အထက်တွင် ဖေါ်ပြခဲ့သည့် အတိုင်း အလွယ်တကူ ယုံကြည် လက်ခံလာမှု များ ကြောင့် အချက်အလက်များ ရရှိရေး အတွက် ပို၍ အစွမ်းထက်သော နည်းပညာ များ ကို ရှာဖွေ ဖေါ်ထုတ်လာကြသည်။ ယင်းသည် ကွန်ပြူဝာာ နှင့် အင်ဝာာနက် ခေတ်ကြီး၏ တဝက်တပျက် လက်ခံလာသည့် တရားဝင် သဘောတရား ခံယူချက် ဖြစ်လာသည်။
ဘာလင် တံတိုင်းကြီး နှင့် သံကန့်လန့်ကာကြီး ပြိုလဲမသွားခင် လအနည်းငယ် အလို ၁၉၈၉ ဇွန်လ တွင် ရော်နယ် ရီဂင်သည် ယခုလို ထုတ်ဖေါ် ပြောဆိုလာခဲ့သည်။
"ဂိုလိုင်ယတ် ဧရာမ အာဏာရှင် များ၏ ထိန်းချုပ်ထားမှု သည် ဒေးဗစ် ဆိုသည့် မိုက်ကရိုချစ်ပ် လေးကြောင့် အလျင်အမြန် ဆုံးခန်းတိုင်သွားသည့် အဖြစ် ရောက်လာတော့မည်။ Big Brother ကြီးများသည်လည်း ဆက်သွယ်ရေး နည်းပညာများ ကြောင့် တဖြေးဖြေး နှင့် ခိုကိုးရာမဲ့ ဖြစ်လာကြ ပေတော့မည်။ အင်ဖေါ်မေးရှင်း ဆိုသည့် သတင်းအချက်အလက်များသည် ခေတ်သစ် ကမ္ဘာကြီး၏ အောက်စီဂျင် များ ဖြစ်လာပြီး ထိပ်တွင် သံဆူးကြိုးများ ဖြင့် ကာရံ ထားသည့် နံရံကြီးများထဲ စိမ့်ဝင်လာကြတော့မည်။ လျပ်စစ်ဓါတ်များ လွှတ်ထားပြီး အဝေးထိန်း မိုင်းများ မြုပ်ထားသည့် နယ်ခြားများကို ကျော်ဖြတ်လာကြတော့မည်၊ အီလက်ထရောနစ် လှိုင်းတန်းများသည် သံကန့်လန့်ကာကြီးအား ဇာပန်းထည် များ ဖြစ်အောင် ယှက်ဖြာ ထိုးနှက်ကြပေတော့မည်"
၂၀၀၉ နိုဝင်ဘာလ အတွင်း ရှန်ဟိုင်းသို့ ရောက်လာသော ဘာရက် အိုဘာမားသည်လည်း အလားတူ ပုံစံမျိုး ခွန် နှင့် အားနှင့် ပြောသွားခဲ့ပြန်သည်။
"ကျွန်တော်ဟာ နည်းပညာ ကို အလွန်ကို ယုံကြည်ထားသူ တဦး ဖြစ်ပါတယ်၊ သတင်း အချက်အလက် တွေ နဲ့ ပတ်သက်လာရင် လည်း ပွင့်လင်းစွာ စီးမျောမှု ကိုလည်း အလွန်တရာမှ ယုံကြည်ထားသူ လည်း ဖြစ်ပါတယ်။ အင်ဖေါ်မေးရှင်းတွေ လွတ်လွတ်လပ်လပ် စီးမျောနိုင်လေ၊ ကျွန်တော်တို့ လူ့အဖွဲ့အစည်းကြီး ဟာလည်း ပိုပြီး ခိုင်မာ လာလေလေ ဖြစ်လာမှာပါ"
စီးပွားရေး တွင် စွန့်စား ထိုးဖောက်လာသူများနှင့် ကော်ပိုရေးရှင်း ကြီးများသည်လည်း သတင်းအချက်အလက် နည်းပညာ များ အပေါ် အလားတူ အားတက်သရော ရှုမြင်လာကြသည်။
၁၈၅၈ အတွင်း The New Englander ဂျာနယ် ၏ အယ်ဒီတာ အာဘော်တွင် ကြေးနန်း စနစ် တီထွင်ခဲ့မှု အပေါ် ရေးသားရာတွင် ကမ္ဘာပေါ်ရှိ နိုင်ငံများ အကြား အတွေးအခေါ် ချင်း ဖလှယ်နိုင်တော့မည့် ကိရိယာ မျိုး တီထွင်ခဲ့ပြီ ဖြစ်၍ ယခင်က ရှိခဲ့သော အခြေအမြစ် မရှိသည့် အစွဲအလမ်းများ၊ ရန်လို မှူ များ ဆက်လက် တည်ရှိဖို့ မဖြစ်နိုင်တော့" ဟု ပါရှိလာခဲ့သည်။
ရာစုနှစ် နှစ်စုကုန်လွန်ပြီး ကမ္ဘာစစ်ကြီး နှစ်ခု ဖြစ်ပွားခဲ့ပြီး နောက်တွင် မတ် ဇူကာဘတ်သည် "ဖေ့စ်ဘုတ်သည် ကမ္ဘာကြီးအား ပိုမို ပွင့်လင်းပြီး အချင်းချင်း အကြား နားလည်မှု များ ရှိလာစေရေး အတွက် သတင်း အချက်အလက်များ ပို၍ ဖလှယ် ဖြစ်ရန် ရည်မှန်းသည်ဟု ဆိုသည်။
အနာဂတ် ရေးရာ လေ့လာသည့် ပညာရှင်လည်း ဖြစ်၊ စီးပွားရေး တွင် တီထွင် ကြံဆ လုပ်ကိုင်သူလည်း ဖြစ်သည့် Ray Kurzweil သည် ၂၀၂၄ တွင် ရေးသား ထုတ်ဝေသည့် "The Singularity Is Nearer" စာအုပ်တွင် အင်ဖေါ်မေးရှင်း နည်းပညာသမိုင်းအား ဆန်းစစ် လေ့လာချက် ကို ဖေါ်ပြရာတွင်
"နည်းပညာများသည် ထပ်ညွှန်းကိန်းသဖွယ် တဖြေးဖြေး တိုးပွားလာနေ၍ လူနေမှု ဘဝ၏ ရှု့ဒေါင့် အသီးသီးတွင် အဆင့်ဆင့် ရွေလျား ပြောင်းလဲလာနေသည်" ဟု ဆိုထားသည်။
ကြီးမား ကျယ်ပြောလှသော လူ့သမိုင်း တလျောက် ပြန် ပြောင်း ကြည့်မည် ဆိုလျင် ပုံနှိပ်စက် တီထွင် နိုင်ခဲ့မှု မှ အစပြု၍ အင်ဖေါ်မေးရှင်း နည်းပညာရပ်ဖြင့် လူသားတို့အတွက် စာပေ၊ ပညာရေး၊ ကျန်းမာရေး၊ သန့်ရှင်းရေး၊ ဒီမိုကရေစီ အရေး၊ အကြမ်းဖက်မှု လျော့ပါးစေရေး နှင့် ကြွယ်ဝချမ်းသာမှု များ အစရှိသည့် ကောင်းကျိုး ချမ်းသာ များ ဖြစ်ထွန်းလာစေသည့် ဖက်မှ ရေးသားလာခဲ့သည်။
သတင်း အချက်အလက်များ အပေါ် အလွယ်တကူ လက်ခံနိုင်မှု ကို ဂူဂဲလ် ၏ မစ်ရှင် ကြေညာစာတမ်းတွင် အထင်အရှား တွေ့လာခဲ့ရသည်။ အဆိုပါ စာတမ်းတွင် " အားလုံး ဝင်ရောက် ကြည့်ရှု ပြီး အသုံးချ နိုင်ရန် တကမ္ဘာလုံး၏ သတင်း အချက်အလက်များ ကို စုစည်းပေးသွားရန်" ဖြစ်သည်ဟု ပါရှိသည်။
ဤသို့ဖြင့် ဂူဂဲလ် သည် ဂို သေး ၏ သတိပေးချက် ဖြစ်သော ပညာသင်တဦး မှ ဆရာသမား ဖြစ်သူ ၏ ကဝေ လက်စွဲ စာအုပ်ကို ခိုးယူအသုံးချ ခဲ့ခြင်းကြောင့် ပျက်စီး ဆုံးရှုံးသွားဖွယ် ရှိသည် ဆိုသည်အား ပညာသင် တဦးအစား ပညာသင် အများအပြား ထံသို့ ကမ္ဘာပေါ်ရှိ သတင်း အချက်အလက်များ ရောက်ရှိ သိခွင့်ရ မည် ဆိုက ၎င်းတို့ အားလုံးသည် မှော်ဝင် တံမြက်စီး ကို ဖန်တီးယုံမျှ နှင့် ရပ် မနေဘဲ ချင့်ချင့်ခြိမ်ခြိမ် နှင့် အသုံးချနိုင်မည့် နည်းလမ်းကိုပါ သင်ယူလာကြမည်သာ ဖြစ်သည်ဟု ဖြေရှင်းချက် ထုတ်လာခဲ့သည်။