ဂူဂဲလ် နှင့် ဂူသေး ပွဲ
မနုဝင်များသည် သတင်းအချက်အလက် များ ပို၍ ရရှိလာကြသည် နှင့် အမျှ ကမ္ဘာကြီးကို ပိုမိုနားလည်လာမှူ နှင့် အတူ ၎င်းတို့၏ စွမ်းပကား ကို အသုံးချ လာနိုင်ခဲ့သည့် အကြောင်းအရာများ မရည်တွက် နိုင်အောင် ရှိခဲ့သည် ဆိုသည်ကိုတော့ အလေးအနက်ထား ပြောရမည်သာ ဖြစ်သည်။ ဥပမာ အားဖြင့် လူပမယ် အရွယ် ကလေးများ သေနှုန်းကို လျော့ချ ပေးနိုင်ခဲ့မှု ကို စဉ်းစားကြည့်မည် ဆိုက ယိုဟန် ဖေါ့ဖဂန် ဗွန် ဂူသေး သည် မွေးချင်း ခုနှစ်ယောက်တွင် အကြီးဆုံး ဖြစ်သည် ဆိုသည်နှင့် စ ကြည့်ရမည် ဖြစ်သည်။
သို့သော် ၎င်း နှင့် ညီမ ဖြစ်သူ ကော်နီလီယာ တို့သည် သာ ခုနှစ် နှစ်မြောက် မွေးနေ့ကို ကျင်းပခွင့် ရခဲ့ကြသည်။ ရောဂါ ဖြစ်ပွားမှု ကြောင့် ညီ ဖြစ်သူ ဟာမန်း ဂျေကော့သည် အသက် ခြောက်နှစ် အရွယ်တွင်၎င်း၊ ညီမ ဖြစ်သူ ကက်ထရီနား အယ်လိဇဘက်သည် အသက် လေးနှစ် အရွယ်တွင်၎င်း၊ နောက်ထပ် ညီမတဦး ဖြစ်သူ ဂျိုဟာနာ မာရီယာ သည် အသက် နှစ်နှစ် အရွယ်တွင်၎င်း၊ ညီဖြစ်သူ ဂျီယော့ အဒေါ့ဖ်သည် အသက် ရှစ်လ အရွယ် နှင့် နောက်တဦးသည် အမည်ပင် မပေးရသေးပဲ မီးတွင်းထဲတွင် ၎င်း အသီးသီး ဆုံးပါး သွားခဲ့ကြသည်။
ကော်နီလီယာ သည်လည်း အသက် နှစ်ဆယ့် ခြောက်နှစ် အရောက်တွင် ကွယ်လွန် သွားခဲ့ပြန်၍ ယိုဟန် ဖေါ့ဂနန် ဗွန် ဂူသေးသည်သာ မိသားစုထဲတွင် တဦးတည်း အသက်ရှင် ကျန်သူ ဖြစ်လာခဲ့သည်။
ဂူသေး အိမ်ထောင်ကျပြီး နောက်တွင် သားသမီး ငါးဦး ထွန်းကားခဲ့သည်။ သားဉီး ဖြစ်သူ ဩဂတ်စ် မှ လွဲ၍ ကျန် လေးဦး စလုံး မွေးဖွားပြီး နှစ်ပတ် အကြာတွင် သေဆုံးသွားခဲ့ပြန်သည်။ ဖြစ်နိုင်ခြေ အရှိဆုံးက ဂူသေး နှင့် ဇနီး ဖြစ်သူ ခရစ်စတင်း ၏ သွေး အုပ်စု လိုက်လျော ညီထွေ မရှိမှု ကြောင့် ဖြစ်သည်။
ခရစ်စတင်းသည် ပထမ ကိုယ်ဝန်ကို အောင်မြင်စွာ မွေးဖွား ပြီး နောက်တွင် သန္ဓေသား၏ သွေးထဲတွင် ရောဂါ ကာကွယ် နိုင်သည့် ပဋိပစ္စည်း ဖြစ်ပေါ်လာသည်။ ထိုသို့ မိခင်၏ သွေး နှင့် သန္ဓေသား၏ သွေး တို့ လိုက်လျော ညီထွေ မဖြစ်မှု ကို rheus Rh ရောဂါ ဟု ယခု အခါ သတ်မှတ်ပြီး ထိထိရောက်ရောက် ကုသပေးနိုင်ခဲ့ပြီ ဖြစ်သည်။ ထိုရောဂါ ကြောင့် သေဆုံး မှု နှုန်းသည်လည်း ၂ ရာနှုန်း အောက် လျော့ကျသွားခဲ့သည်။ သို့သော် ထိုခေတ်ကာလ ၁၇၅၀ ခန့်တွင် ဂိုသေး၏ ကလေး လေးယောက် အား သေဒဏ် ချမှတ်ခံရသလို ဖြစ်ခဲ့သည့် Rh ရောဂါ ကြောင့် သေဆုံးမှု နှုန်းသည် ၅၀ ရာနှုန်း ခန့် ရှိနေသည်။
ဂိုသေး၏ မိသားစုသည် တင့်တောင် တင့်တယ် နေနိုင် သော ဂျာမန် မိသားစု တစု ဖြစ်သော်လည်း ထိုခေတ်က ကလေး များ အသက်ရှင် နိုင်မှု နှုန်းသည် ၂၅ ရာနှုန်းခန့်သာ ရှိသည်။ ဆိုလိုသည်က ပျမ်းမျှကလေး ၁၂ ယောက် လျှင် ၃ ဦးသာ အသက်ရှင်နိုင်ဖွယ် ရှိသည်။
ဂိုသေး မှ "မှော်ဆရာ၏ စာသင်သား" အကြောင်း ရေးသည့် ၁၇၉၇ တွင် ဂျာမန် ကလေး များ၏ ၅၀ ရာနှုန်းသည်သာ အသက် ၁၅ နှစ်သား အရွယ် ရောက်လာနိုင်သည့် အခြေအနေ မျိုး ဖြစ်နေသည်။ ဂျာမဏီ တွင်သာ မဟုတ် ကမ္ဘာတဝှမ်းတွင်လည်း ထို အတိုင်းပင် ဖြစ်နေသည်။
၂၀၂၀ တွင်တော့ မွေးဖွားလာသည့် ကလေး သူငယ် ၉၅.၆ ရာနှုန်းသည် အသက် ၁၅ နှစ် ကျော်သည်အထိ အသက်ရှင်ခွင့် ရလာခဲ့ပြီ ဖြစ်သည်။ ထိုသို့ အောင်မြင်မှု ရလာခဲ့ခြင်းမှာလည်း သွေးအုပ်စုများ နှင့် ပတ်သက်သော အချက်အလက်များကို စုဆောင်း သုတေသန အထပ်ထပ် လုပ်ပြီး ရရှိသော အချက်အလက်များကို ဖြန့်ဖြူး နိုင်ခဲ့ခြင်း ကြောင့် ပင် ဖြစ်သည်။ ဤသည်ကို ကြည့်မည်ဆိုလျင် သတင်း အချက်အလက်များကို အလွယ်တကူ ယုံကြည် လက်ခံသူများဖက်က မှန်သည်ဟု ဆိုရမည် ဖြစ်သည်။
သို့သော် ၎င်းတို့အားလုံးသည် အကြောင်းအရာများ၏ တစိတ်တပိုင်းကိုသာ ရှုမြင်နိုင်သူများ ဖြစ်သည်။ ခေတ်သစ် ကမ္ဘာ၏ ရာဇဝင်သည် ကလေး သေဆုံးနှုန်းကို လျော့ချရေး သက်သက် မဟုတ်၊ ပြီးခဲ့သည့် မျိုးဆက်များ တလျောက် လူသားများသည် သတင်း အချက်အလက်များ တောင်ပုံရာပုံ ကို လျင်မြန် သော နှုန်းဖြင့် လက်ခံရရှိခဲ့ကြပြီး ဖြစ်သည်။
စမတ်ဖုန်း တိုင်းတွင် ရှေးခေတ် အလက်ဇန်ဒရီယား စာကြည့် တိုက်ကြီး ထက်ပင် အချက်အလက်များ စုံလင်စွာ ပါရှိနေသည်။ ဖုန်း ပိုင်ရှင် အနေဖြင်လည်း ချက်ခြင်းလက်ငင်း ဆိုသလို ကမ္ဘာတဝှမ်းရှိ ဘီလီယံချီ ရှိနေသော လူများ နှင့် ဆက်သွယ် နိုင်သည်။ ထိုသို့ အသက်ရှု မှားလောက်သည့် နှုန်းဖြင့် သတင်းအချက် အလက်များ ရရှိ ဆက်သွယ်လာနိုင်သည် နှင့် အမျှ လူသားများ အနေဖြင့် ပျက်စီးခြင်း ငါးပါး ဆိုက်ရန် ပို၍ နီးကပ်လာနေသည်။
ကျွနုပ်တို့သည် အချက်အလက်များ တဖက်တွင် စုဆောင်း မိလာသလို တဖက်တွင်လည်း ကမ္ဘာလေထု အပူချိန် ကို မြင့်တက်စေသည့် ဓါတ်ငွေ့များ ပန်းထုတ် နေသည်။ မြစ်များ၊ သမုဒ္ဒရာများကို ညစ်ညမ်းအောင် ပြုလုပ်လာကြသည်။ သစ်ပင်များကို ခုတ်လှဲပစ်ကြသည်။ သက်ရှိ တို့ ရှင်သန် နိုင်သည့် အခင်းအကျင်း များကို ဖျက်ဆီးပစ်လာကြသည်။ မရေတွက် နိုင်လောက်အောင် များပြားသော ဗီဇ မျိုး စိတ် များကို မျိုးတုန်းအောင် လုပ်ခဲ့ကြသည်။ ကျွနုပ်တို့ မျိုးဆက်များ ၏ ဂေဟဗေဒ များကိုလည်း အန္တရာယ်ကျရောက်လာစေသည် အထိ ဖြစ်လာသည်။
ထိုမျှသာမကသေး လူသား မျိုးနွယ်တရပ်လုံး ပျက်သုံးစေ မည် နျူကလီယား ဗုံးမှသည် ဗိုင်းရပ်စ် ပိုးမွှားများ အထိ တီထွင် ထုတ်လုပ်လာကြသည်။
နိုင်ငံ ခေါင်းဆောင်များသည် ထိုအကြောင်းများ မသိ လောက် အောင် အင်ဖေါ်မေးရှင်း ပိုင်း တွင် ချို့တဲ့နေကြသည် မဟုတ်၊ ၎င်းတို့ အားလုံးသည် ထိုပြဿနာများ၏ အဖြေကို ရှာရန် ပူးပေါင်းဆောင်ရွက်ကြရမည့် အစား ကမ္ဘာစစ်ကြီး တခု ဖြစ်ပွားလာမည့် အခြေစိုက်အောင် တွန်းပို့ နေကြသည်။
သို့ဆိုက သတင်းအချက် အလက်များသည် အခြေအနေကို ပိုကောင်းလာသည်လော၊ သို့တည်း မဟုတ် ပို၍ ဆိုးဝါးအောင် ဖြစ်လာစေသည်လား ဆိုသည်ကို ဆန်းစစ်ရပေမည်။ ထိုအဖြေကို မကြာမီ သိရှိလာမည် ဖြစ်သည်။
ကော်ပိုရေးရှင်း ကြီးများ နှင့် အစိုးရများသည် သမိုင်းတွင် ပို၍ အစွမ်းထက်မည့် ဉာဏ်ရည်တု AI သတင်းအချက်အလက် နည်းပညာများကို သူ့ထက်ငါ အပြိုင် အဆိုင် ထုတ်လုပ်နေကြသည်။
အမေရိကန် ရင်းနှီးမြုပ်နှံသူ လုပ်ငန်းရှင်ကြီး တဦး ဖြစ်သည့် မတ် အင်ဒါဆင်သည်လည်း အခြား စွန့်ဦး တီထွင်သော လုပ်ငန်းရှင်များကဲ့သို့ ပင် AI သည် ပြဿနာ များ အားလုံးကို ဖြေရှင်း ပေးနိုင်လာမည် ဟု ယုံကြည်နေကြသည်။
အင်ဒါဆင်သည် ၂၀၂၃ ဇွန်လ ၆ ရက်တွင် "AI" သည် "အဘယ်ပုံ အဘယ်နည်း နှင့် ဖြေရှင်းပေးနိုင်မည်နည်း" ဆိုသည့် အက်ဆေး တပုဒ် ကို ရေးသား ခဲ့သည်။ ထိုအက်ဆေးထဲတွင် "ကျွန်တော် ဟာ သတင်း ကောင်းတွေထဲ သယ်ဆောင်လာသူ ဖြစ်ပါတယ်။ AI ဟာ ကမ္ဘာကြီးကို ဖျက်ဆီးဖို့ မဟုတ်ဘဲ ကယ်တင်ပေးရန် ဖြစ်သည်" ဟူ၍၎င်း၊ AI သည် ကျွန်တော် တို့ အလေးဂရုပြုနေသည့် အရာ မှန်သမျှ ကို ပို၍ ကောင်းမွန် အောင် ပြုလုပ်ပေးနိုင်သည်၊ ထို့အတွက် AI အား တီထွင်ပြီး ပြန့်ပွားအောင် လုပ်ခြင်းသည် ကျွန်တော်တို့ စိုးရိမ်နေသည့် အန္တရာယ် မျိုး ဖြစ်ဖို့ ဝေးစွ၊ ကျွန်တော်တို့ ကိုယ်တိုင် အတွက်ကော၊ ကျွန်တော်တို့ ကလေးများ အတွက်ကော၊ ကျွန်တော်တို့ အနာဂတ်အတွက်ကော ကိုယ်ကျင့် သီလ ပိုင်းအရ တာဝန်ယူ ပေး နိုင်မည့် အရာလည်း ဖြစ်သည်ဟု ရဲရဲတင်းတင်းပင် ရေးသားလာခဲ့သည်။