ယခု တင်ပြသည့် အကြောင်းအရာများသည် မြန်မာ အရေး ထိတ်တန်း ပညာရှင် များ ဖြစ်သည့် အဒမ် ဆင်ဆမ် နှင့် နီကိုလပ်စ် ဖာရယ်လီ တို့ ရေးသားသည့် Myanmar: Politics, Economy and Society စာအုပ် မှ ဖြစ်သည်။
အဒမ် ဆင်ဆမ်သည် တောင်ဩစတေးလျှ တက္ကသိုလ်မှ စီနီယာ ကထိက တဦး ဖြစ်ပြီး ဖာရယ် လီ သည် တက်စ်မေးနီယား တက္ကသိုလ်မှ ပါမောက္ခ တဦး ဖြစ်သည်။
လက်ရှိ မြန်မာ ရင်ဆိုင်နေရသော နိုင်ငံရေး၊ စီးပွားရေး နှင့် လူမှုရေးပိုင်း ဆိုင်ရာများကို သမိုင်း မှတ်တမ်း မှတ်ရာ အဖြစ် တိတိကျကျ သုံးသပ်ထားပြီး ၂၀၂၃ အောက်တိုဘာ ၁၉ ရက်တွင် ဖြည့်စွက်ချက်များ နှင့် အတူ ဒုတိယ အကြိမ် ပြန်လည် ထုတ်ဝေခြင်း ဖြစ်သည်။
လွတ်လပ်သော မြန်မာ နိုင်ငံ၏ သမိုင်း တွင် အာဏာရှင်များ၊ လစ်ဘရယ် မဆန်ခဲ့သော နိုင်ငံရေး အစိုးရများ ပြတ်လပ်သည် ဟူ၍ မရှိဟု ဆိုရမည် ဖြစ်သည်။ ထို့အတွက် တိုင်းပြည်အား လူထု ကိုယ်စားပြု အုပ်ချုပ်ခွင့် စနစ် ကို ခေါင်းမထောင်နိုင်အောင် ဖိနှိပ်ထားခဲ့မှု နှင့် အတူ စီးပွားရေး တိုးတက်ရာ တိုးတက်ကြောင်း အခွင့်အလန်းများလည်း ဆုံးရှုံးခဲ့ရသည်။
၂၀၁၁ မှ ၂၀၂၁ အကြား နိုင်ငံရေး နှင့် စီးပွားရေး ပြုပြင် ပြောင်းလဲခဲ့သည့် ကာလ အားလည်း ယခုအခါ ကြားကာလ ယာယီ အပြောင်းအလဲ တခုမျှသာ ဟု ယူဆ ရပေတော့မည်။ ထိုကာလ သည် မြန်မာ့ လူ့အဖွဲ့အစည်း အတွက် မျှော်လင့်ချက်များ နှင့် အခွင့်အလန်းများ ပထမဆုံး အကြိမ် ဖန်တီးပေး နိုင်ခဲ့သည့် ကာလ ဟုလည်း ပြော၍ ရပေသည်။ ထိုအထဲတွင် ဘေးဖယ်ထုတ် ခံထားရသည့် ရိုဟင်ဂျာ မူဆလင် များ အဖို့ ထို အခွင့်အလန်းများကို ဆုပ်ကိုင်နိုင်ခြင်း မရှိခဲ့ပေ။
နိုင်ငံ ၏ အုပ်ချုပ်ရေး နှင့် စီးပွားရေး အခွင့်အလန်းများ တိုးတက်လာနေပြီ ဆိုကာ ပြည်သူများ အားရ ဝမ်းသာ ရှိလာခဲ့မှု သည် ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက် ကူးပြောင်းချိန်တွင် တော့ အခိုးအငွေ့ အဖြစ် နေ့ချင်းညချင်း ဆိုသလို ပျောက်ကွယ်သွားခဲ့ရပေတော့သည်။
ထိုနေ့သည် ၂၀၂၀ နိုဝင်ဘာ တွင် ပြုလုပ်ခဲ့သော အထွေထွေ ရွေးကောက်ပွဲကြီး အပြီး ပထမဆုံးအကြိမ် အဖြစ် ပြည်သူ့လွှတ်တော် ခေါ်ယူ ကျင်းပမည့် နေ့လည်း ဖြစ်သည်။ ထိုရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နှင့် မဟာမိတ်များက တောင်ပြို ကမ်းပြို အနိုင်ရရှိခဲ့သည်။
အာဏာသိမ်းသည့် မနက်မှာပင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့် နှင့် အခြား ထိတ်တန်း NLD ခေါင်းဆောင်များအား ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင် ဦးဆောင်သော စစ်တပ်မှ လုပ်ကြံဖန်တီးထားသည့် စွဲချက်များဖြင့် ဖမ်းဆီးလိုက်ကြသည်။
ထိုအချိန်သည် မြန်မာ လူ့အဖွဲ့အစည်း တခုလုံးသည် ကိုဗစ် ကပ်ရောဂါဆိုးကြီး၏ ဗြောင်းဆန်အောင် မွှေ နှောက်ခြင်းကို အလူးအလဲ ခံနေရချိန်လည်း ဖြစ်သည်။
စစ်တပ်၏ အာဏာသိမ်းသည့် လုပ်ရပ် ကြောင့် လူထု နှင့် မည်သို့မျှ ရင်ကြားပြန်စေ့၍ မရတော့သည်အထိ ကွဲပြဲ ထွက်သွား မှု ကြောင့် နိုင်ငံတွင်း ကာလ ကြာမြင့်စွာ ကတည်းက ရှိနှင့်ပြီး ဖြစ်သော လူမျိုးစုရေး နှင့် လူ့အဖွဲ့အစည်း ဝင်များ အကြား ကွဲပြား နေမှု များကို လည်း ယခုအခါ လုံးလုံးလျားလျား အဓိပ္ပါယ် ပြန်လည် ဖွင့်ဆို သတ်မှတ်ရဖို့ ဖြစ်လာခဲ့သည်။
၂၀၁၇ အတွင်း ရိုဟင်ဂျာ များ အပေါ် ကျုးလွန်ခဲ့မှု များ နှင့် ၂၀၁၉ တွင် ဒေါ်အောင်ဆန်းစုကြည်မှ နိုင်ငံတကာ တရားရုံးသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး အကာအကွယ် ပေးခဲ့မှု များ ကြောင့် နိုင်ငံတကာ အလယ်တွင် NLD အစိုးရ၏ အရောင်သည် မှေး မှိန် ကျဆင်းခဲ့ရသည်။
သို့သော်လည်း ဒုတိယ သက်တမ်း အတွက် ရွေးကောက်ပွဲ တွင် အပြတ်အသတ် အနိုင်ရရှိလာခဲ့သော NLD အစိုးရ အပေါ် အကောင်းဖက်မှ ရှုမြင်လာခဲ့ကြသည်၊ NLD သည် လည်း ယုံကြည်မှု အပြည့်အဝ ဖြင့် ပြုပြင် ပြောင်းလဲရေး လမ်းကြောင်းကို ဆက်လျောက်ရန် ခြေလှမ်းပြင်ဆင် လာခဲ့သည်။ ထိုအထဲတွင် မြန်မာ နိုင်ငံရေး ၏ နေ့စဉ် ဘဝ တွင် ပါဝင် ပတ်သက်နေသော စစ်တပ်၏ အခန်းကဏ္ဍကို လျော့ချဖို့ အရေးသည်လည်း ပါဝင်လာခဲ့သည်။
ဤသည်ကို ကောင်းစွာ သိထားပြီး ဖြစ်သော စစ်တပ်သည် လည်း နေပြည်တော်ရှိ အမှောင်ရိပ် နောက်မှ စိုးရိမ် ထိတ်လန့် ထိတ်လန့် ကောင်း ထိတ်လန့်လာကြမည် ဖြစ်သည်၊ ဤသည်ကပင် အစိုးရ အဖွဲ့သစ် ကျမ်းသစ္စာ မကျိမ်ဆို မီ မှာပင် အာဏာသိမ်းဖို့ ဆုံးဖြတ်ပြီး လှုပ်ရှားလာခဲ့ခြင်း၏ အကြောင်းရင်းလည်း ဖြစ်သည်။
၎င်းတို့ စိတ်ထဲ မျှော်လင့်ထားသည်က မြန်မာလူထု သည် အာဏာသိမ်းမှု ကို ယခင်လိုပင် ခေါင်းငုံသည်းခံနေကြ လိမ့်မည် ဟူ၍ ဖြစ်သည်။ သို့သော် နိုင်ငံ အား ၂၀၁၁ ရှေ့ပိုင်း အနေအထားသို့ နောက်ကြောင်း ပြန်လှည့်မည့် လုပ်ရပ်ကို လူထု သည် ၎င်းတို့ ထင်သလို သည်းညည်း ခံမနေကြတော့ပေ။
ဝါးလုံးခေါင်းထဲ လသာနေသော မင်းအောင်လှိုင်သည် မြန်မာ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဘဝ များ လုံးဝ ဥသုံ ပြောင်းလဲနေပြီ ဆိုသည်ကိုလည်း သဘောမပေါက် နိုင် ဖြစ်နေသည်။
ထို့အတွက် ဆယ်စုနှစ် တစုလုံး နိုင်ငံရေး လွတ်လပ်ခွင့်များ တစထက် တစ ရရှိလာနေသော မြန်မာလူထု သည် စစ်အုပ်ချုပ်ရေး ပြန်လည် သွတ်သွင်းလာမည့် အရေးကို မည်သို့မျှ လက်ခံကြမည် မဟုတ်သည်ကို ၎င်း အာဏာသိမ်းခဲ့သည့် နေ့မှာပင် ကျွနုပ်တို့ အခိုင်အမာ ပြောဆို ခဲ့ကြပြီး ဖြစ်သည်။
ထိုစဉ်က ကျွနုပ်တို့ ၏ ပြောဆိုမှု များသည် တကယ်တမ်း ဖြစ်ပျက်လာခဲ့သည် များ ကို လျော့ပေါ့ ပြောသလို ဖြစ်သွားခဲ့ရသည်။
အာဏာသိမ်းသည်ကို လူထု တရပ်လုံး အုံကြွ ဆန့်ကျင်ခဲ့ကြပြီး ဝန်ထမ်းများကလည်း အကြမ်းမဖက် အာဏာ ဖီဆန့်ရေး လှုပ်ရှားမှု ကို စတင်လာခဲ့သည်။ နိုင်ငံတဝှမ်းလုံး ရှိ လူထု တရပ်လုံး ဒေါသတကြီး ဖြင့် တုန့်ပြန်ခဲ့ကြသည့် အဖြစ် ကို လည်း အားလုံးက စာနာ နားလည် ပေးခဲ့ကြသည်။ ကနဦး တွင် စစ်တပ်က ထိန်းထိန်းသိမ်းသိမ်း ဖြင့် တုန့်ပြန်ခဲ့ကြသည်။
သို့သော် ဆန္ဒပြ ကန့်ကွက် မှု များသည် တနေ့ထက် တနေ့ အရှိန် ရလာပြီး ပြီးဆုံးမည့် အရိပ်အယောင် မတွေ့ရသည့် အခါတွင်တော့ စစ်တပ် နှင့် ရဲများက လူအုပ်ကြီးထဲသို့ ကျည်အစစ်များ နှင့် ရမ်းသမ်း ပစ်ခတ်လာကြသည်။ ဆန္ဒပြသူများ နှင့် NLD နိုင်ငံရေး သမား များကို ဖမ်းဆီးပြီး သေသည်အထိ ညှင်းပမ်း နှိပ်စက်ကြသည်။
ထို့နောက်တွင် တော့ အမျိုးသား ညီညွတ်ရေး အစိုးရ ဟူ၍ စင်ပြိုင် ထူထောင်လာကြပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ကို ပါ ဖွဲ့စည်းလာကြသည်။ ယင်းနှင့် အတူ ပြည်တွင်းစစ်ကြီးသည် နယ်စပ်ဒေသများ တွင်သာ မဟုတ်တော့ပဲ နိုင်ငံ၏ မြို့ကြီး များအထိ ပါ ကူးစက်လာခဲ့ပေတော့သည်။
၎င်းတို့ ၏ အိမ်မက်များကို ရက်စက်စွာ ချေဖျက်ခံခဲ့ရသည့် မြန်မာ ပြည်သူများသည် မည်သို့မျှ ခေါင်းငုံ့ လည် စင်းပြီး ၂၀၀၈ ဖွဲ့စည်းပုံ အောက် ပြန်ဝင်ကြမည် မဟုတ်တော့၊ စစ်တပ်သည်လည်း NLD နှင့် သက်တောင့်သက်သာ အေးအေးလူလူ ဆက်ဆံနေသည့် အဖြစ်ကို စွန့်လွှတ်ခဲ့ကြ၍ လည်း ပြည်သူတရပ်လုံး၏ မဆုပ်မနစ် ဆန့်ကျင် တွန်းလှန်မှု များ နှင့် ရင်ဆိုင်နေကြရပြီ ဖြစ်သည်၊ ၎င်းတို့အားလည်း မည်သို့မျှ အခဲမကြေတော့ဘဲ အနာဂတ် နိုင်ငံ အုပ်ချုပ်ရေး တွင် မည်သည့် နည်းနှင့်မျှ နေရာပေး၍ မရတော့မှန်း လည်း သဘောပေါက် လာကြပြီ ဖြစ်သည်။
မင်းအောင်လှိုင် နှင့် စစ်ခေါင်းဆောင်များ အလွဲလွဲ အချော် ချော် ဆုံးဖြတ်ကာ ကျူးလွန်ခဲ့ကြသည့် အမှားကြောင့် နိုင်ငံ သည် အတော်လေး ပျက်စီးယို့ယွင်း သွားခဲ့ရသည့် အပြင် ရှေ့လျောက် စစ်တပ် နှင့် အရပ်ဖက် အုပ်ချုပ်ရေး အကြား ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင်သွားနိုင်မည့် အခွင့် အရေးများလည်း ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သည်။
မြန်မာ ပြည်သူများ၏ ဆိုးဝါးလှသော စိတ်မကောင်း ဖွယ်ရာ တွေ့ကြုံ ခံစားနေရမှု များကို ပြေလည် စေနိုင်ရန် လွယ်လင့်တကူ ဖြေရှင်း၍ ရမည့် အနေအထားတော့ မရှိသေးပေ၊ အမျိုးသား ညီညွတ်ရေး အစိုးရအား နိုင်ငံတကာမှ သံတမန်ရေး၊ စစ်ရေး နှင့် ရုပ်ဝတ္ထု ပိုင်း အကူအညီ ပေးနိုင်မှသာ မြေပြင် အနေအထားများကို အလွယ်တကူ ပြောင်းလဲသွားအောင် လုပ်နိုင်မည် ဖြစ်သည်။ ဤသည်ကလည်း အားလုံးက ယူကရိန်း အပေါ် အာရုံ စိုက်နေ၍ လတ်တလော ဖြစ်လာဖို့ မရှိသေးဟု ဆိုရမည် ဖြစ်သည်။
၂၀၂၁ အာဏာသိမ်းပွဲ ကို သမိုင်း ဆိုင်ရာ ရှု့ထောင့်မှ သုံးသပ်ထားချက် ကို အခြေအနေ ပေးလျင် ပေးသလို ဆက်၍ တင်ပြသွားပါမည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!