ဗုဒ္ဓဟူး နေ့ ကူမင်း တွင် တရုတ် ကွန်မြူနစ် ပါတီ ဗဟို ကော်မတီ အဖွဲ့ဝင် ဝူဂန်း သည် ကချင် လွတ်လပ်ရေး တပ် ၏ နိုင်ငံ ရေး ဦးဆောင် အဖွဲ့ နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
တိုက်တိုင်းအောင် ကချင် တပ်များအား ရှေ့ဆက် မတိုက် ကြဖို့ နှင့် တရုတ် ရင်းနှီး မြုပ်နှံ မှု များကို ကာကွယ်ပေးရန် တွန်းတွန်း တိုက်တိုက် လုပ်လာခဲ့သည် ဟု ဧရာဝတီ မှ အစည်းအဝေး နှင့် နီးစပ်သော သတင်းရပ်ကွက် အား ကိုးကားပြီး ရေးသားလာခဲ့သည်။
တရုတ်ဖက်က ထိုသို့ ပြောနေသော်လည်း ကေအိုင်အေ နှင့် ပူးပေါင်းတပ်များသည် ဗန်းမော် မြို ထိုးစစ်ဆင်လျက် ရှိနေသည်။
တရုတ်မှ ဆက်မတိုက်ပဲ လာမည့်နှစ် ရွေးကောက်ပွဲ ပြီးသညိအထိ ပိုနေမြဲ ကျားနေမြဲ အတိုင်း နေပြီး စစ်အာဏာသိမ်း အဖွဲ့ နှင့် ဆွေးနေရန် ပြောလာသည်ဟု ဆိုသည်။
မိမိတို့မှ မြန်မာ ပြည် မြောက်ပိုင်း ငြိမ်းချမ်းရန် ဦးဆောင်မှု အခနိး မှ လှုပ်ရှားသွားမည် ဖြစ်ပြီး တရုတ်၏ ပရိုက်ဗိတ် လုံခြုံရေး ကုမ္ပဏီများ စေလွှတ်ရန် ရှိသည်များကို ပါ ထည့်သွင်း ပြောဆိုသွားသည်။
ဆိုလိုသည်က တိုက်ပွဲများ ဆက်ဖြစ်နေမည် ဆိုက တရုတ် လုံခြုံရေး တပ်များ ဝင်လာနိုင်သည်ဟူ၍ ဖြစ်သည်။
တရုတ် အစိုးရ တာဝန်ရှိသူများက ခေါင်းဆောင်ကြီး ရှီကျင့်ပင် စတင်ခဲ့သည့် ရပ်ဝန်း နှင့် လမ်း စီမံကိန်း များ ရပ်တန့်နေမှု အား အမြန်ဆုံ ပြန်လည် စတင်နိုင်အောင် တွန်းအားပေးလာနေခြင်း ဖြစ်သည်။ ၎င်းတို့ ခေတ် အဆက်ဆက် ကြွေးကြော်ခဲ့သည့် ပြည်တွင်းရေး ဝင်မစွက် ဆိုသည်ကိုပင် ဘေးချိတ်လာသည် အထိ ဖြစ်လာခဲ့သည်။
ထို့အပြင် အာကာသ အထိ ဆန့်ထုတ် ပြိုင်ဆိုင်ရဖို့ အထိ ဖြစ်လာသည့် နည်းပညာ များ တွင် လွန်စွာ အရေးပါနေသည့် ရှားပါး မြေသား သတ္တုများ အား လိုသလောက် ထုတ်ယူ နိုင်ဖို့လည်း လိုအပ်နေသည်။
သို့သော် တရုတ်တို့၏ ဝင်ရောက်စွက်ဖက်မှု များက ထင်သလောက် ခရီးမရောက်ခဲ့၊ နောက်ဆုံးတွင် MNDAA ခေါင်းဆောင် ဖုန်တာရွှင်အား အကျယ်ချုပ် ဖမ်းဆီးပြီး အကျပ်ကိုင်လာရသည် အထိ ဖြစ်လာခဲ့သည်။
ကချင် လွတ်လပ်ရေး အဖွဲ့အားလည်း ပြီးခဲ့သည့် လ အနည်းငယ်ကစပြီး နယ်ခြား ဂိတ်များ ပိတ်ပြီး အကျပ်ကိုင်လာခဲ့ရသည်။ တရုတ်သည် နယ်ခြား ဂိတ်များ ပိတ်ပစ်လိုက်ရသည် အထိ ဖြစ်လာခြင်းကပင် ၎င်းတို့ စကား အား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ပယ်ချခဲ့ကြခြင်း ကြောင့် ဆိုသည်က ထင်ရှားလာသည်။
ကေအိုင် အေ သည် ရှားပါး သတ္တုများ တရုတ်ပြည်သို့ သယ်ယူ နေခြင်းကို ပိတ်ပင် ပစ်လိုက်ခြင်း ဖြင့် တုန့်ပြန်လာခဲ့သည်။ ထို့အတွက် တရုတ်သည် ကမ္ဘာဈေးကွက် တွင် အဆိုပါ သတ္ထု များအား တဦးတည်း လက်ဝါးကြီးအုပ်ထားနိုင်သည့် အဖြစ်မှ လျောကျသွားတော့မည့် အခြေအနေမျိုး ကြုံလာနေရသည်။ ဈေးနှုန်းများ မြှင့်တင်ရ တော့မည်ဟု အတွင်း သတင်းများ ထွက်လာ၍ နိုဝင်ဘာလ အတွင်း တရုတ် စတော့ ရှယ်ယာ ဈေးကွက် သိသိသာသာ လှုပ်ခါသွားခဲ့ရသည်ဟု အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု မှ ဂျေဆင်တာဝါ က ဆိုသည်။
ယခုအခါ အဆိုပါ သတ္ထုများ ထွက်ရှိရာ ဒေသ အားလုံးကို ကေအိုင်အေ က ထိန်းချုပ်သွားနိုင်ပြီ ဖြစ်၍ ကေအိုင် အေ အနေဖြင့် တရုတ်ဖက်မှ ဖိအားပေးလာမှု ကို မှုစရာ မလိုတော့သည့် အနေအထား ရောက်လာပြီဟု တာဝါ က ဧရာဝတီ သို့ ပြောခဲ့သည်ဟု သိရသည်။
တရုတ်သည် သတ္ထု တူးဖေါ်ရေး လုပ်ငန်းများ ပြန်စပြီး နယ်ခြား ဂိတ်များ ပြန်ဖွင့်ပေးရန် တွန်းအား ပေးလာသည်။
ထို့အတွက်ကြောင့်လည်း အထူးသံတမန် တိန်ရှီချွန်း နှင့် ပစ်ထား၍ မရတော့ဘဲ ဗဟိုကော်မတီဝင် အဆင့် ရှိသူ ကိုယ်တိုင် ဦးဆောင် ပြောဆိုလာခြင်း ဖြစ်သည်။ ထို့အတွက် တိုင်းရင်းသား လက်နက်ကိုင် များ နှင့် တွေ့ဆုံခဲ့သမျှ ထဲတွင် အဆင့်အမြင့်ဆုံး အရာရှိကြီး လည်း ဖြစ်သည်။
တရုတ် ဖက်မှ သတင်းများအရ တိန်ရှီချွန်း ကို အားမရတော့၍ ဝူဂန်း ကိုယ်တိုင် ဝင်ပါလာခြင်း ဖြစ်သည်ဟု ပြောနေကြသည်။
သောကြာနေ့တွင် တရုတ်သည် ၎င်းတို့ဖက်မှ နယ်ခြားကို ပြန်ဖွင့်ပေးလာသော်လည်း အဓိက လိုအပ်ချက် ဖြစ်သည့် စက်သုံးဆီ နှင့် ဒရုန်း အတွက် လိုအပ်သည့် အီလက်ထရော်နစ် အစိတ်အပိုင်း များကို တင်ပို့ ရောင်းချခြင်းကို ဆက်လက် ပိတ်ပင်ထားခြင်းဖြင့် နိုင်ကွက် ကိုင်ထားဆဲ ဖြစ်သည်။
သြဂုတ်လ ကတည်းက ပိတ်ထားသည့် နယ်ခြား ဂိတ်များ ပြန်ဖွင့် ပေးလိုက်ရခြင်းသည်လည်း ရှားပါး သတ္ထု များ ရနိုင်ဖို့ ကေအိုင်အေ အား ပြန် ချော့လာခြင်း ဖြစ်ပြီး ထိုကိစ္စ အားလည်း အဓိက ထား ဆွေးနွေး ကြဖို့ ရှိနေသည်ဟု အစည်းအဝေး နှင့် နီးစပ်သော သတင်းအရင်းအမြစ်များက ဆိုသည်။
တရုတ်ဖက်မှ အစွယ်ကျိုးနေပြီ ဖြစ်ပြီး နိုင်ငံတကာ အသိအမှတ် ပြုခံရပြီး ပုံမှန် အစိုးရ သဖွယ် ရပ်တည် သွားလိုနေသည့် မင်းအောင်လှိုင် နှင့် အဖွဲ့ထံမှ ဆွေးနွေး တောင်းယူ၍ ရနိုငိပြီဟု တိုင်းရင်းသား အဖွဲ့များကို နားချ နေပြီ ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!