မင်းအောင်လှိုင် ဖမ်းဝရမ်း အပေါ် လေ့လာသူများ၏ သုံးသပ်ချက်

by Hla Soewai - Dec 02 2024

ဗြိတိန် အခြေစိုက် ဘားမား ကမ်ပိန်း မှ အိုင်စီစီ ၏ မင်းအောင်လှိုင် အား ဖမ်းဝရမ်း ထုတ်ရန် စီစဉ်လာမှု ကို ကြိုဆိုလိုက်သည်။

 

ယင်းကိစ္စသည် လုပ်သင့်သည်မှာ ကြာမြင့်လှပြီ ဖြစ်ပြီး မြန်မာ နိုင်ငံ တဝှမ်းလုံးက ကြိုဆိုကြမည်သာ ဖြစ်သည်ဟု အမှုဆောင် ဒါရိုက်တာ အင်နာ ရောဘတ်က ဆိုသည်။ ၎င်းတို့ ဖက်က ရှက်ရှက် နှင့် ပမာမခန့် လုပ်လာမည်သာ ဖြစ်သော်လည်း တကယ်တမ်းတွင်မူ စစ်တပ် တခုလုံး တုန်လှုပ်သွားမည်သာ ဖြစ်သည်။ ၎င်းတို့၏ လုပ်ချင်တိုင်း လုပ်ခွင့် ရနေသည့် နေ့ရက်များ ‌အဆုံးသတ် သွားတော့မည် ဆိုသည်ကို သိလာကြ၍ ဖြစ်သည်ဟု မှတ်ချက်ချခဲ့သည်။

 

အိုင်စီစီ ရှေ့နေချုပ် ကာရင် ခန် မှ ၂၀၁၉ ကတည်းက စခဲ့သည့် ၎င်း၏ စုံစမ်းစစ်ဆေးနေမှု များ အသစ်တဖန် အာရုံစိုက်စရာ များ ထွက်ပေါ်လာ၍ ဖြစ်သည်ဟု ပြောလာသည်။

 

မြန်မာ အရေး လေ့လာသူ ဒေးဗစ် မေသီဆန်က အစ္စရေး ဝန်ကြီးချုပ်၊ ကာကွယ်ရေး ဝန်ကြီး ဟောင်း နှင့် ဟားမားစ် စစ်ခေါင်းဆောင် တို့ အပေါ် ဖမ်းဝရမ်း ထုတ်ပြီး ရက်အနည်းငယ် အကြာ ထွက်ပေါ်လာခြင်း ဖြစ်၍ ၎င်းတို့ဖက်မှ ဘက်လိုက်မှု မရှိသည်ကို ပြနိုင်ရန် နိုင်ငံရေးအရ အသုံးတည့်နေသည့် ရိုဟင်ဂျာ အရေးကို အသုံးချလိုက်ခြင်း ဖြစ်သည်ဟု မှတ်ချက်ချခဲ့သည်။

 

နိုင်ငံ တကာ အကျပ်အတည်း များ လေ့လာရေး အဖွဲ့၏ မြန်မာအရေး တာဝန်ခံ ရစ်ချတ် ဟိုဆေး ကမူ ပူတင် သည်လည်း ဖမ်းဝရမ်း ထုတ်ခံထားရ၍ မင်းအောင်လှိုင် မှ ဆရာတပည့် နှစ်ယောက် အတူတူ ဖြစ်သွားပြီဆိုကာ ဂုဏ်ပြု တံဆိပ် ချီးမြှင့် ခံရသည့်အလား ဂုဏ်ယူကောင်း ဂုဏ်ယူနေမည် ဖြစ်သည်ဟု ဆိုသည်။

 

ဤသည်ကလည်း ၎င်း၏ စဉ်းစားတွေးခေါ်မှု အတိုင်းအတာ ကို သဘောပေါက်နေ၍ ထိုသို့ မှတ်ချက်ချလိုက်ခြင်းသာ ဖြစ်ပေမည်။

 

ဖမ်းဝရမ်း အတည်ဖြစ်လာက အိုင်စီစီ အဖွဲ့ဝင် ၁၂၄ နိုင်ငံစလုံးက ၎င်းအား ဖမ်းဆီးပေးရန် တာဝန် ရှိလာပြီ ဖြစ်သည်။ သို့သော် မင်းအောင်လှိုင်သည် အိုင်စီစီအဖွဲ့ဝင် မဟုတ်‌ သော ၎င်း၏ ဆပ်ပလိုင်ယာ များ ဖြစ်သည့် ရုရှား၊ တရုတ် တို့ကိုသာ ခရီးထွက် နိုင်သည့် လူမျိုး ဖြစ်နေသည်။

 

မင်းအောင်လှိုင်သည် ပြည်တွင်းရှိ စီမံကိန်းများ၊ လယ်ယာလုပ်ငန်းများ၊ ၎င်း၏ ဒဏ်ရာရ စစ်သားများအား သွားရောက်ကြည့်ရှုခြင်းဖြင့် အချိန်ကုန်နေတတ်သူ ဖြစ်သည်။ ဤသည် ကိုပင် ကြိုတင် အသိပေးခြင်း မရှိဘဲ သွားရောက်တတ်သူ ဖြစ်သည်။

 

ထို့အတွက် ၎င်းအား ဖမ်းဆီးနိုင်ရန် အခွင့် အလန်းသည် ပြည်ပသို့ ခရီး ထွက်မှသာ ဖြစ်နိုင်သည်ဟု စင်္ကာပူ ၏ အစိုးရ အာဘော် တပိုင်း ဖြစ်‌ သော စထရိတ် တိုင်းမ် သတင်းစာမှ ဗြောင်ကျကျ ပင် ရိုက်တာ သတင်းကို ဖေါ်ပြ လာသည်။

 

မင်းအောင်လှိုင် သည် အိုင်စီစီ အဖွဲ့ဝင် မဟုတ်သည့် နိုင်ငံများသို့သာ ရွေးသွားမည့် လူ ဖြစ်၍ ထိုသို့သော အခွင့်အရေး များ ရနိုင်မည် မဟုတ်ဟု ဒေးဗစ် မေသီဆန် က ဆိုသည်။

 

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး၏ အတွင်းရေး မှုး ချုပ် ဖြစ်သူ အက်ဂနက်စ် ကာလာမတ် က မင်းအောင်လှိုင်သည် နိုင်ငံတွင်း ဆိုးဝါးစွာ ဖြစ်ပေါ်နေသော လူ့အခွင့် အရေး ချိုးဖောက်နေမှု များ၏ ဗဟိုချက်မကြီး ဖြစ်နေ၍ ၎င်းအား ဖမ်းဆီးရေး အတွက် ဝရမ်း ထုတ်ပြန် ကြိုးပမ်းလာမှု သည် ပြတ်သားသော လုပ်ရပ် ဖြစ်သည်ဟု ဆိုကာ ကြိုဆိုလိုက်သည်။

 

မြန်မာ တွင် ထင်ရာစိုင်း လုပ်နိုင်ခွင့် ဆိုသည့် စည်း ကျိုးပေါက်သွားပြီဟု လည်း ဆိုသည်။

 

မြန်မာ အရေး အထူး အကြံပေး ကောင်စီ မှ အိုင်စီစီ၏ ကြေညာချက်သည် အချိန်နှင့် တ‌ ပြေးညီ ထွက်ပေါ်လာခြင်း ဖြစ်သည်. မှတ်ချက်ချခဲ့သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ ယာယီ သမ္မတကြီး ဒူးဝါး လရှီးလ မှ အိုင်စီစီ ၏ လုပ်ရပ် အ‌ပေါ် ကြိုဆိုကြောင်း ပြောကြားလိုက်ပြီး၊ မြန်မာ ပြည်သူများ အထူးသဖြင့် ရိုဟင်ဂျာ များ အတွက် တာဝန်ခံယူ နိုင်မှု ထွက်ပေါ်လာတော့မည်ဟု ဆိုသည်။

 

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဌာန ကမူ အိုင်စီစီ သည် တရားသဖြင့် မျှမျှတတ ရှိရမည်၊ ပေးအပ်ထား‌သော တာဝန်များကိုလည်း နှိုင်းနှိုင်းချိန်ချိန် လုပ်သင့်သည်ဟု ပြောလာခဲ့သည်။

 

အိုင်စီစီ ရှေ့နေချုပ် ကာရင် ခန် မှ ၂၀၁၉ မှ စ၍ စစ်တပ်၊ ရဲ ၊ နယ်ခြားစောင့် တပ် နှင့် ရိုဟင်ဂျာ မဟုတ်သည့် အရပ်သား များကို အကျအန စုံစမ်း စစ်ဆေးခဲ့မှု အပေါ် အခြေခံသည့် ဖမ်းဝရမ်း ဖြစ်ပြီး မင်းအောင်လှိုင်သာ မက နောက်ထပ်လည်း ထွက်လာဖို့ ရှိနေသည်ဟု ပြောဆိုခဲ့သည်။

 

ဘင်္ဂလားဒေ့ရှ် အိမ်စောင့် အစိုးရ၏ ရိုဟင်ဂျာ တာဝန်ခံ ဖြစ်သူက ယင်းသည် "အရေးပါသော ခြေလှမ်း တရပ် ဖြစ်ပြီး တရားမျှတမှု နှင့် တာဝန်ခံ မှု ရှိလာတော့မည် ဖြစ်သည်ဟု မှတ်ချက်ချခဲ့သည်။

 

လက်ရှိတွင် တော့ အမျိုးဘာသာ သာသနာ စောင့်ရှောက်သူ ကြီးသည် နိုင်ငံတကာ အလယ်တွင် ဖမ်းဝရမ်း ထုတ်ခံရတော့မည့် ရာဇဝတ်သားကြီး အဖြစ် ရှုမြင်ခံနေရပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!