ခသည်များ ကူညီ စောင့်ရှောက်ရေး၊ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု အတွက် လိုအပ်ချက်များ၊ အစာရေစာ ငတ်မွတ်ခေါင်းပါးမှု အား ကာကွယ်ရန် ကူညီပေးခြင်း၊ မဟာဗျူဟာအရ အရေးပါသည်ဟု ယူဆထားသော မဟာမိတ် နိုင်ငံများအား စစ်သင်တန်း ပေးခြင်း၊ လက်နက်များ လွှဲပြောင်းပေးခြင်း၊ အထွေထွေ လိုအပ်ချက်များ အတွက် ပံ့ပိုးပေးခြင်း တို့ ဖြစ်သည်။
ရံပုံငွေများ ပံ့ပိုးပေးရာတွင် သတ်မှတ်ထားသော စီမံကိန်းများ အတွက် သီးသန့်ပေးခြင်း၊ လူများထံ တိုက်ရိုက် လွှဲပြောင်းပေးခြင်းမျိုး ပြုလုပ်လေ့ရှိသည်။ ကျွနုပ်တို့ သိထားသည်မှာ ပညာရေး အတွက် ပေးသော အကူအညီများသည် အကျိုး ဖြစ်ထွန်းသည် ဆိုသည်ပင် ဖြစ်သည်။ အထူးသဖြင့် မိန်းကလေးများ၊ အမျိုးသမီး များ ၏ ပညာရေး ပိုင်းတွင် ဖြစ်သည်။
စာမတတ်သူ အရည် အတွက် လျော့နည်းလာပြီး လုပ်ခွင် ကျွမ်းကျင်မှု ရှိလာသည် နှင့် အမျှ ကိုယ်ဝန်ဆောင် မှု လျော့ကျလာမည် ဖြစ်သည်။ ရင်သွေးများ၏ ကျန်းမာရေး တိုးတက် ကောင်းမွန်လာနိုင်ပြီး၊ လုပ်ငန်းခွင်များသို့ ဝင်ရောက်လာနိုင်မှု ကြောင့် အသေးစား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးလာနိုင်သည်။
လေ့လာ တွေ့ရှိချက်များအရ ကျန်းမာရေး စောင့်ရှောက်မှု တိုးတက်လာရန် နှင့် လျပ်စစ်ဓါတ်အား များ သုံးစွဲခွင့် ရရန် ရည်ရွယ်သော အကူအညီမျိုးသည် အသုံးဝင်ကြောင်း သိရှိလာခဲ့သည်။
ထိုသို့သော အခြေခံ လိုအပ်ချက်များကို တိုက်ရိုက်ဖြေ့ ဆည်း ပေးသော အကူအညီများအား အကျိုးရှိစေရန် ဂရုတစိုက် စောင့်ကြည့်သွားခြင်းမျိုး နှင့် ပေါင်းစပ်နိုင်မည် ဆိုလျင် အကောင်းဆုံး ဆောင်ရွက် ပေးခြင်းမျိုး ဖြစ်လာပေလိမ့်မည်။
ထိုသို့ မဟုတ်ဘဲ မလောက်မင နှင့် ပေးသော အကူအညီ မျိုး ဆိုက ထိရောက်မှု မရှိဘဲ အကျင့်ပျက် ခြစားမှု မျိုး ဖြစ်အောင် ဖန်တီးပေးသလို ဖြစ်သွား နိုင်ပေသည်။ ထို့ပြင် ပကာသန ဆန်သည့် စီမံကိန်း များ သည်လည်း ငွေများ ဖြုန်းတီးပစ်သည် နှင့် အတူတူပင် ဖြစ်သည်။
ဖွံ့ဖြိုးလာသော နိုင်ငံများ သည် အဓိကအားဖြင့် မည်သို့သော အရာများသည် အကျိုး ရှိမည်ဟု ခန့်မှန်းနိုင်စွမ်း ရှိနေကြသည်။
ကုမ္ပဏီများ အားလည်း ၎င်းတို့ ပိုင်ဆိုင်ထားသည်များကို မထင်လျင် မထင်သလို သိမ်းဆည်းမည် မဟုတ် ဟု ယုံကြည်မှု ရှိလာအောင် လုပ် ပေး နိုင်ခဲ့သည်။ ၎င်းတို့ ထုတ်လုပ်သော ကုန်စည်များအားလည်း ဈေးကွက် တင်ပြီး ရောင်းချ နိုင်စွမ်း ရှိယုံမက ရရှိသော အမြတ်ငွေများကိုလည်း ၎င်းတို့ နိုင်ငံများ အားလည်း ထိုက်သင့်သလို ပြန်လည် လွှဲပေး နိုင်ခွင့်လည်း ရှ်ကြသည်။
ဖွံ့ဖြိုးမှု သည် နိုင်ငံတည်ငြိမ်မှု ရှိရမည် ဆိုသော ဘောင် အတွင်းမှသာ ရှေ့သို့ ခရီးဆက် နိုင်မည် ဆိုသည်ကလည်း အမှန်ပင် ဖြစ်သည်။ ဆိုလိုသည်က နိုင်ငံရေး တည်ငြိမ်မှု၊အစိုးရ ကောင်း ရှိနေမှု နှင့် လုံခြုံစိတ်ချစွာ နေထိုင်လုပ်ကိုင်နိုင်မှု ရှိနေခြင်းတို့ပင် ဖြစ်သည်။ ထိုသို့ သော အကြောင်းခြင်းရာ များ ကင်းမဲ့နေမည် ဆိုက စီးပွားရေး တိုးတက်လာဖို့ အတွက် တွန်းထိုး ရုန်းကန်နေရမည်သာ ဖြစ်သည်။
လူများသည် ကျောင်းများ၊ အလုပ်များ၊ ဈေးများသို့ စိတ်ချ လက်ချ သွားနိုင်စွမ်း ရှိနေရမည် ဖြစ်သည်။
ပဋိပက္ခများ ရှိနေမည်ဆိုက စီးပွားရေး လုပ်ငန်းများ ထိခိုက်လာပြီး ရင်းနှီးမြုပ်နှံလိုသူများ နှင့် ကမ္ဘာလှည့် ခရီးသွား များ ဝေးဝေးက ရှောင်ကြမည်လည်း ဖြစ်သည်။
ဤနေရာတွင် မှတ်သားစရာ ကောင်းသည်က ပြည်တွင်း ပဋိပက္ခများ ကာလကြာမြင့်စွာ ပြင်းပြင်းထန်ထန် ဖြစ်ပျက်နေသော ဆီရီယား နှင့် လစ်ဗျား တို့တွင် လူသား များ ဖွံ့ဖြိုးတိုးတက်မှု အညွှန်းကိန်းသည် မကြာမီနှစ်များ အတွင်းက ကျဆင်းသွားခဲ့မှု ပင် ဖြစ်သည်။