Missing in Action (MIA)

by Hla Soewai - Dec 16 2024

ရခိုင်၊ ချင်း၊ ကချင် ‌ဒေသများ တွင် စစ်ကောင်စီ တပ်သားများ ၄၇၀ ခန့် ကျဆုံးကာ ခွက်ခွက်လန် အောင် ရှုံးနေသည်၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ အင်အားများစွာ ဖြည့်တင်းထားသော နယ်ခြား စခန်းကြီး အားလည်း လက်လွှတ်လိုက်ရပြီး ၎င်း၏ စစ်ကဲကြီး ဗိုလ်မှုး ချုပ် အဆင့် ရှိသူပင် နေပူကျဲကျဲတွင် လက်နောက်ပြန် ကြိုး တုတ်ခံရပြီး အာရက္ခ စစ်ကဲကြီးများ ရှေ့တွင် ဒူးထောက် ထိုင်နေရသည့် ပုံ သည် ဆိုရှယ် မီဒီယာ များ တွင် တောမီးလို တဟုန် ထိုး ပျံ့ နှံ့လာခဲ့သည်။

 

ချင်းညီနောင် အဖွဲ့သည် မင်းတပ်ရှိ ခလရ ၂၇၄ တပ်ရင်း ဌာနချုပ်ထဲထိ ထိုးဖောက်တိုက်ခိုက်ကာ မင်းတပ်ကို သိမ်းယူလိုက်ပြီ ဖြစ်သည်။

 

ကရင် ပြည်နယ် ဖာပွန် ခရိုင်ရှိ လက်နက်ကြီး အခြေစိုက် စခန်းများ ဖြစ်သည့် တောင်သုံးလုံး နှင့် ဆင်စွယ် တပ်စခန်းများအား ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA) က သိမ်းပိုက် နိုင်ခဲ့ ပြန်သည်။

 

ကချင် တော်လှန်ရေး တပ်များသည်လည်း တရုတ်တို့၏ ဖိအားကို ကြံ့ကြံ့ခံကာ ဗန်းမော်၊ မန်စီ မြို့များအား အပြင်းအထန် ထိုးစစ်ဆင်နေပြီ ဖြစ်သည်။

 

မန္တလေး PDF တပ်များသည် ၎င်းတို့ ထိန်းချုပ်ထားသည့် မတ္တရာ အရှေ့ခြမ်းမှ အနောက်ခြမ်းသို ဝင်ရောက် တိုက်ခိုက်လာပြီ ဖြစ်သည်။

 

မိမိတို့အား ရန်သူလို ဆက်ဆံနေသော စစ်အာဏာရှင်များ ထိုသို့ နေ့စဉ် ရက်ဆက် ကျရှုံးနေသည့် အဖြစ်ကို မည်သူသည် ဝမ်းမသာ ဘဲ နေနိုင်အံ့ပေမည်နည်း။

 

တဖက်တွင်လည်း ၎င်းတို့ကို ထောက်ခံနေကြသူများ အကြားလည်း စိတ်ဓါတ် တဟုန်ထိုး ကျဆင်းသွားခဲ့ရသည်။ မင်းအောင်လှိုင်သည် မှုစရာ မလို ဆိုသည့် အသွင်မျိုး စိတ်ဓါတ်စစ်ဆင်ရေး ဖြင့် ပွဲလမ်းသဘင်များဖြင့် အကြောင်း အမျိုးမျိုး ပြ ဖုံးဖိရန် ကြိုးပမ်းလာခဲ့သည်။ မကြာမီက မင်းအောင်လှိုင် နှင့် အ‌ ပေါင်း အပါများ သည် နေပြည်တော် ရှိ အမျိုးသား အားကစား ပွဲတော် တွင် လက်ခုပ်လက်ဝါး တီးကာ ပျော်ရွှင် မြူးတူး နေကြသည်။ ၎င်းတို့ အတွက် အားမကိုးချင်လည်း အားကိုးနေရသည့် missing in action MIA စစ်ခေါင်းဆောင်ကြီး အား ကြည့်၍ စိတ်ဓါတ် များသည် ကုန်းကောက်စရာ မရှိအောင် ဖြစ်ကုန်သည်။ 

 

အောက်မြန်မာ နိုင်ငံကို အင်္ဂလိပ်တို့ သိမ်းပိုက်ရန် လုံးပမ်းနေချိန်တွင် ကြက်တိုက်ရင်း အချိန်ကုန်နေသော ပုဂံ မင်း ကို အမှတ်ရလာကြမည်သာ ဖြစ်သည်။

 

တိုက်ပွဲ များ တွင် အသက်ပေးသွားခဲ့ရသော စစ်သည် များ၏ ဇနီး သားသမီးများ အဖို့က ထိုသို့ မင်းအောင်လှိုင် တို့ လင်မယား ပျော်ရွှင်မြူးတူးနေကြသည့် အဖြစ်ကို ကြည့်ပြီး ရင်ထု မနာ ဖြစ်ကြပေလိမ့်မည်။

 

အသက်မသေပဲ ကျန်က မင်းအောင်လှိုင်၏ ဘွဲ့ထူး ဂုဏ်ထူး လေးများ ပေးကာ ကျောသပ်ရင်သပ် လုပ်ခံရမည့် အရေး လောက်တွေးကာ အ‌ေ-သခံ တိုက်နေကြခြင်း ဖြစ်သည်။

 

စစ်ကောင်စီ တပ်သားများအား မက်သမ်ဖက်တမီး ခေါ် မက် (ရာဘ) ဆေးပြား များ တိုက်ကာ စစ်ရာဇဝတ်မှု များ ကျုးလွန်ခိုင်းနေသည် ဆိုသော သတင်းအား လန်ဒန် ထုတ် အင်ဒီပင်းဒင့် သတင်းစာကြီးတွင် အကျယ်တဝင့် ဖေါ်ပြလာသည်။

 

အာဆတ် မော်စကို သို့ ထွက်‌ ပြေး သွားရ‌ သော်လည်း ၎င်းအဖို့က စိုးရိမ်စရာ မရှိဟု ပြသလိုခြင်း ဖြစ်သော်လည်း timing လွဲနေ၍ ၎င်း၏ လူထု ဆက်ဆံရေး ပုံစံအား မြင်ရသူ အပေါင်းက sheer stupidity လုံးဝ ရူးသွပ်ခြင်း သက်သက်သာ ဖြစ်ပြီး အခြေ အနေ ကို ဆိုးသည်ထက် ဆိုးအောင် လုပ်ပေးလိုက်သလို ဖြစ်သွားသည်ဟု သာ မှတ်ယူခဲ့ကြသည်။ ၎င်းတို့အတွက် မင်းအောင်လှိုင် ပေးနိုင်သည့် အားတက်ဖွယ် မက်ဆေ့ခ်ျ သည်ကား အပြစ်မဲ့ အရပ်သားများကို နေ့စဉ် နှင့် အမျှ ဗုံးကြဲ တိုက်ခိုက်နေ၍ မည်ရွေ့မည်မျှ သေဆုံးနေကြသည် ဆိုသော သတင်းများသာ ဖြစ်နေသည်။

 

ပြည်သူများက ဆီရီးယား တွင် အာဏာရှင် အာဆတ် တိုင်းပြည်မှ ထွက်ပြေးသွားပြီး တော်လှန်ရေး တပ်များ အောင်ပွဲခံနေသည့် ပုံရိပ်များ၊ ဆီရီးယား လူထု ပျော်ရွှင် မြူးတူး နေကြသည့် ပုံရိပ်များ တွေ့မြင်နေရမှု ကြောင့် မိမိတို့ အလှည့်လည်း မကြာခင် ရောက်လာကြတော့မည်ဟု အားတက်သရော ဖြစ်လာနေကြသည်။

 

မင်းအောင်လှိုင်သည် ၎င်းနောက်တွင် အင်အားကြီး နှစ်နိုင်ငံ ရပ်တည်ပေးနေသည် ဆိုကာ အခြောက်တိုက် ဘဝင်မြင့်နေသော်လည်း ၎င်းအား ထိုနိုင်ငံကြီးများ က ဘူမိမဟာဗျုဟာ ကစားကွက် တွင် useful idiot လောက်သာ သဘောထား နေသည်ကို သဘောပေါက် နားလည်ခြင်း မရှိ၊ ရုရှားပင်လျင် ၎င်းတို့၏ နှစ်ငါးဆယ် ‌ ကျော် ရေတပ် စခန်းကြီး အခိုင်အခံ နှင့် မြေထဲပင်လယ် ထွက်ပေါက် ရထားသည့် ဆီရီးယားကိုပင် စွန့်ပစ်ခဲ့ကြရသည် မဟုတ်ပါလား။

 

ကြားဖြတ် သတိပေး လိုသည်မှာ လက်ရှိ ဆီရီးယား အား အုပ်ချုပ်နေသည့် တော်လှန်ရေး အင်အားစုများသည် အားလုံးထဲတွင် အကျဉ်းထောင် ဝန်ထမ်း မှန်သမျှကို မည်သို့မျှ ခွင့်လွတ်မည် မဟုတ်ပဲ ရေမြေဆုံးအထိ မြေလှန်ရှာဖွေ ဖမ်းဆီးသွားမည် ဖြစ်သည်ဟု ထုတ်ဖေါ် ကြေညာလိုက်သည့် သတင်းပင် ဖြစ်သည်။

 

အာဏာရှင် တိုင်းလိုလို ထိုနည်း နှင်နှင် နိဂုံးချုပ်သွားရသည်သာ ဖြစ်၍ ၎င်းတို့နှင့် ယှဉ်လျင် မည်သည့်ဖက်ကမှ သုံးစားမရသော မင်းအောင်လှိုင်သည် အဘယ်သို့များ ကြွင်းကျန် နေနိုင်ပေမည်နည်းဟု ပင် ‌ဧရာဝတီက သုံးသပ်ထားသည်။

 

ပြည်သူများက မင်းအောင်လှိုင် ကျဆုံးခန်းကို ကြည့်လိုသည့် စိတ်သက်သက် ဖြင့် ၎င်းတို့ နှိပ်စက်သမျှ ကို ကြံ့ကြံခံ ရင်ဆိုင် တွန်းလှန်နေခြင်း ဖြစ်သည်။

 

သမိုင်း၏ ရေစီးကြောင်းက အရှိန်အဟုန် ပြင်းစွာ ဖြင့် စီးဆင်းလာနေပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!