ဗမာ့ ပြည်သူ လွတ်မြောက်ရေး တပ်တော်

by Hla Soewai - Nov 22 2024

ထို တပ်တော် သည် ယခု မြေပြန့် ဒေသ သို့ ဆင်းလာနေပြီ ဖြစ်သည်။ ယင်းသည် တော်လှန်ရေး အတွက် အားတက်ဖွယ် မဟုတ်ပါ‌ လော၊ မောင်ဆောင်းခ တို့ အဖွဲ့ သေနတ် တချက်ပင် မဖေါက်ရ‌ သေးမီ ယင်းကိစ္စ အပေါ် ကျယ်လောင်စွာ ပြောဆိုမှု များ ထွက် ပေါ်လာသည်။ အချို့ က ပိုက်လိုင်း ကို ကာကွယ်ရန် တရုတ် တို့ စေလွှတ်လိုက်သည်ဟု ပင် ပြောဆိုလာသည်။

 

စစ်ကောင်စီ သည် တရုတ် ဒရုန်းများ၊ လေယာဉ်များ ဖြင့် ဗုံးကြဲ၊ အိမ်ပေါက်စေ့ တံခါး ခေါက်ကာ လူငယ်လူရွယ်များအား စစ်ထဲ အတင်းအကျပ် ဆွဲထည့် နေသော်လည်း မြို့ရွာ များကို ဗုံးကြဲ ဖျက်ဆီး နိုင်သည် မှ လွဲ၍ မည်သည့် တော်လှန်ရေး အဖွဲ့ကို မျှ ဖြိုခွဲ နိုင်ခြင်း မရှိယုံမက အားပျော့သွားအောင် ပင် လုပ်နိုင်ခဲ့ခြင်း မရှိပေ။

 

ထို့အတွက် စစ်ခေါင်းဆောင်များ လက်မှိုင်ချလာကြရပြီး တရုတ် လက်ဝေခံ စေစားခံ အဖြစ် လုံးလုံးလျားလျား ခံယူနေကြရချိန်လည်း ဖြစ်၍ တဖက်က သံသယ စိတ်များ ကြီးထွားလာနေခြင်း ဖြစ်သည်။

 

သို့သော် အသက် ၃၁ နှစ်ရှိ မောင်ဆောင်းခ ဦးဆောင်သည့် ဗမာ ပြည်သူ့ လွတ် မြောက်ရေး တပ်သည် ရှမ်း ‌ပြည်နယ် မြောက်ပိုင်း တွင် တိုက်ပွဲများ ဖေါ်ဆောင်၍ မရ ဖြစ်လာ၍ နိုင်ငံ အလယ်ပိုင်းတွင် ဆက်လက် တိုက်ပွဲဝင်ရန် ‌ချီတက်လာနေခြင်းဖြစ်သည်။

 

၎င်း ၏ အကြောင်းကိုပင် ၂၀၂၄ ဇူလိုင် ၂၆ နေ့ထုတ်နယူးယောက်တိုင်းမ် သတင်းစာ တွင် ဟာနာဘိခ်ျ က ဆောင်းပါး ရှည်ကြီး ဖြင့် တခမ်းတနား ဖေါ်ပြထားခဲ့ပြီး ဖြစ်သည်။

 

ထိုဆောင်းပါး ရှည်ကြီးထဲတွင် မောင်ဆောင်းခသည် ကွန်မြူနစ် နို့နံ မစင်သေးသူ အဖြစ် တစွန်းတစမျှပင် ဖေါ်ပြထားခဲ့ခြင်း မရှိ၊ အကယ်၍ ၎င်းသည် ကွန်မြူနစ် ဝါဒ ကို ယုံကြည်သူ ဖြစ်နေစေကာမူ လူတိုင်း လွတ်လပ်စွာ ယုံကြည်ခွင့် ရှိသည် မဟုတ်ပါ‌ လော၊ တိုင်းတပါး ဩဇာခံ မဖြစ်သရွေ့၊ အမျိုးသားရေး ကို သစ္စာ မဖေါက်သရွေ့ လက်ခံရမည်သာ ဖြစ်သည်။

 

သို့သော် ကွဲပြားမှု ကို လက်ခံရန် ဝန်လေး တတ်ကြသည့် နိုင်ငံရေး အသိုက်အဝန်းက ၎င်းအား သင်းကွဲ တဦး အဖြစ် သတိကြီးစွာထား ၍ ဆက်ဆံလာကြခြင်း လည်း ဖြစ်နိုင်ပေသည်။

 

လက်ရှိ ဂျင်ဇီး မျိုးဆက်သစ် တော်လှန်ရေး သည် ပုံစံ အမျိုးမျိုး နှင့် အဆင်ပြေ သလို လှုပ်ရှား‌သွားမည့် သဘော ရှိနေပြီး NUG ၏ ချဉ်းကပ်နည်း ဖြစ်သည့် ဝါစဉ်အရ ဦးဆောင် မှု ပေးခြင်း၊ သ‌‌ ဘော တူ ညီချက်များ ဖြင့် မဟာမိတ် ဖွဲ့စည်း နိုင်ရန် ကြိုးပမ်းခြင်း မျိုးကို ရှောင်ရှားလိုကြသည့် သဘောရှိသည်။

 

ဓါတု အင်ဂျင် နီယာ ကျောင်းသား တဦး ဖြစ်‌ သော‌ မောင်ဆောင်းခသည် အာဏာသိမ်း မှု အား ဆန့်ကျင်သည့် လူထု လှုပ်ရှားမှု ကြီး တွင် ပါဝင်ခဲ့ပြီး နောက် ဗိုလ်ချုပ် ဘောကျော်ဟေး၏ KNLA တပ်မဟာ (၅) နယ်‌ မြေ သို့ ထွက်‌ ပြေး ခိုလှုံခဲ့ပြီး ဗမာ ပြည်သူ့ လွတ်မြောက်ရေး တပ်အား ၂၀၂၁ တွင် ဖွဲ့စည်းခဲ့သည်။ 

 

BPLA အား ကရင် နယ်မြေ အတွင်း အခြေစိုက်စခန်း ရှိထားသော အာရက္ခ တပ်တော်မှ လေ့ကျင့် သင်ကြားပေးခဲ့သည်။ စစ်တပ်မှ အတင်းအကျပ် စစ်သား စုဆောင်း လာပြီး နောက်တွင် ၎င်း၏ တပ်သို့ လူငယ်များ တဖွဲဖွဲ ဝင်ရောက်လာပြီး အင်အား ကြီးထွားလာခဲ့သည်။ ထိုအထဲတွင် ရန်ကုန် မှ လူငယ် အများအပြား ပါဝင်နေသည်။

 

၂၀၂၃ တွင် BPLA ၏ တပ်ရင်း တရင်းအား MNDAA မှ ကိုးကန့် သို့ ခေါ်ယူ လေ့ကျင့်ပေးခဲ့ပြီး တပ်ရင်း ၆၁၁ ထဲ ထည့်သွင်းခဲ့သည်။ ၂၀၂၄ အောက်တိုဘာလ တွင် စစ်ကိုင်း ဒေသ သို့ စစ်ရေး အတွေ့အကြုံ ပြည့်ဝလာပြီ ဖြစ်သော တပ်များအား စတင် စေလွှတ်နေပြီ ဖြစ်သည်။ BPLA သည် ပူးပေါင်း ဆောင်ရွက်လိုစိတ် နှင့် အလွတ်သဘော မဟာမိတ် ပုံစံ မျိုး ဖြင့် လက်တွေ့ကျကျ စစ်ရေး ဦးဆောင်မှု မျိုး ပေးလာနိုင်သည်ဟု မြန်မာ စစ်ရေး လေ့လာနေသူ ဒေးဗစ် စကော့ မေသီဆန်က ဧရာဝတီ တွင် ရေးသားထားသည်။

 

ဘုံရန်သူ ဖြစ်‌ သော စစ်အာဏာရှင် သစ္စာခံ တပ်များအား တိုက်ခိုက်နေကြသည့် တပ်များအားလုံးသည် ဗဟို ကွပ်ကဲမှု COC အောက်တွင် တစုတဝေး တည်း ရှိနေခြင်းမျိုး ထက် ၎င်းတို့ အချင်းချင်း အလျင်းသင့်သလို လေ့ကျင့်သင်ကြားပေးခြင်း၊ လက်နက်ခဲယမ်းများ နှင့် ရိက္ခာများ ဝေငှ ပေးခြင်း အစရှိသည် တို့ကို ပြုလုပ်ပေးခြင်းဖြင့် ဆက်စပ် ကူ ညီ ပေးနေသည့် ကွန်ယက်ဖြန့် ပုံစံမျိုး တိုက်ခိုက်နေကြခြင်း ဖြစ်သည်။

 

မောင်ဆောင်းခ နှင့် ပတ်သက်၍ NUG ကာကွယ်ရေး ဝန်ကြီးဌာန နှင့် နီးစပ်သော အသိုက်အဝန်းကို မိမိ တီးခေါက်ကြည့်မိသလောက် ၎င်းတို့ နှင့် မည်သည့် သဘောကွဲလွဲ မှု မျိုး မှ မရှိပဲ ရှမ်း-မန်း စစ်ဆင်ရေး တွင် အတူ လက်တွဲ တိုက်ခိုက်သွားမည်ဟု အားတက်ဖွယ် သိရှိခဲ့ရသည်။

 

မိမိအဖို့က တခုခု ရေးမည် ဆိုလျင် မြေပြင်တွင် အသက်ပေး တိုက်ခိုက်နေကြသော လူငယ် ကလေး များ ၏ မျက်နှာကို အရင်ပြေးမြင်မိသည်။ သို့ဆို၍ မိုတီများ အတင်းကာရော ပေးနေခြင်းမျိုး မဟုတ်ပဲ ပယောဂ ကင်းသည့် သတင်း အမှန်များကိုသာ အသိပေးသည့် သဘောမျိုး ရေးသား ပေးနေခြင်း ဖြစ်သည်။

 

KNU တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်မြို့နယ်၊ ခေါပုတ်စခန်းသိမ်းတိုက်ပွဲတွင် ဗိုလ်ကြီး ၃ ဦးအပါအဝင် စစ်သုံ့ပန်း ၁၇ ဦး ဖမ်းဆီးရရှိပြီး စစ်သား အလောင်း ၁၄ လောင်းရရှိကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က လက်ရှိတွင် သတင်းထုတ်ပြန်ထားသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!