စစ်ကျွန် မခံပြီ

by Hla Soewai - Oct 10 2024

ဒေါက်တာ ဇော်မြင့်မောင် ကွယ်လွန်သွားပြီ ဆိုသော သတင်းဆိုး ကြီးကြောင့် လွန်စွာ တုန်လှုပ် ကြေကွဲ ဖွယ် ကြားသိခဲ့ရသည်။

 

လူပီသ လွန်းသူကြီး က အားလုံးကို နှုတ်ဆက်သွားခဲ့ယုံမျှမက လက်ရှိ ဆင်နွှဲနေသော တော်လှန်ရေး ကြီး မဖြစ်မနေ အောင်မြင်မှ ဖြစ်တော့မည် ဆိုသော အသိ ကို တွေဝေယိမ်းယိုင်နေသူများ ပါမကျန် အောင် လမ်းပြ စည်းရုံးပေးသွားသည့် တာဝန်ကြီးကို နောက်ဆုံးထမ်းဆောင်သွားခဲ့ရှာပြီ ဖြစ်သည်။

 

ဒေါက်တာ ဇော််မြင်မောင်အား ၁၉၅၁ ဒီဇင်ဘာ ၁၁ ရက်နေ့တွင် အမရပူရ တွင် ‌မွေးဖွားခဲ့သည်။ ၁၉၇၉ တွင် မန္တလေး ဆေးတက္ကသိုလ်မှ ဆေးပညာ ဘွဲ့ကို ရရှိခဲ့ပြီး စစ်ကိုင်းတိုင်း ရွာသစ်ကြီး ဆေးရုံ တွင် စတင် အမှုထမ်းခဲ့သည်။

 

၁၉၈၃ မှ ၁၉၈၈ အတွင်း မန္တလေး ဆေးတက္ကသိုလ် တွင် ပင် ဇီဝဓါတု ဗေဒ ဌာန တွင် သရုပ်ပြ ဆရာ အဖြစ် ဆောင်ရွက်ခဲ့သည်။

 

စစ်‌ ခေါင်း‌ ဆောင်များ ပြုလုပ်‌ ပေးခဲ့သည့် ၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသားပြည်သူ့ လွှတ်တော် အမတ် အဖြစ် အရွေးခံခဲ့ရာမှ ပြင်းထန်သည့် နိုင်ငံရေး လှိူင်းတံပိုး အကြား စတင် ကူးခတ်လာခဲ့သည်။

 

ပြည်သူ့ ကိုယ်စားလှယ် အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည့် အတွက် ၆ လ အကြာ နိုဝင်ဘာ ၂၂ ရက်တွင် ဖမ်းဆီး ခံခဲ့ရပြီး စစ်အာဏာပိုင်များ ၏ မည်သို့မျှ ခုခံ ပ်ုင်ခွင့်မရှိ သောလက်ကိုင် တုတ် တရားရုံးမှ ထောင်ဒဏ် ၂၅ နှစ် ချမှတတ်ပြီး လူ့ငရဲခန်းသို့ ပို့ဆောင် ပေးခဲ့ကြသည်။

 

ထိုမျှ နှင့် အားမရသေးဘဲ ၁၉၉၆ တွင် ထောင်တွင်း ရန်ကုန် တက္ကသိူလ် ၇၅ နှစ်မြောက် စိန်ရတု အထိမ်းအမှတ် စာစောင် ထုတ်ဝေ မှူ တွင် ပါဝင် ပတ်သက်သည် ဆိုကာ နောက်ထပ် ၇ နှစ် ထောင်ဒဏ် ချမှတ်ခြင်း ခံခဲ့ရပြန်သည်။ စစ်ခွေးတိုက်သို့လည်း အပို့ခံခဲ့ရသည်။

 

စစ်အာဏာပိုင်များ အလိုကျ နေထိုင်သွားပါမည်ဟု ကတိပြုခဲ့ပါက စောစီးစွာ ပြန်လွတ်လာနိုင်ခဲ့သော်လည်း ပြည်သူများ စစ်ကျွန် ဘဝ မှ လွတ်မြောက်ရေး အတွက် နောက်ဆုံး ထွက်သက်အထိ ကြံ့ကြံ့ခံ တိုက်ပွဲ ဝင်သွားမည် ဆ်ုသော ခိုင်မာသော သံန္ဓိဋ္ဌာန် ကြောင့် ဒေါက်တာ ဇော် မြင့်မောင်သည် ၂၀၀၉ ဖေဖေါ်ဝါရီ ၂၁ တွငိ ပြန်လည် လွတ်မြောက် လာချိန် အထိ စုစုပေါင်း ၁၉ နှစ်ကြာ အသက်၏ လေးပုံ တပုံခန့် မြစ်ကြီးနား အကျဉ်း ထောင်ကြီး တွင် ချုပ်နှောင်ထားချင်း ခံခဲ့ရသည်။

 

ထို့နောက်တွင် အမျိူသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ လက်ထက် တွင် ပါတီ၏ ဒုဥက္ကဌ နှင့် မန္တလေး တိုင်း ဝန်ကြီးချုပ် အဖြစ် တာဝန် ထမ်းဆောင်နေရာမှ ၂၀၁၉ တွင် သွေးကင်ဆာ ရောဂါဆိုးကြီး စွဲကပ်လာခဲ့သည်။ ထို့နောက် တွင်တော့ ၎င်း တွေ့ကြုံခဲ့ဖူးသည်ထက် အဆမတန် ရက်စက်ကြမ်းကြုပ်လှသော စစ်ခေါင်းဆောင်များ ၏ ဖမ်းဆီး အကျဉ်းချခြင်း ခံခဲ့ရာမှ ကွယ်လွန် အနိစ္စ ရောက်ခဲ့ရခြင်း ဖြစ်သည်။

 

စစ်အရာရှိများက ၎င်းအား အခြေအနေ ဆိုးဝါးလာ၍ မဖြစ်မနေ ပို့ပေးထားသော မန္တလေး ဆေးရုံကြီးသို့ အပြေးအလွှား ရောက်လာပြီး သတိ‌ လစ်မေ့မျော‌ နေ‌‌ ပြီ ဖြစ်သော ဒေါက်တာ ဇော်မြင့်မောင် အား ထောင်ဒဏ် ၂၉ နှစ် ချ မှတ်ထားသည့် အပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့် ပေးသည့် စာရွက်အား ဖတ်ပြခဲ့ကြသည်။

 

 

ပြည်သူတရပ်လုံးသည်လည်း ထိုမျှ လူမှန်းသူမှန်း မသိ‌ လောက် အောင် ဖြစ်လာ‌ နေသော စစ်ဘီလူးများအား လက်ချည်းသက်သက်ဖြင့် ယဉ်ပါးအောင် လုပ်၍ မရတော့ ဆိုသည်ကိုလည်း သိမြင် နားလည် နေကြပြီ ဖြစ်သည်။

 

ကျဆုံးသွားသူ ဆရာဇော်အား ဝမ်းနည်းကြေကွဲစွာ ဦးညွှတ် နှုတ်ဆက်လိုက်ပါတယ်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!