ခြံစည်း ရိုး ပေါ် ခွ ထိုင်နေကာ ဟိုဖက် ဟန့်လိုက်၊ ဒီဖက် ချောကလက် ကျွေးလိုက် လုပ်နေသော တရုတ်ကြီးသည် စစ်တပ် အဖို့ သာခွေ ယိုင် ဖြစ်လာနေသည့် အဖြစ်ကြောင့် ယခုအခါ ခြံစည်းရိုး ပေါ် မှ တဖက်သို့ ပြောင်ပြောင်တင်းတင်းပင် ခုန်ဆင်းလာရပြီ ဖြစ်သည်။
မြန်မာနောင်း မှ စစ်ကောင်စီ၏ နိုင်ငံခြား စီးပွား ဆက်ဆံရေး ဌာနမှ ပေါက်ကြားလာသော စာရွက်စာတမ်း များ အရ တရုတ်သည် ၎င်းတို့အား ယွမ် တစ်ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၃၈ သန်း) ပေးမည်ဟု ဖွင့်ချလာခဲ့သည်။
ထိုငွေများအား သန်းကောင်စာရင်း၊ အခြေခံ အဆောက်အအုံ စီမံကိန်း ၂၀ နှင့် ထောက်လှန်းရေး စနစ် များ အတွက် နည်းပညာ အကူအညီ ပေးရေး တို့ အတွက် ဖြစ်သည်ဟု ဆိုသည်။
မင်းအောင်လှိုင်၏ ကူမင်း ခရီးစဉ် အတွင်း အပြီးသတ် သဘောတူ ညီ မှု ရလာခဲ့ခြင်း ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။
တရုတ်သည် ၎င်းတို့၏ အကျိုးစီးပွား များ မြန်မာနိုင်ငံ အတွင်း မြုပ်နှံထားပြီး ဖြစ်၍ နိုင်ငံတကာ အလယ်တွင် မကောင်းဆိုးဝါး များဟု အမည် ပေါက်နေသူ များကို နာမည်ပျက် ခံပြီး ကြိတ်မှိတ် ပံ့ပိုး ပေးနေရခြင်း ဖြစ်သည်၊ ဤသည်ကို ကြည့်၍ ဘီဂျင်းရှိ ကွန်မြူနစ် များသည် ငွေရလျင် ဘာမဆို လုပ်ရန် ဝန်မလေး ဆိုသည့် တံဆိပ် ကပ်ခံလိုက်ရပြီ ဖြစ်သည်၊ ဤသည်ကပင် စစ်ခေါင်း ဆောင်များ အား ပံ့ပိုးပေးနေမှု အတွက် တရုတ် တို့ ပေးဆပ်လိုက်ရသော တန်ဘိုး ပင် ဖြစ်သည်။
စစ်တပ်သည်လည်း တိုင်းရင်းသား လူမျိုးစု ဝင်များကို ဗုံးကြဲ သတ်ဖြတ်နေရသည့် အဖွဲ့ ဖြစ်လာခဲ့သည်။
နိုင်ငံတကာရှိ မြန်မာ အရေး လေ့လာသူ တတ်သိ ပညာရှင်များကလည်း ထရန့် အစိုးရသစ် အား ဆက်ပြီး လက်ပိုက် ကြည့်နေ၍ မရတော့ဘဲ BURMA ACT အား အမြန် အကောင်အထည် ဖေါ်ပေးရန် တိုးတိုးတမျိုး ကျယ်ကျယ် တမျိုး တောင်းဆိုနေကြပြီ ဖြစ်သည်။
တရုတ်နှင့် စစ်ကောင်စီ ဆရာ တပည့် နှစ် ယောက်သည် တာဝန် အသီးသီး ခွဲဝေ ယူလာကြသည်။ မင်းအောင်လှိုင်သည် ရခိုင်၊ ကချင်၊ ရှမ်းမြောက်ဒေသများရှိ အရေးစိုက်ဟန် မရှိပဲ ထိုဒေသ ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို တရုတ် မှ ကိုင်တွယ်သွားရမည် ဖြစ်သည်။
၎င်း၏ အဓိက ရန်သူသည်က နိုင်ငံ အလယ်ပိုင်း အထိ ရောက်ရှိ နေသော အမျိုးသား ညီညွတ်ရေး အစိုးရ ၏ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များပင် ဖြစ်သည်ဟု ခံယူထားသည်။
စင်္ကာပူ ကာကွယ်ရေး ဝန်ကြီး Ng Eng Heng မှ လာအိုတွင် ပြုလုပ်သော ကာကွယ်ရေး ဝန်ကြီး များ အစည်းအဝေး တွင် မြန်မာ မှ "လက်စားချေ အရွဲ့တိုက်" လာသည့် အတွက် အာဆီယံ နှင့် တရုတ်၊ ရုရှား၊ အိန္ဒိယ၊ အမေရိကန် အပါအဝင် နိုင်ငံ ရှစ်နိုင်ငံ နှင့် ကာကွယ်ရေး လုပ်ငန်း များ ပူးပေါင်း ဆောင်ရွက်ရေး ရှေ့မတိုး နိုင် ဖြစ်လာနေသည်ဟု ထုတ်ဖေါ်ပြောဆိုလိုက်ပြီး ထိုသို့ လုပ်ရပ်မျိုး ရှောင်ရှားသင့်သည်ဟု သတိပေးလိုက်သည်။
ယခုအခါ မြန်မာ စစ်ခေါင်းဆောင်များသည် တရုတ် လက်အောက်ခံများ အဖြစ် လုံးလုံးလျားလျား ရောက်သွားပြီ ဖြစ်၍ အင်အားကြီး နိုင်ငံ များ အကြား အာဆီယံ၏ ကြားနေရေး သည် ခြိမ်းခြောက်ခံလာနေရပြီ ဖြစ်သည်။
စင်္ကာပူ တက္ကသိုလ် လူမှုရေး သိပ္ပံ ဌာ န တွဲဖက် ပါမောက္ခ အန်တိုနီယို ရာပါ က ၎င်းတို့နှင့် ရှီကျင့်ပင် ဆက်ဆံရေး နှင့် ရှေ့လျောက် တရုတ်၏ အခန်းကဏ္ဍ မည်သို့ မည်ပုံ ရှိလာမည် ဆိုသည့် ပြဿနာ ရှိလာနေသည်ဟု ဆိုသည်။
ယခုအခါ တွင် တရုတ်မှ မသွယ် ဝိုက်တော့ပဲ ဗြောင်ကျကျ ရပ်တည် ပေးလာနေသည့် အတွက် အာဆီယံ၏ အချက် ငါးချက် အကောင်အထည် ဖေါ်လာရေး ဆိုသည်က ဝေးသည်ထက် ဝေးကွာသွားပြီ ဖြစ်သည်။
နောက်နှစ် ဥက္ကဌ ဖြစ်လာမည့် မလေးရှား အဖို့ ပြတ်ပြတ်သားသား ကိုင်တွယ်ရန် တာဝန်ကျလာနေပြီ ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!
Illustration credit - Radio Free Asia