အခက်ကြုံလာရသော အိန္ဒိယ

by Hla Soewai - Dec 16 2024

အိန္ဒိယ နှင့် တရုတ် နယ်ခြား တလျောက် ဟိမဝန္တာ တောင်တန်းကြီး ခံနေ၍ တရုတ်ဖက် မှ အင်အား အလုံး အရင်း ဖြင့် ကျုးကျော်လာမည့် အရေးကို စိတ်ပူစရာ မလိုခဲ့၊ သို့သော် မြန်မာ နှင့် လုံခြုံရေး ကုမ္ပဏီ ဆိုကာ ကျောက်ဖြူ ဒေသဖက် တရုတ် ပြည့်သူ လွတ်‌ မြောက်ရေး တပ်ဖွဲ့များ အခြေစိုက်လာမည့် အန္တရာယ် နှင့် ရင်ဆိုင်လာနေရပြီ ဖြစ်သည်။

 

အိန္ဒိယ ၏ The Print ဝက်ဆိုက်ဒ် တွင် အာရက္ခ တပ်တော်သည် ရခိုင်ဒေသ၏ ဆယ်ပုံ လျင် ရှစ်ပုံခန့်ကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်၍ နွေဦး‌တော်လှန်ရေး တွင် စစ်ကောင်စီ လက်အောက်မှ ပထမဦးဆုံး လွတ် မြောက်မည့် ဒေသကြီး ဖြစ်လာတော့မည်ဟု အစချီကာ ယခုလို ရေးသားလာခဲ့သည်။

 

ယမ်းငွေ့များ၊ သွေးညှီ နံ့များ မြို့တော် တဝှမ်း ပျံ့နှံ့လာနေသော်လည်း အသက် ၇၇ နှစ် ရှိနေပြီ ဖြစ်‌ သော အာဏာရှင် ဗိုလ်နေဝင်းသည် အင်းယားကန် စပ်ရှိ ၎င်း၏ အိမ်တော်တွင် ပျားရည်ဆမ်း အထိမ်းအမှတ် အခမ်းအနား ကို ပြုလုပ်ခဲ့သည်။ အခါပေး ဝေဒ ပညာရှင်များက ၎င်း အသက် ၏ သုံးပုံ တပုံခန့်ရှိ ရခိုင် လှပျိုဖြူ တဦး နှင့် ယတြာချေ သည့် အနေနှင့် ထိမ်းမြားရမည်ဟု ပြောလာသော‌ကြောင့် ဖြစ်သည်။

 

ထိုယတြာ အထ မြောက်ရန် စစ်တပ် မှ ၎င်း၏ အုပ်ချုပ်ရေး အား စိန်ခေါ်လာသည့် ကျောင်းသား ဆန္ဒပြသူများကို မြို့တော် အနှံ့ လိုက်လံ ရှင်းလင်းနေကြသည်။ ထိုသို့ လူအစုလိုက် အပြုံလိုက် သ-တ်ဖြတ် ခံနေရချိန်တွင် ဗိုလ်နေဝင်းသည် ၎င်း၏ နောက်လိုက်များ နှင့် scrabble ကစားရင်း နောက်ပြောင် ရီမောနေခဲ့သည်။

 

ရှစ်‌လေးလုံး အရေးတော်ပုံ ကြီး အပြီး ဒီမိုကရေစီ အရေး တိုက်ပွဲ ဝင်သူများ နှင့် တိုင်းရင်းသား လက်နက်ကိုင်များသည် မျိုးဆက် နှစ်ဆက် ကျော်မျှ စစ်အာဏာရှင်များကို ဆက်လက် တိုက်ပွဲ ဝင်နေခဲ့ကြသော်လည်း အောင်မြင်မှု မရ ဖြစ်နေသည်။

 

‌ဗိုလ်နေဝင်း၏ မှော်ဆရာများသာ အောင်မြင်ခဲ့ကြပြီး ၎င်း အသက် ၉၁ နှစ် ကွယ်လွန်သွားချိန်အထိ အစွမ်းထက်ကြောင်း ပြသနိုင်ခဲ့သည်။

 

ယခု အပတ် အတွင်း အာရက္ခ တပ်တော်သည် တောင်ကုတ် မြို့အား သိမ်းယူ နိုင်ခဲ့ကြ၍ စစ်တပ်အဖို့ အရှိုက် ထိုးခံလိုက်ရသလို ဖြစ်သွားခဲ့သည်။ တဖက်တွင်လည်း မြို့တော် စစ်တွေ၊ အထူး စီးပွားရေး ဇုံ ရှိရာ ကျောက်ဖြူ၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရှိရာ အမ်း မြိုများကိုလည်း ပိတ်ဆို့ ထားနိုင်ခဲ့သည်။

 

ယင်းနှင့် အတူ ရှေ့ဘာ ဖြစ်လာမည်ကို မခန့်မှန်း နိုင်တော့၍ အိန္ဒိယ အဖို့ မည်သို့ ဆက်လုပ်ရမည်ကို ဆုံးဖြတ်ရဖို့ ခက်ခဲလာပြီ ဖြစ်သည်။ အိန္ဒိယ သည် နိုင်ငံတွင်း တော်လှန်ရေး အင်အားစု များ နှင့် တရားဝင် ထိတွေ့ဆက်ဆံသွားရေး ကို ဆန့်ကျင်သည့် မူဝါဒ ကို ကျင့်သုံးနေသော်လည်း ယခုလို အနေအထား တွင် ထိုအတိုင်း ဆက်သွားဖို့ မဖြစ်နိုင်တော့ပေ။

 

ယခု ရာစုနှစ် တွင် ရခိုင်သည် မဟာဗျူဟာ အရ တဖြေးဖြေး အရေးပါလာသည် နှင့် အမျှ တရုတ်သည် ရေနံ နှင့် ဓါတ်ငွေ့ ပိုက်လိုင်းကို ယူနန် အထိ သွယ်တန်းလာပြီး ကျောက်ဖြူတွင် အထူးစီးပွားရေး ဇုံကိုပါ ထူထောင်လာခဲ့သည်။ တရုတ် ငါးဖမ်း သင်္ဘော များပါ ရောက်လာ၍ ဒေသ၏ စီးပွားရေး လုပ်ငန်းများ ထိခိုက်လာရသည်။

 

အိန္ဒိယသည် ၎င်း၏ အရှေ့မြောက် ခြမ်းရှိ တော်လှန် ပုန်ကန်သူများကို နှိမ်နှင်းရန် မြန်မာ၏ အကူအညီ ကို အားပြုလာရသည်။ ဒေသတွင်းရှိ နိုင်ငံများကဲ့သို့ ပင် အိန္ဒိယ သည်လည်း စစ်တပ်သည်သာ နိုင်ငံအား ပုံမှန်လည်ပတ် နိုင်အောင် အာမခံနိုင်စွမ်း ရှိသည်ဟု ယုံကြည်လာသည်။

 

ယခုအခါ ၎င်း၏ အရှေ့မြောက်ခြမ်းကို ဩဇာ သက်ရောက် နိုင်ရန် ရခိုင် ဒေသ အား အုပ်ချုပ်မည့် အဖွဲ့အစည်း အဖြစ် ထွက်ပေါ်လာနေသည့် အာရက္ခ တပ်တော် နှင့် ဆက်ဆံဖို့ လိုအပ်လာပြီ ဖြစ်သည်။

 

အိန္ဒိယ သည် ကာလကတ္တား နှင့် စစ်တွေ ကို ဆက်သွယ်ပေးမည့် ဒေါ်လာ ၄၈၄ သန်းတန် ကုလားတန် မြစ်ကြောင်း စီမံကိန်း ဆက်လုပ်ဖို့ ရှိနေသည်။ အိန္ဒိယ သည် ထို့ အတွက် မြန်မာ စစ်တပ်ကိုပင် စစ်ရေးအရ ပံ့ပိုးပေးလာခဲ့သည်။

 

အိန္ဒိယ ၏ ပြိုင်ဖက် တရုတ်သည် ယခုအခါ ခြံစည်းရိုးပေါ် ခွထိုင် မနေတော့ဘဲ မင်းအောင်လှိုင်ကို ထောက်ခံလာသည်။ ကချင်လွတ်လပ်‌ရေး တပ်တော် ထိန်းချုပ်ထားသည် နယ်မြေများကို ဖြတ်သွားသည့် လမ်းကြောင်း အား ပိတ်ဆို့ပြီး စက်သုံးဆီ နှင့် အစားအသောက် များ ဖြတ်တောက်လာခဲ့သည်။

 

၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံကြီး အပြီး ရာဂျစ် ဂန္ဓီ အစိုးရသည် မြန်မာတို့၏ ဒီမိုကရေစီ လှုပ်ရှားမှု ကို ထောက်ခံခဲ့သည်။ နောက်ပိုင်း လေးနှစ် အကြာတွင် မူ စစ်ဗိုလ်ချုပ်များ တရုတ်ဖက်သို့ ယိမ်းလာသည်ကို တွေ့လာရ၍ စိုးရိမ်ထိတ်လန့်လာပြီး မူ ဝါဒ ကို မဖြစ်မနေ ပြောင်းပစ်ခဲ့ရသည်။

 

ယခုအခါ အိန္ဒိယ သည် ထိုစဉ်ကလို တခုခု ကို ရွေးရမည့် အဖြစ် ပြန်ရောက်လာခဲ့ပြီ ဖြစ်သည်။ သို့ သော် နိုင်မည့် မြင်းကို မလောင်းမိပါက ပေးရမည့် တန်ဖိုး က ကြီးမားလွန်းနေပြီ ဖြစ်သည်ဟု ရေးသားထားသည်။

 

TNLA ထိန်းချုပ်ထားသည့် ကျော့က်မဲ မြို့ရှိ လူ‌ နေ ရပ်ကွက် တခုအား အကြမ်းဖက် စစ်တပ်မှ စနေနေ့တွင် ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချ တိုက်ခိုက်ခဲ့သဖြင့် အရပ်သား ဆယ်ဦး ခန့် သေဆုံးသွားခဲ့သည်၊ ယင်းသည် နိုဝင်ဘာ ၂၅ ရက်နေ့ က TNLA ၏ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဆိုသည်ကို အဖြေ ပေးလိုက်ခြင်းလည်း ဖြစ်သည်။

 

ယနေ့ ဂျီနီဗာ ရှိ ကုလ ကျွမ်းကျင်သူများက မြန်မာနိုင်ငံ အတွင်း ပြည်တွင်းစစ် သည် တနေ့တခြား အရှိန်မြင့်လာနေပြီး အရပ်သား ၆,၀၀၀ ခန့် သေဆုံးသွားပြီ ဖြစ်၍ နိုင်ငံတကာ အနေဖြင့် အဆိုပါ အရေးကို တုန့်ပြန်သည့် လမ်းကြောင်း ကို ပြင်ဆင် ပေး ရန် တညီတညွတ်တည်း တောင်းဆိုလိုက်ကြသည်။

 

မြန်မာပြည် အပေါ် နိုင်ငံတကာ၏ ပျက်ကွက် နေမှု များကို အဆိုပါ လူ ၆,၀၀၀ က သတိပေးလာနေပြီ ဖြစ်သည်ဟုလည်း ဆိုသည်။ နိုင်ငံတကာ အာရုံစိုက်မှု ၏ အရိပ်ထဲ ရောက်နေသော အဆိုပါ ပြဿနာကို စတင် ဆွဲထုတ်ရတော့မည် ဟုလည်း ပြောလာခဲ့သည်။

 

လက်ရှိ အချိန်အထိ နိုင်ငံတကာ၏ အရေးယူ မှု များသည် လုံလောက်မှု မရှိတော့ပဲ စစ်ကောင်စီ တပ်များ၏ လူမဆန်စွာ ရက်ရက်စက်စက် ကျုးလွန်နေမှု များသည် လုပ်နေကျလို ဖြစ်လာနေသည်ဟု လည်း ဆိုသည်။

 

ယခုထိ ဖမ်းဆီးခံထားရသော လူ ၂၁,၀၀၀ ခန့်သည်လည်း ရှေ့နေများ နှင့် တွေ့ခွင့်ရဖို့ မဆိုထားဘိ၊ မိသားစု နှင့် ပင် တွေ့ခွင့်မရ အဆက်အသွယ် ပြတ်နေသည်ဟု လည်း အသိပေးခဲ့ကြသည်။

 

အဖွဲ့ဝင် နိုင်ငံများ အနေဖြင့် စစ်ခေါင်းဆောင်များ၏ အသိအမှတ် ပြုခံရရေး အတွက် လုပ်လာသည့် "ရွေးကောက်ပွဲ" အား အသိအမှတ် မပြုဖို့ လည်း တောင်းဆိုလိုက်ကြသည်။

 

ယခုအခါ ‌‌ဒေါ်နယ် ထရန့် သည် ဂျိုး ဘိုင်ဒင်၏ မူဝါဒ များကို ပြောင်းပြန် လှန်ပစ်မည့် လူ ဖြစ်နေ၍ ထိုအထဲတွင် မြန်မာ နိုင်ငံ ပိုင် ဒေါ်လာ ၁.၃ ဘီလီယံ ကို ထိန်းချုပ်ထားမှု ကို ပယ်ဖျက်မည်လား ဟု မေးခွန်းများ ထွက် ပေါ်နေသည်။ 

 

ထို့အတွက် ပထမ ဦးစွာ အမေရိကန် အနေဖြင့် NUG ကို အသိအမှတ် ပြုဖို့ လိုအပ်လာသည်၊ ထိုသို့ လုပ်မည်ဆိုက အမေရိကန် အနေဖြင့် တရုတ်ဩဇာ သက်ရောက်နေမှု ကို တန်ပြန်ရန် အကုန်အကျ နည်းနည်း နှင့် အကျိုးအမြတ် များများ ရမည့် မဟာဗျူဟာမျိုး ဖြစ်သည်ဟု ယူရေးရှား ရီဗြူးတွင် ဆောင်းပါးရှင် နီကိုလပ်စ် ကောင်းမှ ထောက်ပြထားသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!