ဘယ်သူ မှ မကျေလည်သော မင်းအောင်လှိုင် ခရီးစဉ်

by Hla Soewai - Nov 04 2024

မင်းအောင်လှိုင်၏ လက်ရှိ ကူမင်း ခရီးစဉ် နှင့် ပတ်သက်ပြီး နိုင်ငံ တွင်းရှိ မျိုးချစ် ဆိုသူများက အစာမကြေ ဖြစ်နေကြပြီး ပူတင် နှင့် တွေ့ခဲ့ရသည့် ခရီးစဉ် လို လိုလားပုံ မရ ဖြစ်နေသည်ဟု ဆိုရှယ် မီဒီယာ များ ပေါ်မှ အပြောအဆိုများကို လေ့လာ၍ ဧရာဝတီ သတင်း တွင် ရေးသားထားသည်။

 

၎င်းတို့ဖက်က ရှမ်းမြောက်ဒေသ အား လက်လွှတ်လိုက်ရမှု အပေါ် တရုတ်တွင် တာဝန်ရှိ‌ နေသည်ဟု ယူဆနေကြသည်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးများ တွင် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်၊ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီ ရောက်လာပြီး ပြင်းပြင်းထန်ထန် သတိပေး ပြီးနောက်မှ ငြိမ်သက်သွားကြသည်။

 

သို့သော် တရုတ်၏ လျှာနှစ်ခွ နှင့် ဆက်ဆံ နေခြင်းကိုလည်း သဘောမတွေ့ ဖြစ်လာနေသည်။

 

နောက်‌တကြောင်းက မင်းအောင်လှိုင်၏ ဦးဆောင်မှု အပေါ်လည်း စိတ်ပျက်နေကြ၍ ဖြစ်သည်။

 

ထို အနေအထားများ ဖြစ်ပေါ်နေသည့် ကြားမှပင် တရုတ် ကောင်စစ်ဝန် ရုံး တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်၊ မျိုးချစ် မဘသ ဆိုသူများက တော်လှန်ရေး အင်အားစုများ လက်ချက်ဟု ဆိုကာ လက်ညိုး ထိုး လာကြသည်။

 

တရုတ် အနေဖြင့် နိုင်ငံတွင်း အမှန်တကယ် ငြိမ်းချမ်းရေး လိုလားပါက အကြမ်းဖက် စစ်တပ် မှ လူထု အား ဗုံးကြဲ တိုက်ခိုက်နေခြင်းကို ရပ်ဆိုင်းအောင် ဖိအားပေးခြင်း၊ လက်နက်များ ပံ့ပိုး နေသည့် လုပ်ရပ်ကို စွန့် လွှတ်ခြင်း နှင့် ၎င်းတို့၏ ရပ်တည်ရာ ရပ်တည် ကြောင်းကို စဉ်းစားလာတတ်အောင် နားချ ပြီး ငြိမ်းချမ်းစွာ အာဏာ လွှဲပြောင်းစေချင်း မျိုး ဖြင့်သာ ဖြစ်နိုင်ခြေ ရှိသည်ဟု ဩစတေးလျှ ရှိ လိုဝီ အင်စတီကျု မှ အရှေ့တောင်အာရှ ဆိုင်ရာ သုတေသီ အဗ္ဗဒူ ရာမန် ဂျေကော့ က ဆိုသည်ဟု VOA တွင် ဖေါ်ပြထားသည်။

 

တရုတ်သည် ၎င်းတို့ အကျိုးစီးပွား ကာကွယ်ရန် စစ်ခေါင်းဆောင်များ အာဏာ ဆုပ်ကိုင်ထားနိုင်မှ ဖြစ်မည်ဟု ယူဆနေဆဲ ဖြစ်သည်။

 

စစ်ကောင်စီ သည်လည်း ဆက်၍ လေ ကြောင်းမှ တိုက်ခိုက် နေခြင်းဖြင့် အပစ်အခတ် ရပ်စဲရေး အား ၎င်းတို့ လိုလားသည့် ပုံစံဖြင့် မရမချင်း စိတ်ဝင်စားခြင်း မရှိပေ။

 

ယခုအခါ ဝ ထိန်းချုပ် နယ်မြေ များရှိ နယ်စပ်ဂိတ်များကိုပါ ပိတ်ဆို့‌‌နေသည်ဟု သတင်းများက ဆိုသည်။

 

နောက်နှစ် တွင် အာဆီယံ ဥက္ကဌ ဖြစ်လာမည့် မလေးရှားအား တရုတ်၏ လွှမ်းမိုးနေမှု ကို တွန်းဖယ်ပြီး အာဆီယံ အဖွဲ့ အတွင်း တော်လှန်ရေး အင်အားစု များ ၏ ‌ ပြောပိုင်ခွင့် ရှိလာစေရန် ကြိုးပမ်းသွားရန်နှင့် စစ်ကောင်စီ အား နိုင်ကွက် ရထားရန် ကြိုးပမ်း နိုင်မည့် အကွက် အကွင်း များကို အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု ၏ အစီရင်ခံစာတွင် မီးမောင်း ထိုးပြ လာခဲ့သည်။ 

 

ယနေ့တွင် ကနေဒါ၊ ဗြိတိန်၊ အီးယူ မှ လေယာဉ် ဆီ တင်သွင်းရာတွင် ပတ်သက်နေသော မြန်မာ ကုမ္ပဏီ ၆ ခု အား အရေးယူ ဒဏ် ခတ် လာခဲ့သည်။

 

ဒဏ်ခတ်ခံရသော ကုမ္ပဏီ များ မှာ Asia Sun Group, Swan Energy Co., Myan-Oil Company, Rich Ray Trading, Progress Technology Support, King Royal Technologies တို့ ဖြစ်သည်။

 

ယခုအခါ ရှမ်းမြောက်ဒေသ တဝိုက်တွင် အကြမ်းဖက် လေတပ်မှ ဗုံးကြဲတိုက်ခိုက်မှုများ ယခင်ကထက် ခပ်စိတ်စိတ် ပြုလုပ်လာ‌ နေပြီး ပြင်ဦးလွင် နှင့် ကီလိုမီတာ ၃၀ အကွာ တွင် TNLA-PDF ပူးပေါင်းတပ်များ နှင့် တိုက်ပွဲ များ ပြင်းထန်စွာ ဖြစ်ပွား နေသည်ဟု သိရသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!