မင်းအောင်လှိုင်သည် ဒေသတွင်း အစည်းအဝေး တခု သို့ တက်ရောက်ရန် ယူနန် ပြည်နယ် မြို့ တော် ကူမင်း သို့ သွားရောက်တော့မည် ဆိုသော သတင်းသည် နိုင်ငံတကာ သတင်း စာမျက် နှာ များ တွင် ပါလာပြီ ဖြစ်သည်။
သို့သော် ၎င်း အာဏာ သိမ်းပြီး သုံးနှစ်ခွဲ ကျော်မှသာ ယခု လို ဆင့် ခေါ် ခံခဲ့ရသည် ဆိုသည်ကို လည်း မမေ့မ လျော့ ထည့်သွင်း ဖေါ်ပြခဲ့ကြသည်။
ကမ္ဘောဒီယား၊ လာအို၊ ဗီယက်နမ် တို့ တက်ရောက်မည့် ဒေသဆိုင်ရာ ထိပ်သီး ဆွေးနွေးပွဲ ကို ဦးဆောင်မည့် တရုတ် ဝန်ကြီးချုပ် လီချန်း နှင့် တွေ့ဆုံရဖို့ ရှိနေသည်။ ဤသည်ကို ကြည့်မည် ဆိုက နိုင်ငံတော် အဆင့် အလည်အပတ် ခရီးစဉ်မျိုး မဟုတ်ဘဲ ဗလာဒီဗော့စတော့ တွင် ပူတင် နှင့် တွေ့ဆုံခဲ့ရသည့် အဆင့်ထက် ပိုမည် မဟုတ်ပေ။
ရှီကျင့်ပင် နှင့် တွေ့ခွင့်ရမည် ဆိုလျင် မင်းအောင်လှိုင် အတွက် လက်ခမောင်း ခတ် လောက်သည့် ဆုကြီးလဒ်ကြီး ချီးမြှင့်ခံရသလို ဖြစ်သွားပေလိမ့်မည်။
မန္တလေး ရှိ တရုတ် ကောင်စစ်ဝန်ရုံး ဗုံးခွဲခံခဲ့ရမှု၊ တော်လှန်ရေး တပ်ဖွဲ့များ ဆက်တိုက် အနိုင်ရရှိလာမှု များ၊ ယခင်အာဏာရှင်ဟောင်း၏ သားမက် ဖြစ်သူ အား ဖမ်းဆီးသည်အထိ ဖြစ်လာမှု များ ကြောင့် ၎င်း၏ ဦးဆောင်မှု အပေါ် တရုတ် မှ အယုံအကြည် ကင်းမဲ့လာနေချိန်လည်း ဖြစ်သည်။
၎င်း၏ ခရီးစဉ် အတွင်း တရုတ်၏ ထောက်ခံမှု ပိုရလာမည် လော သို့မဟုတ် ပို၍ ဖိအားပေးခံရမည်လော ဆိုသည်က မသဲကွဲ လှသော်လည်း မည်သို့ပင် ဖြစ်လာစေကာမူ မြန်မာ ပြည်သူများ အတွက် အဆိုးများသာ ဖြစ်လာဖို့ ရှိသည်ဟု မြန်မာအရေး လေ့လာနေသူ ဒေးဗစ် မက်သီ ဆန်က ရိုက်တာ သတင်းဌာနသို့ ပြောပြခဲ့သည်။
နိုင်ငံ ပျက်စီးယို့ယွင်းလာနေပြီး တရုတ်၏ စောင့်ရှောက်ခံ ဘဝ ရောက်သွားမည့် အဖြစ်ကို မလိုလားသော စစ်အုပ်စုက အာဏာသိမ်းလာနိုင်သည့် အရေး ကို အထိတ်တလန့် ဖြစ်လာသော ဘီဂျင်းသည် အခြားရွေးစရာလမ်း မရှိတော့ပဲ ဝမ်ယီ ကိုယ်တိုင် နေပြည် တော် သို့ အရောက်လာပြီး မင်းအောင်လှိုင်အား ထောက်ခံ ကြောင်း လူသိရှင်ကြား ပြသလာရခြင်းလည်း ဖြစ်ပေသည်။
တရုတ်၏ လုပ်ရပ်များသည် ၎င်းတို့၏ ဒီမိုကရေစီ အရေး ရုန်းကန် တိုက်ပွဲ ဝင် နေမှု အပေါ် အတားအဆီး ဖြစ်လာမှု အဖြစ် မြန်မာပြည်သူများက ခံယူလာမှု နှင့် အတူ မုန်းတီးရွံရှာလာနေကြပြီ ဖြစ်သည်။
ဤသည်က မင်းအောင်လှိုင်အား လူသိရှင်ကြား ထောက်ခံမှု ပေးခဲ့ရခြင်းကြောင့် တရုတ်ဖက်မှ တန်ဖိုးကြီးကြီး ပေးဆပ်လိုက်ရခြင်းလည်း ဖြစ်ပေသည်။
မင်းအောင်လှိုင်အား တပတ်ကြာ လာရောက်ခွင့် ပြုခဲ့ရသည် အတွက် တရုတ်မှ ထိုက်ထိုက်တန်တန် ပြန်ယူ နိုင်ဖို့ ဆုံးဖြတ်ထားဟန် ရှိနေသည်ကို မြန်မာ ပြည်မှ ကရိုနီများ အား ခရီးစဉ် မတိုင်မီ တရုတ်သို့ ဖိတ်ခေါ်ထားမှု က သက်သေခံနေပေသည်။ ထို့ပြင် သက်ကြားအို ထောက်လှန်းရေး အရာရှိဟောင်းများလည်း ရောက်ရှိနေသည်။
စစ်ကောင်စီ ၏ ကြေညာချက်ထဲတွင် "နှစ်နိုင်ငံ အကြား စီးပွားရေး နှင့် ကဏ္ဍပေါင်းစုံ ဖွံဖြိုးတိုးတက်အောင် အခိုင်အမာ ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေး သွားမည်" ဟု ပါရှိခဲ့ပြီး ဖြစ်သည်။
တရုတ်မှ စစ်ကောင်စီအား တိုက်ခိုက်နေမှု များ ရပ်စဲရန် ကချင်လွတ်လပ်ရေး တပ်တော်ကို ဖိအားပေးနေသော်လည်း စနေနေ့မှာပင် နယ်စပ်မြို့ တမြို့ ဖြစ်သော ဖီမော်မြို့ကို ထပ်မံ သိမ်းယူလိုက်ကြသည်၊ မိမိတို့ သည် စစ်အုပ်ချုပ်ရေး အဆုံးမသတ် မချင်း ဆက်လက် တိုက်ပွဲဝင်သွားမည်ဟုလည်း တရုတ်တို့အား ပြတ်သားစွာ အသိပေးခဲ့သည်။
တရုတ်သည် ၎င်းတို့ အကျိုးစီးပွား များ နှင့် ဆက်စပ်နေသည့် နယ်စပ်ဒေသများ တွင်သာ အပစ်အခတ် ရပ်စဲလိုပြီး ကျန် ဒေသများတွင် စစ်ကို အနိုင်တိုက်ရန် မင်းအောင်လှိုင်အား မြှောက်ပင့်ပေးလျက် ရှိသည်။ မင်းအောင်လှိုင် တပ်များ၏ အကြမ်းဖက် လုပ်ရပ်များကို ယခုထိ တခွန်းတပါဒ မျှ ပင် ဟန့်တား ပြောဆိုခဲ့ခြင်းမျိုး မရှိသည်ကို တွေ့ရသည်။
မင်းအောင်လှိုင်၏ ခရီးစဉ် အတွင်း အမေရိကန် သမ္မတ ရွေးကောက်ပွဲမှ မည်သူ အနိုင်ရမည် ဆိုသည်ကို သိရှိလာတော့မည် ဖြစ်၍ အဆိုပါ ရလဒ်ကို မူတည်ပြီး မူဝါဒ ပိုင်း ထိန်းညှိမှု များ ပြုလုပ်လာနိုင်ဖွယ် ရှိသည်။
ဒီမိုကရက်များ အနိုင်ရသွားမည် ဆိုက လေးနှစ် သက်တမ်း အတွက် အာဏာ အခိုင်အမာ ဆုပ်ကိုင် နိုင်တော့မည် ဖြစ်၍ အရှေ့အာရှ တွင် ပြဿနာ အကြီး အကျယ် မဖြစ်အောင် ပိုနေမြဲ ကျားနေမြဲ ထိန်းထားနေရသည့် အဖြစ်မှ တရုတ် အပေါ် ခပ်တင်းတင်း ဆက်ဆံလာဖို့ ရှိနေသည်ဟု ယူဆရသည်။
ယခုအခါ ဘီဂျင်းသည် မြန်မာ ပြည်တွင်းစစ် ကြောင့် သတ္တုတူးဖေါ်ရေး လုံးဝ နီးပါး ရပ်ဆိုင်းသွားမှု နှင့် အမေရိကန် သမ္မတ ရွေးကောက်ပွဲ မရေရာ မသေချာ မှု များကြောင့် ရှားပါး မြေသား သတ္ဆုများ ဈေးနှုန်း ကို မြှင့်တင်လိုက်သည့် အပြင် ပို့ကုန် စည်းကမ်းများ ကန့်သတ်လာခဲ့ ပြီ ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!