မင်းအောင်လှိုင်၏ ဂန္ဓာလရာဇ် ပြည်သွား တောလား (၂)

by Hla Soewai - Nov 22 2024

မင်းအောင်လှိုင်သည် နိုဝင်ဘာ ၅ ရက်နေ့တွင် တရုတ် ပြည်သို့ ၂၀၂၁ အာဏာသိမ်းပြီး နောက်ပိုင်း ပထမဦးဆုံး အကြိမ် အဖြစ် ခြေချခွင့် ရသွားခဲ့ပြီ ဖြစ်သည်ဟု စထရိတ်တိုင်းမ် သတင်းစာက ရေးသားခဲ့သည်။

 

၎င်း၏ ခရီးစဉ်သည် စောင့်ကြည့်ရမည် ဖြစ်၍ ဦးစားပေး ရေးသားသွားမည် ဖြစ်သည်။

 

ကူမင်း တွင် ကျင်းပမည့် မဲခေါင် မြစ်ဝှမ်း ထိပ်သီး ဆွေးနွေးပွဲ သို့ မြန်မာ ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင် ရောက်ရှိလာခြင်းဖြစ်သည်၊ တရုတ် အစိုးရ ဧည့်သည်တော် အဖြစ် ဖိတ်ကြားခဲ့ခြင်း မျိုး မဟုတ်သော်လည်း တရုတ်ဖက်မှ သွယ်ဝိုက် အသိအမှတ် ပြုလာသည်က ထင်ရှားသည်။

 

မင်းအောင်လှိုင်အား ထိုသို့ သွားရောက်ခွင့်ရရန် အာဏာသိမ်းပြီး ချိန်မှစ၍ စစ်ကောင်စီ သည် တရုတ်အား တောက်လျောက် လော်ဘီ လုပ်နေခဲ့သည်။ ယခု အောင်မြင်သွားပြီဖြစ်၍ ၎င်းတို့ မီဒီယာ များ မှ ပတ်မကြီး ထုကာ ဘာလုပ်မည် ညာလုပ်မည် ဆိုကာ ‌ကြွေးကြော်နေကြပြီ ဖြစ်သည်။

 

သို့သော်လည်း မင်းအောင်လှိုင်သည် တရုတ် ဝန်ကြီးချုပ် လီချန်း နှင့် သီးခြား တွေ့ဆုံနိုင်ခွင့်သည် ယခုထိ မရေမရာ ဖြစ်နေပုံရသဖြင့် ၎င်းတို့ဖက်မှ တရုတ် အစိုးရ အရာရှိများ နှင့် ဆွေးနွေးရန် ရှိသည်ဟုသာ ဖေါ်ပြထားသည်။

 

မင်းအောင်လှိုင်သည် ၎င်းတို့ အာဏာတည်မြဲ နိုင်ရေး အတွက် တရုတ်ထံမှ စစ်ရေး၊ သံတမန်ရေး၊ စီးပွားရေး အစရှိသည့် ဘက်ပေါင်းစုံ မှ မှီခိုနေရသည့် အဖြစ်သည် မည်သို့မျှ ဟန်ဆောင် ဖုံးကွယ်၍ မရအောင် ထင်ရှားလာနေပြီ ဖြစ်သည်။ ဤသည်ကပင် ၎င်း၏ ခရီးစဉ်က တန်ဖိုးကြီးကြီး ပေးဆပ်လိုက်ရခြင်းလည်း ဖြစ်သည်။

 

မင်းအောင်လှိုင် သည် ထို့အတွက် ကျေးဇူး သိတတ်သည့် အနေဖြင့် စီးပွားရေး နှင့် ဘူမိ မဟာဗျူဟာ ပိုင်း တွင် တရုတ်၏ တောင်းဆိုမှု များကို လိုက်လျောပေးရတော့မည် ဖြစ်သည်ဟု အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု မှ ဂျေဆန် တာဝါက ‌ဆိုသည်။

 

တရုတ်သည် အချိန်ဖြုန်း မနေပဲ မင်းအောင်လှိုင် ရောက်လျင် ရောက်ခြင်းပင် ၎င်းတည်းခိုရာ Hualuxe ဟိုတယ်သို့ တရုတ် စီးပွားရေး လုပ်ငန်းရှင် ကြီးများ လာရောက်တွေ့ဆုံ‌ စေပြီး ဓါတ်အား ထုတ်လုပ်ရေး၊ လျပ်စစ်ကား များ အစရှိသည့် ရင်းနှီးမြုပ်နှံ နိုင်မည့် အခွင့်အလန်းများကို လာရောက် ဆွေးနွေး တောင်းဆိုလာကြပြီ ဖြစ်သည်။

 

ဘီဂျင်းသည် တနည်းအားဖြင့် ၎င်းတို့၏ အရှိန်အဝါကို သုံး၍ ပြည်သူ့ တို့၏ တော်လှန်ရေး ကို ပြိုပျက်သွားရန် စိတ်ဓါတ်ရေးရာ စစ်ဆင်လာခြင်းလည်း ဖြစ်သည်။

 

နေပြည်တော် ပြည်သူ့ကာကွယ်ရေး အဖွဲ့က နံနက် ၈ နာရီ ခန့် တွင် လေဆိပ်အား ဒရုန်း ဖြင့် ဗုံးချ တိုက်ခိုက်ပြီး လက်တုန့်ပြန်ခဲ့ကြသည်။ 

 

အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များ အွန်လိုင်းမှ ပူးတွဲ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် တရုတ်၏ လုပ်ရပ်ကို မနှစ်မြို့ကြောင်း ဝေဖန် ပြောဆိုခဲ့ကြသည်၊ NUG နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်မှ တရုတ် ၏ လုပ်ရပ်ကြောင့် မိမိတို့ တော်လှန်ရေး မည်သို့မျှ ထိခိုက်မည် မဟုတ်ကြောင်းနှင့် နယ်ခြား ဒေသရှိ မိမိတို့ တိုင်းရင်းသားများသည် တရုတ်၏ ဖိအားပေးလာမှု ကို ကောင်းစွာ ကိုင်တွယ် နိုင်စွမ်း ရှိနေကြသည်ဟု ဆိုသည်။

 

အိန္ဒိယ အစိုးရမှလည်း မိမိတို့ နှင့် ဆွေးနွေးရန် လက်ကမ်းလာပြီ ဖြစ်သည်ဟုလည်း ဝန်ကြီးက ပြောသွားခဲ့သည်။ စစ်ကောင်စီ သည် ဘက်ပေါင်းစုံ မှ ပြိုလဲ ကျဆင်းလာနေချိိန် တွင် အိန္ဒိယ သည် အခွင့် အရေး ကို အမိအရ ဖမ်းဆုပ်ကာ ယခင်ကလို အာဏာရ အသိုက်အဝန်း နှင့် မှိန်း၍ ဆက်ဆံမနေတော့ပဲ လက်ကမ်းလာခြင်း ဖြစ်သည်ဟု ချင်း အမျိုးသား တပ်ဦး လက်ထောက် အထွေထွေ အတွင်းရေးမှုး ဆလိုင်း ထက်နီ က မှတ်ချက်ချခဲ့သည်။

 

အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ဌာန အား Bloomberg မှ ဆက်သွယ်မေးမြန်းရာ ရေငုံ နှုတ်ပိတ်နေသည်ဟု ဆိုသည်။

 

အမေရိကန် ရွေးကောက်ပွဲ ရလဒ် အဖြစ် လက်ရှိတွင် ကမ်မလာ ဟာရစ် သည် ၅၆ ရာနှုန်းဖြင့် ဦးဆောင်နေသည်ဟု အီကောနော်မစ် မဂ္ဂဇင်းကြီးက လောလောဆယ် ထုတ်ပြန်ထားချက်အရ သိရသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!