အကြမ်းဖက် စစ်တပ် သည် ၎င်းတို့အား ပိတ်ဆို့ ဝိုင်းရံခံ နေရချိန် တွင် ၎င်းတို့ ဆန့်ကျင်သူများ အတွင်း မှ အကူအညီ ပေးလာမည့် ပဉ္စမံ တပ်သားများ ဆိုသည်ကို မျက်ခြေမပြတ် ဖိနှိပ်ထားရန် ထောက်လှန်းရေး ဖက်ကို အာရုံ စိုက်လာနေပြီ ဖြစ်သည်။
ဒေါက်တာ ဇော်မြင့်မောင်၏ ဈာပန အခမ်းအနား အတွက် နာရေး အကူအညီ ပေးခဲ့သည့် မန္တလေး မြို့ အောင်မြေသာဇံ ရှိ ပရဟိတ မင်းဂေါင် အရေးပေါ် အကူအညီ ပေးရေး အသင်း မှ ဥက္ကဌ ဦးခင်မောင်တင့် အပါအဝင် အဖွဲ့ဝင် ရှစ်ဦး အား အောက်တိုဘာ ၂၆ ရက်နေ့ ည တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အရပ်သုံး ကားများ နှင့် ရောက်လာပြီး ဖမ်းဆီးသွားသည်ဟု သိရသည်။
ဘီဂျင်းမှလည်း စစ်တပ်ဖက်မှ အရှုံး များ ထပ်လာပြီး ၎င်းတို့ အတွက် စိုးရိမ်စရာ ဖြစ်လာနေသည့် အတွက် ဘက်ပေါင်းစုံ မှ လမ်းပြလာနေပြီ ဖြစ်သည်။ ထောက်လှန်း ရေး ဘက်ကိုလည်း အာရုံ စိုက်လာစေရန် နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အကြောင်း နောကျေ အောင် သိထားသည် ဗိုလ်သန်းရွှေ အဖွဲ့၏ ထောက်လှန်းရေး အကြီးအကဲ များကို မင်းအောင်လှိုင် ခရီးစဉ် မတိုင်မီ ပင့်ဖိတ် လာခဲ့ပြီ ဖြစ်သည်။
မင်းအောင်လှိုင်သည် နိုဝင်ဘာ ၆-၇ တွင် ကူမင်း တွင် ကျင်းပမည့် မဲခေါင် မြစ်ဝှမ်း နိုင်ငံများ ထိပ်သီး ဆွေးနွေးပွဲ သို့ ဖိတ်ကြားခြင်း ခံထားရသူ ဖြစ်သည်။
အသက် ၈၁ နှစ် အရွယ်ရှိ အငြိမ်းစား ဗိုလ်မှုးချုပ် ဟောင်း သိန်းဆွေ နှင့် ဗိုလ်မှုးကြီးဟောင်း လှမင်းတို့ မထင်မရှား အဖွဲ့ ဖြစ်သော သံတမန်ရေး ဆိုင်ရာ တွေးခေါ်မျှော်မြင်ရေး အဖွဲ့ဖြစ်သည့် ပါရာဂွန် အင်စတီကျု အမည် ဖြင့် ရောက်ရှိလာခြင်း ဖြစ်သည်။
သိန်းဆွေသည် ယခင် စစ်ထောက်လှန်းရေး အကြီးအကဲဟောင်း ဗိုလ်ခင်ညွန့် လက်ထောက် ဖြစ်ပြီး၊ လှမင်းသည် ယခင် ဗိုလ်သန်းရွှေ အဖွဲ့၏ ပြောခွင့်ရ အဖြစ် တာဝန်ယူ ခဲ့ဖူးသူ ဖြစ်သည်။
၂၀၀၄ တွင် ခင်ညွန့်၏ စစ်ထောက်လှန်း ရေး အဖွဲ့ ဖြိုခွင်း ခံခဲ့ရပြီး နောက်တွင် နှစ်ဦးစလုံး ထောင်သွင်းအကျဉ်းချ ခံခဲ့ရသူ များ ဖြစ်သည်။
စစ်ဖက်မှ ပုဂ္ဂိုလ်များသည် မင်းအောင်လှိုင် အပေါ် မကျေမနပ် ဖြစ်နေမှု များသည် ယို့ယွင်း ပျက်စီးလာနေသော တိုင်းပြည် အခြေအနေ အပေါ် စိုးရိမ် ကြောင့်ကြနေကြ၍ မဟုတ်ဘဲ ၎င်းတို့ အဖွဲ့အစည်း ပြိုလဲ ပျက်စီးသွားမည့် အရေး၊ ခုံရုံး တင်ခံရမည့် အရေး များ အတွက် စိုးရိမ် ကြောင့်ကြ ဖြစ်နေကြခြင်း သာ ဖြစ်သည်။ အရေးကြီးလျှင် သွေးနီးကြရမည် ဟု ခံယူထားကြသူများ ဖြစ်သည်။
မင်းအောင်လှိုင်ကဲ့သို့ "မိုက်တယ် ဆိုတာ လွယ်ပါတယ်" ဟု ဆိုကာ ဗိုလ်တက်လုပ်ရဲ သူ မရှိ၍သာ အခက်တွေ့နေကြခြင်း ဖြစ်သည်။ အစွမ်းအစ မရှိသူများ ပီပီ လူမိုက်နောက် မှ တွဲလွဲခို လိုက်နေကြခြင်း ဖြစ်၍ ၎င်းတို့ အဖို့ အခြား ရွေးချယ်စရာ မရှိ ဘာမဆို လုပ်ရဲသည် ဆိုသော မင်းအောင်လှိုင်ကိုသာ ထိန်းကျောင်း ပံ့ပိုးပေးရတော့မည် ဆိုသည်ကို သဘောပေါက်ထားကြပြီး ဖြစ်သည်။
မင်းအောင်လှိုင် အာဏာ တည်မြဲ နေသရွေ့ တော်လှန်ရေးသည် ဆက်၍ အရှိန်အဟုန် နှင့် အောင်ပွဲ ခံနေဦးမည် ဆိုသည်ကိုလည်း တရုတ်က သိရှိနေသော်လည်း လူစားထိုးဖို့ လူမရှိ ဆိုသည်ကိုလည်း သိရှိသွားကြပြီ ဖြစ်သည်။
ယခုအခါ တရုတ်သည် ကချင် အပါအဝင် တိုင်းရင်းသား အဖွဲ့ အတော်များများ နှင့် ရရှိခဲ့သော အပစ်အခတ် ရပ်စဲရေး တွင် အဓိကနေရာ မှ ပါဝင်ခဲ့သော ထောက်လှန်းရေး လူဟောင်းများကို ပြန်သုံးလာနေပြီ ဖြစ်သည်။
ပါရာဂွန် အဖွဲ့ဆိုသည်မှာလည်း ယခင်က ကြားဖူးခြင်း မရှိပဲ ယခု မှ ပေါ်လာခြင်း ဖြစ်၍ စစ်ထောက်လှန်း ရေး အရာရှိ ဟောင်းများ ပေါင်း၍ အကောက်ကြံလာနိုင်ဖို့ အကာအကွယ် ယူလာခြင်း ဖြစ်၍ သံသယ ဖြစ်စရာ ကောင်းသည်ဟု မြန်မာ အရေး လေ့လာသူ ဒေးဗစ် မက်သီဆန်က ပြောကြောင်း မြန်မာ နောင်းတွင် ဖေါ်ပြထားသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!