ရှေ့တန်း စစ်မျက်နှာ နောက် NUG ၏ ကဏ္ဍ

by Hla Soewai - Dec 16 2024

၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်နေ့ စစ်တပ် မှ ပြည်သူများ ဒီမိုကရေစီ နည်းလမ်း ဖြင့် ရွေးချယ် တင်မြောက်ထားသော အစိုးရ ကို ဖြုတ်ချ အာဏာ သိမ်းပြီး နိုင်ငံတော် အုပ်ချုပ်မှု ကောင်စီ ဆိုသည့် စစ်ကောင်စီ ကို ဖွဲ့စည်းပြီး နိုင်ငံ အား စစ်အာဏာရှင် လက်အောက်သို့ ပြန်လည် သွတ် သွင်းလာခဲ့သည်။

 

သို့သော် ယခုအခါ ၎င်းတို့သည် နိုင်ငံဧရိယာ ၏ ၅၀ ရာနှုန်း ကိုပင် အုပ်ချုပ် နိုင်စွမ်း မရှိတော့ပဲ မြို့ကြီး မြို့ငယ် စုစုပေါင်း ၏ ၇၇ ရာနှုန်း ကို သာ ဆက်၍ အုပ်ချုပ် နေရသည့် အခြေအနေ ရောက်နေသည်။

 

တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များ နှင့် အမျိုးသား ညီညွတ်ရေး အစိုးရ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး တပ်များ၏ ပူးပေါင်း ညှိနှိုင်းဆောင်ရွက်လာမှု ကြောင့် ၎င်းတို့ နယ်မြေ အမြောက်အမြား လက်လွှတ်လိုက်ရမှု များကို ကြည့်၍ အိမ်နီးချင်း နိုင်ငံများ တအံ့တဩ ဖြစ်ကုန်ကြသည်။ ထိုအနေအထားသည် အထူးသဖြင့် ကချင် နှင့် ရခိုင် ဒေသများ တွင် ဆက်လက် ဖြစ်ပေါ်နေသည်။ 

 

စစ်ကောင်စီ သည် တရုတ် နှင့် တရားဝင် ကုန်သွယ်ရေး လမ်းကြောင်း အားလုံး နီးပါး လက်လွှတ်ခဲ့ရပြီး၊ အိန္ဒိယ နှင့် ဘင်္ဂလားဒေ့ရှ် တို့ နှင့် လည်း အလားတူ ဆုံးရှုံးသွားခဲ့သည်။

 

နိုင်ငံတွင်း နေထိုင်သူ အများစုသည် တိုင်းရင်းသား အဖွဲ့များ၏ ထိန်းချုပ်နယ်မြေများ နှင့် ရှေ့တန်း စစ်မျက်နှာ ဖြစ်လာသော မြိုများ တွင် ရှိလာခဲ့သည်။ ထို့အတွက် ၎င်းဒေသများရှိ လူများအား စစ်ကောင်စီ မှ တာဝန်မယူတော့သည့် အပြင် ဖိအားပေးသည့် အ‌နေဖြင့် ကုန်စည် စီးဆင်းမှု များကို ဖြတ်တောက် ပိတ်ဆို့လာခဲ့သည်။ 

 

ယင်းနှင့် အတူ လူသားချင်း စာနာထောက်ထားစွာ အကူအညီ ပေးနိုင်မည့် အခွင့် အရေး များလည်း ဆုံးရှုံးကုန်သည်။ ထိုအနေအထားကို စက်တင်ဘာလ အတွင်း ဖြစ်ပွားခဲ့သော ဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံခဲ့ရသော ဒေသများ တွင် အထင်အရှား တွေ့လာရသည်ဟု မြန်မာ အရေး အထူး အကြံပေးကောင်စီ မှ ဆိုပြီး ရှေ့လျောက်လည်း ထိုသို့ပင် ဖြစ်နေဦးမည် ဟု သတိပေးလာခဲ့သည်။

 

အုပ်ချုပ်ရေး ပိုင်းတွင် အတွေ့အကြုံ ရှိပြီးသား ကချင် နှင့် ကရင် တော်လှန်ရေး အဖွဲ့များက လွဲ၍ အများစု အတွက် အသစ်အဆန်း ဖြစ်နေသည်။ ထို့အတွက် ဒေသတွင်း စီးပွားရေး ကို ထိခိုက်လာနိုင်သည်။ အထူးသဖြင့် ရခိုင်‌ တွင် အထင်အရှား တွေ့လာနေရသည်။

 

နိုင်ငံ တွင်း အခိုင်အမာ ရပ်တည်နေပြီး လူထု လက်ခံသော NUG နှင့် ဆက်သွယ်ဖို့သာ ရှိသည်၊ NUG သည် အုပ်ချုပ်ရေး ပိုင်းတွင် ကောင်းစွာ အတွေ့အကြုံ ရှိထားပြီး ဖြစ်သည်၊ လက်ရှိ အုပ်ချုပ်ရေး အဖွဲ့တွင် ဗမာ မဟုတ်သော တိုင်းရင်းသား ၅၃ ရာနှုန်း ပါဝင်နေပြီး ၃၈ ရာနှုန်းသာ ယခင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှ ဖြစ်သည်။ NUG သည် ပြည်သူများကို ကိုယ်စားပြုနေသည့် အဖွဲ့အစည်း အဖြစ် ကမ္ဘာအလယ် တွင် ထင်ဟပ်စေရန် ရှဲဒိုး လှုပ်ရှားပေးနေခြင်း ဖြစ်သည်။

 

၎င်းတို့၏ လက်အောက်ခံ ပြည်သူ ကာကွယ်ရေး တပ်များသည် နိုင်ငံ အတွင်းပိုင်းတွင် လှုပ်ရှားနေကြသည်။ မန္တလေး နှင့် စစ်ကိုင်းဒေသများ အတွင်း မကြာမီ က အောင်မြင်မှု များကြောင့် စစ်ကောင်စီ ၏ အစဉ်အလာ ထိန်းချုပ် နယ်မြေများကို ပိုင်ဆိုင်လာကြသည်။ ထို့အတွက် တိုင်းရင်းသား အဖွဲ့များလို မဟုတ်ဘဲ နိုင်ငံ အဆင့် ကိုယ်စားပြုနိုင်သည့် အခွင့်အာဏာ များ ရှိလာသည်။

 

စစ်ကောင်စီ ထိန်းချုပ် နယ်မြေများတွင်လည်း ၎င်းတို့၏ ပေါက်တတ်ကရ စီးပွားရေး မူဝါဒများ ကြောင့် လူထု သည်လည်း ကျပ်တည်းသည်ထက် ကျပ်တည်းလာနေသည်၊ ယခု အခါ နိုင်ငံ လူဦးရေ၏ တဝက်ခန့်သည် ဆင်းရဲစွာ နေထိုင်နေကြရသည်။

 

စစ်ကောင်စီ သည် နိုင်ငံသားများကို ပြည်သူ ဟု မမြင်တော့ဘဲ ၎င်းတို့ ထိန်းချုပ် ဟန့်တား ရမည့် လူများဟု သဘောထားလာသည်။

 

နယ်ခြားဒေသများကို ပိတ်ဆို့ထားသည့် အပြင် စစ်ကောင်စီသည် ၎င်းတို့ ထိန်းချုပ်နယ်မြေ များမှ ကုန်စည် နှင့် ဝန်ဆောင်မှု များ ပို့ဆောင်ရန် တားမြစ်ထား၍ နိုင်ငံတကာ အဖွဲ့အစည်းများ အဖို့ ၎င်းတို့ နှင့် လက်တွဲလုပ်ချင်လျင်ပင် လုပ်ဖို့ မလွယ်သည့် အနေအထား ရောက်နေသည်။

 

NUG အနေဖြင့် ထိုသို့ လုပ်ဆောင်ပေးနိုင်မည့် အင်အားကို တိုးချဲ့ ရမည့် အပြင် အုပ်ချုပ်ရေး လုပ်ငန်းစဉ်များအားလည်း တိုင်းရင်းသား အဖွဲ့များ တောင်းဆိုလာပါက လေ့ကျင့် ပေးရမည် ဖြစ်သည်။

 

နောက်ဆုံးတွင် မြန်မာပြည်၏ ကံကြမ္မာသည် မြန်မာ ပြည်သူများ၏ လက်ဝယ်တွင်သာ ရှိနေသည်။ ပြည်ပမှ ကြေညာချက်များ၊ ဒဏ်ခတ် ပိတ်ဆို့မှု များ သည် အရေးပါသော ကဏ္ဍတွင် ရှိ‌နေသော်လည်း လက်တွေ့ကျကျ အကူအညီ ပေးဖို့ လည်း လိုအပ်နေသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန် မှု မုချ အောင်ရမည်!!!

 

(Institute for Security and Development Policy ၏ "Behind Myanmar front's line" ဆောင်းပါး အား ကိုးကား ဖေါ်ပြသည်။)