မြန်မာတို့၏ သုံးနှစ်ကြာ ပြည်တွင်းစစ်သည် နိုင်ငံ တကာ၏ အမေ့ခံ ဖြစ်မသွားခဲ့လျင် ဖြေရှင်း၍ ရနိုင်ဖွယ် ရှိသည်ဟု အချို့က ပြောဆိုနေကြသည်။
ကု လ အထူး သံ ဂျုလီ ဘစ်ရှော့သည် အထွေထွေ ညီလာခံ ၏ ကော်မတီ ရှေ့မှောက်တွင် မြန်မာ ပဋိပက္ခသည် အမေ့လျော့ခံ ဖြစ်လာနိုင်သည့် အရေး ကြုံလာရနိုင်သည် ဟု ထုတ်ဖေါ် ပြောဆိုခဲ့သည်။
သို့ဆိုက အဆိုပါ ပဋိပက္ခသည် ဘယ်သူတွေ၏ အမေ့ခံ ဖြစ်နေရသနည်းဟု ဆောင်းပါးရှင် David Hutt က အစချီကာ RFA တွင် မေးခွန်းထုတ်လာခဲ့သည်။
ထိုအထဲတွင် နိုင်ငံတွင်းရှိ ၅၄ သန်းသော လူများ ပါနေကြပြီလား၊ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရသော လူ သုံးသန်းခန့်ကကော၊ ဒုက္ခသည် စခန်းများ တွင် အရှင်လတ်လတ် ငရဲကျသလို နေ နေကြရသည့် ရိုဟင်ဂျာ များကကော မေ့ကုန်ကြပြီလား။
ထိုပဋိပက္ခ ကြောင့် ယခုတိုင် ဒုက္ခသုက္ခ မျိုးစုံ ခံစားနေကြရသည့် မြန်မာပြည်သူများကတော့ သေချာ ပေါက် မေ့နိုင်ကြမည် မဟုတ်ပေ။
အကယ်၍ နိုင်ငံတကာက မေ့မသွားကြလျင်ကော ၎င်းတို့၏ အခြေအနေများ တိုးတက်မှု ကော ရှိလာမည်လား ဆိုသည်က မေးစရာ ဖြစ်လာသည်။
ပွင့်ပွင့်လင်းလင်း ပြောရမည် ဆိုလျင် အနောက်တိုင်း ဒီမိုကရေစီ နိုင်ငံများနှင့် ကုလ က ဝင်စွက်ဖက် လာမည် ဆိုလျင်ပင် နှစ်ပေါင်းများစွာ ကြာပေဦးမည်။
အာဆီယံသည်လည်း ယခုလို ဖြေရှင်းရန် ကြိုးစားနေသည်ဟု အယောင်ဆောင် မနေပဲ ၂၀၂၁ ဧပြီလ ကတည်းက စတင်ခဲ့သည့် အချက် ငါးချက် ကို ထိထိရောက်ရောက် လုပ်ပေးရမည် ဖြစ်သည်။
တကယ်တမ်းတွင် မြန်မာပြဿနာသည် ၂၀၂၁ ဖေဖေါ်ဝါရီ ကတည်းက စတင်ခဲ့သည်မဟုတ်၊ ထိုသို့ ပေါက်ကွဲ ထွက်လာရန် ၁၉၅၀ ကျော် နှစ်များ အတွင်း ကတည်းက အစပျိုး နေခြင်း ဖြစ်သည်။ လွတ်လပ်ရေး ရပြီးကတည်းက စစ်တပ်သည် တိုင်းပြည် အာဏာကို အရပ်သား အစိုးရနှင့် လွှဲထားရန် မယုံကြည်သည့် စိတ်က လွှမ်းမိုးနေ၍ ဖြစ်သည်။ ယခုအခါ လူထု တရပ်လုံးက ထိုသို့ မယုံကြည်မှု များ နှင့် ၎င်းတို့ အပေါ် သံကြိုးအထပ်ထပ် ချည်နှောင် နဖားကြိုး ထိုးလာသည့် သက်ဦး ဆံပိုင် ပုံစံ အုပ်ချုပ်ရေးစ နစ် မှ အပြီးအပိုင် ရုန်းထွက်ရမည် ဆိုသည့် တာဝန်ကြီးကို ထမ်းဆောင်လာခြင်းပင် ဖြစ်သည်။
နိုင်ငံတကာ အနေဖြင် ဆုံးဖြတ်ရမည်က တင်းပြည့် ကျပ်ပြေ့ အာဏာရှင် စနစ် ဖြင့် ရှေ့လျောက်ဆက်ဆံသွားမည်လော၊ သို့တည်းမဟုတ် ၂၀၁၆-၂၁ လို စစ်တပ်မှ အချိန်မရွေး အာဏာသိမ်းနိုင်သည့် ဒီမိုကရေစီ တပိုင်း ပုံစံမျိုး ကို လက်ခံကြမည်လော၊ သို့တည်း မဟုတ်က စစ်မှန်သည့် ဒီမိုကရေစီ စနစ် ဖြစ်ထွန်းရေး ကို ရည်ရွယ် လုပ် ဆောင် ကြမည်လော ဆိုသည်ပင် ဖြစ်သည်။
မင်းအောင်လှိုင် နှင့် တွေ့ခဲ့သည့် ဂျုလီ ဘစ်ရှော့မှ တဦး နှင့် တဦး အပြတ်ဖြုတ်မည့် zero-sum ပုံစံမျိုး ရှေ့ဆက်၍ မဖြစ်တော့ဘဲ၊ အားလုံး သဘောတူ မည့် ဖြေရှင်းချက် နှင့် ရင်ကြားစေ့နိုင်မှ ဖြစ်မည်ဟု ပြောခဲ့သည်။ သို့သော် ပြည်တွင်း ပဋိပက္ခ မှန်သမျှ သည် သူနိုင်လျင် ကိုယ်ရှုံး မည့် အနေအထားမျိုး ဖြင့်သာ အမြဲလို ပြီးစီးသွားခဲ့ သည်ဆိုသည်ကို သူမအား ထောက်ပြရတော့ မည် ဖြစ်သည်။
ဗီယက်နမ်သည် ၁၉၇၅ တွင် ပြန်လည် ပေါင်းစည်း နိုင်ခဲ့သည်၊ ထိုနှစ်တည်း မှာပင် လာအိုတွင် ဘုရင့်သစ္စာခံ များ နှင့် ကွန်မြူနစ် ညွှန်ပေါင်း အဖွဲ့ ထွက်ပေါ်လာခဲ့သည်။ မလေးရှားသည် တရုတ် လူများစု နေထိုင်ရာ စင်္ကာပူ အား ၁၉၆၅ တွင် ၎င်းတို့ ဖက်ဒရေးရှင်းမှ ထုတ်ပယ်ပစ်ခဲ့သည်။ မာကို့စ် နှင့် ဆူဟာတို့ တို့၏ အာဏာရှင် စနစ် နောက်ဆုံးတွင် ပြိုလဲသွားခဲ့ရသည်။
နိုင်ငံတကာမှ မေ့လျော့ခဲ့ကြသည့် တီမော ပဋိပက္ခတွင် အင်ဒိုနီးရှား ကိုလိုနီ သမားများက အရှေ့တီမော ကျွန်းသားများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ကြသည်၊ ထိုအဖြစ်ကို ၎င်းတို့ သတိရလာသည့် အချိန်တွင် တီမောသည် အင်ဒိုနီးရှား၏ တဝက်တပျက် ပေးမည့် လွတ်လပ်ရေး၊ အင်ဒိုနီးရှား၏ ပြည်နယ် တစိတ်တပိုင်း ဖြစ်ရမည့် အနေအထား မှ ရုန်းထွက်လာခဲ့ကြပြီး ဖြစ်သည်။
"ငြိမ်းချမ်းရေး၊ ရင်ကြားစေ့ရေး" ဆိုသည်မှာ နားဝင်ချိုသည့် စကားများ ဖြစ်သော်လည်း ယင်းကို လူသတ် စစ်ခေါင်းဆောင်များ နှင့် တန်သည် ဟု မမှတ်ယူသင့်။ ရင်ကြားစေ့ရေး ဆိုသည်က ပဋိပက္ခကြီး ပြီးဆုံးသွားမှသာ လုပ်သင့်သည့် အရာဖြစ်သည်။
"အားလုံး သဘောတူသည့် ဖြေရှင်းချက် agreed solution" ဆိုသည်က လက်ရှိ အနေအထား ကို ပိုနေမြဲ ကြားနေမြဲ ဆိုသည့် သဘောဖြင့် စတင်ဖွင့်လှစ်နိုင်မှသာ ဖြစ်ပေမည်၊ ပထမဦးဆုံး၂၀၂၁ အာဏာသိမ်းမှု ကို တရားဝင် သည့် အဖြစ်နှင့် ရရှိသော ဖြေရှင်းချက် သည် ကိုယ်ကျင့်တရား ပိုင်း မဆိုထားဘိ တည်ငြိမ်မှု လည်း ရရှိလာမည် မဟုတ်ပေ။
လူထု ကို ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ထားသော မင်းအောင်လှိုင် နှင့် အပေါင်းအပါ ဗိုလ်ချုပ်များသည် နိုင်ငံတရားရုံးသို့ ရောက်ရမည့်အစား လွှတ်တော် ထိုင်ခုံများ တွင် ဝင်ရောက်နေရာယူကြမည် ဖြစ်သည်။ ၎င်းတို့အား စစ်တန်းလျား သို့ ပြန်ခွင့်ပြုပြီး နိုင်ငံရေး အာဏာ များကို ဆက်၍ ဆုပ်ကိုင်ခွင့် ပြုထားမည် ဆိုက နောက်နှစ်အနည်းငယ် အကြာတွင် ယခုလိုပင် အာဏာထပ်သိမ်းဦးမည် ဖြစ်သည်။ (မည်သည့် နိုင်ငံရေး သမား တဦးတလေမျှ ၎င်းတို့ကို ဆန့်ကျင်ရဲကြတော့မည် မဟုတ်)
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအားလည်း ၎င်းတို့ ထိန်းချုပ်ထားသော နယ်မြေ များ တွင် အုပ်ချုပ်ခွင့် လွှဲပြောင်းပေးရမည်လည်း ဖြစ်၍ မည်သို့သော ညွန်ပေါင်း အစိုးရ ဖြစ်စေ ပြည်သူ အများစု ၏ သစ္စာရှိစွာ ထောက်ခံမှု မျိုး ရရှိလာနိုင်စရာ မရှိ။
ထိုသို့သော အနေအထားသည် ငြိမ်းချမ်း တည်ငြိမ်ရေး အတွက် မည်သို့များ အာမခံနိုင်ပေဦးမည်နည်း။
လက်ရှိတွင် မင်းအောင်လှိုင်သည် ၎င်း၏ တပ်များ အရှုံး နှင့် ဆက်တိုက်ဆိုသလို ရင်ဆိုင်နေရပြီး ကိုယ်တိုင်လည်း နန်းတွင်း အာဏာသိမ်းပွဲမျိုး နှင့် အသက်အန္တရာယ် အချိန်မရွေး ခြိမ်းခြောက်ခံရမည့် အနေအထား တွင် လာသမျှ ဧည်သည့်များအား ရင်ကြားစေ့ရေးစကား တီးတိုး သဖန်ပိုး ထိုးလာနေခြင်းသည်လည်း အံ့ဩစရာတော့ မဟုတ်ပေ။
တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီသည် ဂျုလီ ဘစ်ရှော့ နှင့် ဩဂုတ်လ အတွင်း တွေ့ဆုံခဲ့စဉ်က သူမ၏ ပြန်လည် ရင်ကြားစေ့ရေး ဆိုသည့် အယူအဆ နှင့် ပတ်သက်၍ မည်မျှ အတိုင်းအတာ အထိ ဆွေးနွေးခဲ့သည်ကိုတော့ မသိရပေ။
ဘီဂျင်းသည် ယခု အခါ စစ်ခေါင်းဆောင်များ လုပ်မည့် ရွေးကောက်ပွဲ သည်သာ ၎င်းတို့ အတွက် အကျိုး ရှိရာ ရှိကြောင်း ဖြစ်လာမည့် အပြင် ပဋိပက္ခ အလွန် နိုင်ငံရေး မျက်နှာစာတွင် ဩဇာအာဏာ ဆက်၍ သက်ရောက်နိုင်မည် ဟု ခံယူလာပြီ ဖြစ်သည်
ဘီဂျင်း ဖြစ်လာစေချင်များသည် လက်ရှိ ဘစ်ရှော့ ဖေါက်ချင်နေသည့် လမ်းကြောင်းမှ ဆင်းသက်လာတော့မည် ဖြစ်သည်။ "ဒုက္ခသုက္ခများ ခံစားနေရသော မြန်မာပြည်သူများ ထိုက်ထိုက်တန်တန် ဖြစ်လာသင့်သည်" ဟု ပင် ပြောခဲ့သည်။
၎င်းတို့ အတွက် "ထိုက်ထိုက်တန်တန်" ဆိုသည်ကို မြန်မာ ပြည်သူများ ကိုယ်နှိုက် ဆုံးဖြတ်ရမည့် အရေး ဖြစ်ပြီး နိုင်ငံတကာ အသိုက်အဝန်းက ဘယ်လို ဖြစ်သင့်သည် ဆိုသည်ကို ဆုံးဖြတ်စရာ အကြောင်းမရှိပေ။ ၎င်းတို့ အဖို့က လက်ရှိ လူထု ရုန်းကန် တိုက်ပွဲ ဝင်နေမှု များကို မဆိုင်သလို နေခဲ့ကြပြီးမှ အခုကျမှ မင်းအောင်လှိုင် နှင့် တစားပွဲတည်း ထိုင်ပြီး ရင်ကြား ပြန်စေ့ချင်နေကြသည်။
တော်လှန်ရေးကို ပစ်ပစ်ခါခါ ထားခဲ့ပြီး မိမိတို့အား ဓါးမိုး အုပ်ချုပ်မည့် လူများနှင့် ငြိမ်းချမ်းအောင် လုပ်ကြ ဟု ညွန်ကြားလာခြင်း သည် ၎င်းတို့အား နိုင်ငံတကာ က အာရုံစိုက်လာအောင် ပေးဆပ်ရမည့် တန်ဖိုးပေလော။
သို့ဆို က မိမိတို့၏ တော်လှန်ရေးအား နိုင်ငံတကာက အမေ့ခံနေသည်သာ ကောင်းပေဦးမည်ဟု တော်လှန် တိုက်ပွဲ ဝင်နေသူများက ယူဆကြတော့မည် ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!
( RFA တွင်ပါရှိသည့် Davis Hutt ၏ Perhaps it would be better if Myanmar’s civil war became a ‘forgotten conflict’ ကို ပြန်လည် တင်ပြသည်။)