ကုလသမဂ္ဂ အတွင်းရေး မှုး ချုပ်၏ အထူးသံတမန် ဩစတေးလျ နိုင်ငံခြားရေး ဝန်ကြီးဟောင်း မစ္စက် ဂျုလီ ဘစ်ရှော့သည် သူမ၏ ခြေသံလုံ သံခင်းတမန် ခင်း အဖြစ် နေပြည်တော် တွင် အကြမ်းဖက် စစ်ခေါင်းဆောင် နှင့် တွေ့ဆုံခဲ့ကြောင်း အောက်တိုဘာ ၂၉ ရက်နေ့ကုလသမဂ္ဂ အထွေထွေ ညီလာခံ လူ့အခွင့်အရေး ကော်မတီ ရှေ့မှောက် တွင် ထုတ်ဖေါ် ပြောဆိုလိုက်သည်။
မည်သည့် အချိန်က လာရောက်တွေဆုံသွားသည်ကို ထုတ်ဖေါ် ပြောဆိုခြင်း မရှိသော်လည်း စစ်တပ်မှ အကြမ်းဖက်မှု များ ဆက်လက် ကျုးလွန်နေဆဲ ဖြစ်၍ သူမ၏ ခရီးစဉ် သည် ထိရောက်မှု မရှိသေးဟု ယူဆရသည်။
သူမ မှ ပြန်လည် ရင်ကြားစေ့နိုင်ရေး အတွက် အကြမ်းဖက်မှု များ ရပ်တန့်ရန်၊ တာဝန်ခံ မှု ရှိရန် နှင့် အိုးအိမ် စွန့်ခွာ ထွက်ပြေးနေရ သော ဒုက္ခသည် ၃.၁ သန်း အတွက် ကုလ အကူအညီ ပေးရေး အဖွဲ့များ ဝင်ရောက်နိုင်ခွင့် ရရန် လိုအပ်သည်ဟု ဆိုသည်။
ဘစ်ရှော့သည် အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နှင့်ပါ တွေ့ဆုံခဲ့သည်ဟု သိရသည်။ "သက်ဆိုင်သူ အားလုံး နှင့် မျက်နှာမလိုက် သမာသမတ်ကျကျ ထိတွေ့ ဆက်ဆံသွားမည်" ဟု လည်း ပြောခဲ့သည်။
၎င်းတို့အားလုံး တွင် ရှိသည့် ကွဲပြားနေသော ရှု့ဒေါင့် အမြင်များကို နားလည်နိုင်ရန် နှင့် ဒေသတွင်းနှင့် နိုင်ငံတကာ၏ ပူးပေါင်းကြိုးပမ်းမှု များ နှင့် အားလုံး သဘောတူညီသည့် ဖြေရှင်းချက်မျိုး ရရှိရန် ဆောင်ရွက်သွားမည်ဟု ဆိုသည်။
စစ်ကောင်စီ ပြုလုပ်မည် ဆိုသည့် ရွေးကောက်ပွဲ အပေါ်လည်း အတွင်း ရေးမှုး ချုပ် နည်းတူ သံသယ ရှိနေသည်ဟုလည်း ဆိုသည်။
မြန်မာ ပဋိပက္ခသည် အမေ့လျော့ခံ ဖြစ်လာနေသောလည်း ဒေသတွင်း နှင့် နိုင်ငံတကာသို့ ရိုက်ခတ်မှုများ ကို ဆက်၍ လျစ်လျု ရှုထား၍ မဖြစ်တော့ဟုလည်း ထောက်ပြသွားခဲ့သည်။
သူမ အနေဖြင့် တရုတ် နှင့် ထိုင်းနိုင်ငံ များသို့ သွားရောက်ခဲ့ပြီး အိန္ဒိယ နှင့် ဘင်္ဂလားဒေ့ရှ်သို့လည်း သွားရန် ရှိနေသည်ဟုလည်း ပြောခဲ့သည်။
သက်ဆိုင်သူများ အနေဖြင့်လည်း မိမိတို့ တဖက်ကို အလဲထိုး အနိုင်ရမှ ဖြစ်မည် ဆိုသော zero-sum mentality ကို ဖျောက်ဖျက် နိုင်မှ ဖြစ်မည်၊ လက်နက်ကိုင် တိုက်ပွဲများ ဖြစ်ပွားနေသရွေ့ လူထု၏ လိုအပ်နေသည်များ ဖြည့်ဆည်း ပေးရေး တွင် တိုးတက်မှု ရှိမည် မဟုတ်ဟု ပြောသွားခဲ့သည်ဟု ရိုက်တာ သတင်း တွင် ဖေါ်ပြထားသည်။
လက်ရှိ စစ်ရေး အခြေအနေများအရ အမ်း မြို့၏ အနောက်ဖက် သုံး ကီလိုမီတာ အကွာတွင်ရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အတွင်း လက်နက်ချ လိုသူများ နှင့် ဆက်တိုက်လိုသူများ အကြား အခြေအတင် အငြင်းအခုံ ဖြစ်နေကြောင်း သတင်းများက ဆိုသည်။
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး အာရက္ခ တပ်များသည် စစ်ဆေးရုံ၊ လေဆိပ်၊ ခမရ ၃၇၃၊ စစ်ဖက် လုံခြုံရေး တပ်ရင်းစခန်း၊ အမြှောက်တပ် နှင့် လက်နက်တိုက်များကို သိမ်းပိုက်ထားပြီး ဖြစ်သည်။ မကွေးဖက်မှ ပြည်သူ့ ကာကွယ်ရေး တပ်များလည်း အာရက္ခ တပ်တော် နှင့် အတူ ပူးတွဲ တိုက်ပွဲဝင်လျက် ရှိနေသည်။
စစ်ရေး လေ့လာသူများက အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကို မလွဲမသွေ သိမ်းယူ နိုင်တော့မည် ဖြစ်သည်ဟု ခန့်မှန်းနေကြကြောင်း ဧရာဝတီ သတင်း တွင် ဖေါ်ပြထားသည်။
မင်းအောင်လှိုင်၏ ကူမင်း ခရီးစဉ် အတွက် မျက်နှာပန်း လှရန် ၎င်း၏ သစ္စာခံ တပ်များသည် ကချင် လွတ်လပ်ရေး တပ်တော် နှင့် မဟာမိတ် တပ်များ ဩဂုတ်လ ၁၉ ရက်နေ့ က သိမ်းယူထားသော မိုးမောက်ကို ပြန်လည် ရရှိရန် ရန် ဗန်းမော်တွင် အင်အား စုစည်းပြီး ထိုးစစ်ဆင်လာနေသည်ဟု သိရသည်။
TNLA ပြောခွင့်ရ လွေးရေဦး မှ စစ်အုပ်စု အား ဖယ်ရှားနိုင်သည် အထိ စစ်ဆင်ရေး များကို "ပထမ ဦးစားပေး" အဖြစ် ဆက်လက် ဆင်နွှဲသွားမည်ဟု RFA အား တနင်္လာနေ့က ထုတ်ဖေါ် ပြောဆိုသွားခဲ့သည်။
၂၀၂၅ တွင် အသွင် ကူးပြောင်းရေး ကာလ အစိုးရ တရပ် ဖွဲ့စည်းသွားနိုင် ရေး ကြိုးပမ်းနေသည်ဟုလည်း ဆိုသည်။
ခေတ်သစ် တွင် ဖေါ်ပြထားသော သတင်းအရ ပလက်ဝ ရှိ တော်လှန်ရေး တပ်ဖွဲ့များ နှင့် ချိတ်ဆက်၍ အကြမ်းဖက် စစ်တပ်မှ ဗိုလ်မှုး အဆင့်ရှိသူ နှစ်ဦး ဦးဆောင်၍ စစ်သည် ၆၁ ဦး အမျိုးသား ညီညွတ်ရေး အစိုးရထံ ဇန်နဝါရီ လ အတွင်း စီဒီအမ် ဝင်လာကြောင်း သိရသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!