မန္တလေး တိုင်း အတွင်းရှိ မြို့နယ် များအား စစ်တပ်မှ ဗုံးကြဲ တိုက်ခိုက်နေသည့် ဖြစ်ရပ်များသည် မြန်မာသမိုင်း တွင် တခါမှပင် တွေ့ကြုံခဲ့ဖူးကြမည် မဟုတ်ပေ။
နွားထိုးကြီး မြို့နယ်အတွင်းရှိ ကျေးရွာများအား စစ်ကောင်စီ ၏ အကြမ်းဖက် လေတပ် မှ တနင်္လာနေ မှ စ၍ ဗုံးကြဲ တိုက်ခိုက်လျက် ရှိရာ ကလေးသူငယ် သုံးဦး အပါအဝင် အရပ်သား ရှစ်ဦး သေဆုံးသွားသည်ဟု သိရသည်။
စစ်ကောင်စီ သည် ၎င်းတို့ အုပ်ချုပ်ရမည့် လူထု အပေါ် အကြမ်းဖက် တိုက်ခိုက်လျက် ရှိနေသည့် အဖြစ်ကို ကြည့်မည် ဆိုလျင် ကျင်းထဲ ကျပ်ထဲ ရောက်နေပြီ ဆိုသည်ကို တွက်ဆ နိုင်ပေသည်။
ပြည်သူ တယောက် သေဆုံးသွားတိုင်း ၎င်းတို့ အပေါ် ကမ္ဘာမကြေ မုန်းတီးရွံရှာနေမည့် လူ ၁၀၀ ခန့် ပေါ်ထွက်လာစမြဲပင် ဖြစ်သည်။
အခြေအနေများ သက်သာ လျော့ပါးသွားစေရန် နည်းလမ်း ရှာရေး အလွတ်သ ဘော ဆွေးနွေးကြမည် ဆိုကာ ဒီဇင်ဘာ ၂၀ ရက်နေ့တွင် အင်ဒိုနီရှား၊ မလေးရှား၊ လာအို နိုင်ငံခြားရေး ဝန်ကြီးများ ဘန်ကောက်သို့ ရောက်ရှိလာကြမည် ဖြစ်သည်။
နိုင်ငံ တွင်း အခြေ အနေများ မည်မျှ ဆိုးဝါးနေသည်ကို ပတ်ဝန်းကျင် က ရိပ်စားမိနေသော်လည်း မင်းအောင်လှိုင်သည် လေးနှစ် နီးပါး ရှိလာခဲ့ပြီ ဖြစ်သော်လည်း အခြေအနေ အမှန်ကို သဘောပေါက်ခြင်း လုံးဝ မရှိပဲ အောက်ခြေ နှင့် ကင်းကွာနေသည့် ဖြစ်ရပ်လည်း ထွက်ပေါ်လာခဲ့သည်။
အင်္ဂါနေ့ စစ်ကောင်စီ အစည်းအဝေး တွင် ၎င်း၏ ဝန်ကြီးဌာနများက တင်ပြသော စာရင်းဇယား များ နှင့် မြေပြင်တွင် လက်တွေ့ဖြစ်ပျက် နေသည်များသည် ကွဲလွဲမှု များ ရှိနေသည်ဟု ဝန်ခံလိုက်ခြင်းပင် ဖြစ်သည်။
သီးနှံ အချို့ ပိုပို လျံလျံ ထွက်ရှိနေသည် ဆိုခြင်း၊ ပြည်ပ သို့ ဆန် တင်ပို့မှု ပမာဏ စာရင်းသည် အမှန်တကယ် တင်ပို့နေသည် ထက် များပြားနေခြင်း တို့ ဖြစ်သည်ဟု ဥပမာ ပေး ပြောဆိုသွားသည်။
နိုင်ငံ၏ နေ့စဉ် လျပ်စစ် ဓါတ်အား ထုတ်လုပ် ဖြန့်ဖြူး နိုင်မှုသည် ၃,၅၈၉ မီဂါဝပ်မှ ၂,၃၇၆ အထိ ကျဆင်းသွားသည့် အနေအထားကို စဉ်းစားကြည့်လျင် မည်သူ မဆို သိနိုင်သော်လည်း ၎င်းအဖို့က စာရင်းဇယား များကို ကြည့်၍ တိုင်းပြည် စီးပွား တိုးတက်နေပါသည် ဟု မကြာခဏ ဆိုသလို သူရုးတယောက် ပမာ ပြောဆိုနေခဲ့သည့် အဖြစ်က ၎င်း၏ အရည်အချင်း မည်မျှ အတိုင်းအတာ အထိသာ ရှိနေသည်ကို ပြဆိုလိုက်ခြင်းလည်း ဖြစ်သည်။
ကမ္ဘာဘဏ်၊ အာရှ ဖွံ့ဖြိုးရေး ဘဏ်တို့မှ နိုင်ငံတွင်း အလုပ်လက်မဲ့ နှုန်း မြင့်တက်လာနေခြင်း၊ မရှိမဖြစ် လိုအပ်သော ကုန်ပစ္စည်းများ ရှားပါးလာနေခြင်းများ ထောက်ပြပြီး စီးပွားရေး ဆုတ်ယုတ် ကျဆင်းနေသည့် အဖြစ်ကို စာရင်းဇယား များ ဖြင့် ထပ်တလဲလဲ ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
ထိုသို့ ကုန်ထုတ်စွမ်း အား များ ကျဆင်းလာနေ သော်လည်း အလုပ်လုပ် နိုင် သော လူငယ် မှန်သမျ ကို နေ့စဉ်လို စစ်ထဲ အတင်းအကျပ် ဆွဲသွင်းနေခြင်း ကြောင့်လည်း အခြေအနေများ ရှေ့လျောက် ပိုဆိုးလာဖို့သာ ရှိနေသည်။
အခြေအနေများ အလွန်အမင်း ဆိုးလာနေ၍သာ ယခင်က မသိခဲ့လေဟန် သိက္ခာဆယ်ခြင်းမျိုးလည်း ဖြစ်နိုင်ပေသည်။
ယခုအခါ ရှားပါး မြေသား သတ္တု ဈေးနှုန်းများ မြင့်တက်လာနေခြင်းကြောင့် အဆိုပါ သတ္တုများ ထွက်ရှိရာ ကချင် ဒေသတွင် စစ်ပွဲကြီး များ ဖြစ်ပွားနေသည့် အဖြစ်ကို ကမ္ဘာတဝှမ်းက အာရုံ စိုက်လာနေပြီ ဖြစ်သည်။
ရှားပါး မြေသား သတ္တုများ အဓိက ထွက်ရှိရာ ကန်ပတ်တီ နှင့် ပန်ဝါ ဒေသများအား ကချင် လွတ်မြောက်ရေး တပ်များ သိမ်းယူ နိုင်ခဲ့မှု ကြောင့် တူးဖေါ်ရေး လုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့ရသည်။
ယင်း သတ္တု များ အား သန့်စင်သည့် စက်ရုံများ သည် တရုတ်ပြည်တွင် ရှိနေပြီး မြန်မာမှ သတ္တုရိုင်း များ တင်ပို့ပေးနေခြင်း ဖြင့် စစ်ကောင်စီ ရရှိ နေသော နိုင်ငံခြား ဝင်ငွေများ ဆုံးရှုံးသွားပြီ ဖြစ်သည်။
ယင်းနှင့် အတူ ကမ္ဘာ ဈေးကွက်တွင်လည်း ဈေးနှုန်းများ မြင့်တက်လာသည်၊ ရှားပါးသတ္တု ထဲတွင် တခု အပါအဝင် ဖြစ်သည့် dysprosium oxide သည် တကီလိုလျင် ၃၅၆ ဒေါ်လာ (၂,၆၁၀ ယွမ်) အထိ မြင့်တက်သွားခဲ့သည်။
တရုတ်သည် နယ်ခြားဂိတ်များ နှင့် ၎င်းတို့ စီမံကိန်းများ ရှိသည့် ရှမ်းမြောက်ဒေသကို ထိန်းချုပ်နိုင်ရန် ကြိုးစားနေသော်လည်း အဆိုပါ သတ္တုများ အဓိက ထွက်ရှိနေသည့် ကချင် ဒေသ ကို မူ လက်ပိုက်ကြည့်နေရသည့် အနေအထား တွင် ရှိလာနေသည်။ တရုတ်သည် လောလောဆယ် တွင် မြေသား သတ္တုများ ပိုလျှံစွာ ရှိနေပြီး မြန်မာ တွင်လည်း ထုတ်လုပ်မှု ရပ်ဆိုင်းထားရ၍ ပြည်ပသို့ တင်ပို့နေမှု ကို ပိတ်ပင်လိုက်ခြင်းလည်း ဖြစ်သည်။
ထိုသို့ ကမ္ဘာ့ supply chain ပြတ်တောက်သွားမှု နှင့် အနာဂတ် အလားအလာ များ အပေါ် စိုးရိမ်စိတ် များ မြင့်တက်လာနေပြီ ဖြစ်သည်။
ကချင် လွတ်လပ်ရေး တပ်တော်သည် အဆိုပါ သတ္တုများ တူးဖေါ်ရေး နှင့် စပ်လျင်း၍ ၎င်းတို့ မည်သို့ စီမံမည်ကို ထုတ်ဖေါ်ပြောဆိုခြင်း မရှိသေးပေ။ သို့သော် ကုန်ကြမ်း အဖြစ် အသုံးပြု နေသော စက်မှု လုပ်ငန်းများ အချင်းချင်း ညှိနှိုင်း ဆောင်ရွက်သွားဖို့ လိုနေပြီဟု metal miner ဝက်ဆိုဒ် တွင် ရေးသားထားသည်။
အမေရိကန် သည် ယခု အခါ ရေနံ အတွက် မစိုးရိမ် ရတော့သော်လည်း ရှေ့လျောက် နည်းပညာ များ တီထွင် နိုင်မှု တွင် ၁၉၇၃ ခုနှစ် အတွင်း အာရပ်နိုင်ငံများ၏ ရေနံ ပိတ်ဆို့ခံရသလို အဖြစ်မျိုး ကြုံလာရနိုင်သည်ကို မဖြစ်မနေ နည်းလမ်း ရှာကြတော့မည် လည်း ဖြစ်သည်။
တရုတ် တို့၏ ဖိအားပေးမှု ကြောင့် ထွက်ပေါ်လာဖွယ် ရှိသည့် ရှမ်းမြောက် အပစ်ရပ်စဲရေး သည် ဖက်ဒရယ် စနစ်ကို မည်သိုမျှ အာမခံနိုင်ခြင်း မရှိ၍ ရေရှည် တည်တံ့နိုင်စရာ မရှိသည့် အပြင် စစ်ဗိုလ်ချုပ်များက အာဏာခွဲဝေပေးရန် စိတ်ကူး မရှိကြခြင်းသည်လည်း အဓိက အတားအဆီး ဖြစ်လာနေသည်ဟု ဒေါ် လှကျော်ဇော က ဗီအိုအေ အား ပြောပြခဲ့သည်။
နိုင်ငံတွင်း စစ်အာဏာပိုင်တို့ ပြည်သူများအား လက်လွတ်စပယ် သတ်ဖြတ်နေမှု များ အား တရားဥပဒေ လမ်းကြောင်း အတိုင်း အရေးမယူ နိုင်သရွေ့ ၎င်းတို့၏ ဖိနှိပ် အုပ်ချုပ်ရေး ယန္တရားကြီး ရပ်ဆိုင်းသွားနိုင်မည် မဟုတ်ပေ။
ထိုသို့သော လူမျိုး များကို လူရာသွင်း ဆက်ဆံသွားမည် ဆိုလျင် world order ခေါ် ကမ္ဘာ အခင်းအကျင်း အား တရုတ် နှင့် ရုရှားတို့ အုပ်စီးသွား ပြီဟု ပြော၍ ရပေသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်မှု မုချ အောင်ရမည်!!!