NUG နှင့် အီးယူ၊ ကုလ၊ အာဆီယံ တို့ ဂျကာတာ တွင် ဆွေးနွေးမည်

by Hla Soewai - Oct 10 2024

ရှေ့လာမည့် အပတ် အောက်တိုဘာ ၆ - ၁၁ ရက်အတွင်း လာအို တွင် ကျင်းပရန် ရှိနေသည့် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ မတိုင်မီ အရှိန်အဟုန် ပြင်းစွာ တောက်လောင် လာနေသော မြန်မာ ပြည် တွင်း စစ် နှင့် ပတ်သက်၍ သံတမန် များ ဂျကာတာ တွင် တွေ့ဆုံ ဆွေးနွေးကြမည်ဟု အင်ဒိုနီးရှား ဝါရင့် သံတမန်တဦးက ပြောသည်ဟု AFP သတင်းတွင် ဖေါ်ပြလာသည်။

 

စနေနေ့တွင် အင်ဒိုနီးရှားမှ ကမကထ ပြုလုပ်မည့် အဆိုပါ ဆွေးနွေးပွဲတွင် အာဆီယံ၊ အီးယူ၊ ကုလ မှ ကိုယ်စားလှယ်များ မှ မြန်မာ တော်လှန်ရေး အဖွဲ့များ နှင့် တွေ့ဆုံ ဆွေးနွေးကြဖို့ ရှိနေသည်။

 

စစ်တပ် ဖက်မှ တက်ရောက် ဖို့ ရှိမည် မဟုတ်ဟုလည်း သိရသည်။

 

အာဆီယံ၏ ဗီယင်ကျန်း ထိပ်သီး ဆွေးနွေးပွဲ တွင် ယခုအခါ မြန်မာ အရေးသည် ထိပ်ဆုံးမှ ပါဝင်လာဖို့ ရှိနေသည်။

 

အင်ဒိုနီရှား၊ ဖိလစ်ပိုင် နှင့် မလေးရှား သုံးနိုင်ငံမှ မင်းအောင်လှိုင် အား ထိပ်သီး အစည်း အဝေး အတက် မခံယုံ နှင့် မလုံလောက်တော့ပဲ ပို၍ ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး ကို လိုလားနေကြသည်။

 

ဂျကာတာ ဆွေးနွေးပွဲ သည် မင်းအောင်လှိုင် သစ္စာခံ တပ်များ စစ်မြေပြင်တွင် တဖြေးဖြေး အခြေမလှ ဖြစ်လာသည်နှင့် အမျှ တိုင်းရင်းသား များ နှင့် ပြည်သူ့ကာကွယ်‌ ရေး တပ်ဖွဲ့များ၏ တော်လှန်ရေး အရွေ့သည် ပြောင်းလဲလာနေပြီ ကို အသိအမှတ် ပြုလာခြင်းလည်း ဖြစ်သည်။

 

စစ်ကောင်စီ ဖက်မှ ဆုံးရှုံးသွားသည့် မြို့များကို မည်သည့် စစ်ရေး ရည်မှန်းချက်မျိုး မှ မရှိပဲ ငါတို့ ပြန်မရလျင် ဖျက်ဆီးပစ်မည် ဆိုကာ ‌အကြောင်းမဲ့ ဗုံးကြဲ နေ၍ အရပ်သား သေဆုံးမှု များပြား လာနေချိန်လည်း ဖြစ်သည်။

 

ကျွန်တော်သည် ယခု အခါ ခရီး ထွက်နေရ၍ #ငါးရက်ခန့် ခွင့်ပေးပါရန် လေးစားစွာ မေတ္တာရပ်ခံပါသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!;