ပင်လယ်ဘူး မှ သည် ဗီယင်ကျန်း ဆီသို

by Hla Soewai - Oct 10 2024

မင်း ပေါင်း စုံညီ တက်‌ ရောက်လာသည့် အာဆီယံ ထိပ်သီး အစည်းအဝေး ကျင်းပနေချိန်တွင် စစ်ကောင်စီ သည် နိုင်ငံကို ဆက်၍ အုပ်ချုပ် နိုင်စွမ်း ရှိဦး မည် ဆိုသော လက္ခဏ တစုံတရာ ပြနိုင်စွမ်း ကင်းမဲ့လာနေပြီ ဖြစ်သည်။

 

အထင်ရှားဆုံးက ၎င်းတို့ ခုနှစ်ပတ်ကြာ လေကြောင်းမှ အကြိမ်‌ ပေါင်း ၁၃၀ ကျော် ဗုံးကြဲ တိုက်ခိုက်ခဲ့ယုံမက မြေပြင်တွင်လည်း ကျားကုတ် ကျားခဲ ခုခံခဲ့သော ပင်လယ်ဘူး မြို့အား ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ များနှင့် မဟာမိတ် တပ်များက သိမ်းယူ နိုင်လိုက်ပြီ ဆိုသော သတင်း။

 

ကမ္ဘာကျော် ကျောက်စိမ်း ထွက်ရှိရာ ဖားကန့် အနီး ဆိုင်း တောင် ရွာရှိ စစ်တပ်၏ နောက်ဆုံး ခြေကုပ်စခန်း ဖြစ်သည့် လပ်ကီးမန်း ဟိုတယ်အား ကချင်လွတ်လပ်ရေး တပ်များ နှင့် မဟာမိတ် PDF တပ်များက ထိန်းချုပ် နိုင်လိုက်ပြီ ဆိုသော သတင်း။

 

မင်းအောင်လှိုင်မှ နိုင်ငံ၏ အကြီးဆုံး မြို့ကြီး ဖြစ်သည့် ရန်ကုန် အား လုံခြုံရေး အထူး တင်းကျပ်ထားရန်ပင် ပြောဆိုနေရပြီ ဆိုသော သတင်း။

 

ရက္ခိတ တပ်‌တော်မှ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အား သိမ်းပိုက်နိုင်တော့မည် ဆိုသော သတင်း။

 

သီပေါ အား သိမ်းပိုက်နိုင်ရန် TNLA နှင့် ပူးပေါင်းတပ်များက နောက်ဆုံးကျန်နေသည့် ခလရ ၂၃ အား ဝိုင်းပတ် ပိတ်ဆို့ ထားပြီ ဆိုသော သတင်း

 

မန္တလေး တွင် ဒီမိုကရေစီ သူရဲကောင်း ကြီး၏ စျာပန အား အကြောက်တရား ကို တွန်းလှန်ကာ ပြည်သူ ထောင်သောင်းချီ၍ လမ်း‌ ဘေး ဝဲယာ တလျောက် ဂါဝရ ပြု လိုက်လံ ပို့ဆောင်ခဲ့ကြယုံမျှမက ‌"တော်လှန်ရေး - အောင်ရမည်" ဆို‌ သော ကြွေးကြော်သံများ ဟစ်ကြွေးခဲ့ကြသည် ဆို‌ သောသတင်းများ သည် ဗီယင်ကျန်းရှိ စစ်ကောင်စီ အနေအထားကို အကဲဖြတ် နေကြသော သံတမန် အသိုက်အဝန်းသို့ ရောက်ရှိလာနေပြီ ဖြစ်သည်။

 

စစ်ကောင်စီသည် ထိုအစည်းအဝေး နှင့် ချိန်ကိုက်ပြီး သန်းကောင်စာရင်း ကောက်သည် ဆိုကာ ၎င်းတို့ ထိန်းချုပ် နိုင်ဆဲ ဟု ဝါဒ ဖြန့်ချီရန် ကြိုးပမ်းမှု နှင့် အသားစီးရနေဟန် ဖြင့် ငြိမ်းချမ်း‌ ရေး လိုလားသ ယောင် ဖိတ်‌ ခေါ် လာမှု များသည်လည်း သဲထဲရေသွန် ဖြစ်သွားခဲ့ရသည်။

 

ထို့အတွက် စစ်ကောင်စီ သစ္စာခံ တပ်များသည် မည်သို့မျှ ၂၀၂၁ မတိုင်မီ အနေအထား ပြန်ရောက်ရန် ထိန်းချုပ် နိုင်တော့မည် မဟုတ်ပဲ တနိုင်ငံလုံးအား ဗုံးကြဲ ပြီး မြေလှန်စနစ် ကျင့်သုံးပြီး ဆက်၍ တိုက်ခိုက်သွားဖို့သာ တတ်နိုင်တော့သည် ဆိုသည်နှင့် တရုတ် အစိုးရ မှ စစ်တပ်အား ထောက်ခံသွားမည် ဆိုကာ တော်လှန်ရေး တပ်များအား ခြိမ်းခြောက်လာသော်လည်း နဲနဲမျှ မှုသည့် ပုံမျိုး မတွေ့ရသဖြင့် လူ့ အသက်များ ဆက်ပြီး မဆုံးရှုံးရအောင် အဖြေရှာနိုင်မှ ဖြစ်တော့မည် ဆိုကာ ယခင်ကကဲ့သို့ ပူးတွဲ ကြေညာချက် ထုတ်ပြန် နိုင်ဖို့ လောက်သာ မဟုတ်တော့ပဲ တက်ရောက်လာသူများက ၎င်းတို့ သန်ရာ သန်ရာ အ‌ လေး အနက်ထား ပြောဆိုလာကြသည်။

 

မလေးရှား နိုင်ငံ ခြားရေး ဝန်ကြီး မှ စစ်ကောင်စီ အနေဖြင့် စတင် ဆွေးနွေးဖို့ အချိန် ရောက်လာပြီဟု ဆိုသည်။

 

အင်ဒိုနီရှား ဒုသမ္မတ မှ အာဆီယံ အဖွဲ့၏ အခြေခံ မူ ဖြစ်သည့် နိုင်ငံတကာ ဥပဒေများကို မြန်မာ မှ လေးစား လိုက်နာရန် အရေး ကြီး ကြောင်းနှင့် မြန်မာ ပြည်သူ များအား လူသားချင်းစာနာ မှု အကူအညီများ တိုးမြှင့် ပေးအပ်သွားရန် ပြောဆိုသွားသည်။

 

ဖီလီပိုင် သမ္မတ မားကို့စ် ဂျုနီယာမှ လက်ရှိ အချက် ငါးချက်သည် အလုပ် မဖြစ်တော့၍ ပြဿနာ ဖြေရှင်းနိုင်မည့် မဟာဗျူဟာ အသစ်ကို ချမှတ် ဖို့ လိုလာပြီဟု ဆိုသည်။

 

ထိုင်းမှ လာမည့် ဒီဇင်ဘာလ အတွင်း ဘန်ကောက်တွင် ဥက္ကဌ ဖြစ်သူ လာအို ၏ ဦးဆောင်မှု ဖြင့် စစ်‌ ကောင်စီ အပါအဝင် သက်ဆိုင် သည့် အဖွဲ့အစည်း အားလုံး နှင့် အလွတ်သဘော ဆွေးနွေးပွဲ တရပ် ပြုလုပ်သွားရေး အဆိုပြုလာခဲ့သည်။

 

စင်္ကာပူ ဝန်ကြီးချုပ် လောရင့်စ် ဝေါင်းမှ မြန်မာ အရေး နှင့် ပတ်သက်၍ အာဆီယံ ညီညွတ်ရေး ထိခိုက်လာနိုင်သည့် အတွက် မူလ သဘောတူထားသည့် အချက် ငါးချက် ကို မြဲမြံစွာ စွဲကိုင်ထားနိုင်မှ ဖြစ်မည်ဟု ဆိုသည်။ မြန်မာ စစ်ခေါင်းဆောင် များကိုလည်း အစည်းအဝေး တက်ရောက်ခွင့် ကို ပိတ်ပင်ထားမှ ဖြစ်မည် ဟု သတိပေးသွားခဲ့သည်။

 

စစ်ကောင်စီ၏ အဓိက မဟာမိတ် အဖြစ် ပေါ်ပေါ်ထင်ထင် ခံယူလာသည့် တရုတ်နိုင်ငံ၏ ဝန်ကြီးချုပ်သည် အာဆီယံ ခေါင်းဆောင်များ နှင့် ကြာသပတေးနေ့တွင် တွေ့ဆုံဆွေး‌နွေးရန် ရှိနေသည်။

 

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်သနီ ဘလင်ကင် လည်း ဗီယင်ကျန်းသို့ ရောက်ရှိနေသည်၊ ၎င်းနှင့် အတူ လိုက်ပါလာသည့် အရှေ့အာရှ ရေးရာ လက်ထောက် ဝန်ကြီး ဒင်နီယယ် ခရစ်တင်ဘရင့် မှ အာဆီယံ ဖက်မှ တိုးတက်မှု ဆို၍ သုံည အဆင့်က မတက်သေးဟု ထောက်ပြသွားခဲ့သည်။ စစ်ကောင်စီ၏ ရွေးကောက်ပွဲ သည် လည်း အမျိုးသား ရင်ကြားစေ့နိုင်မှု မရှိပဲ လုပ်လာမည်ကို မည်သို့မျှ လက်ခံမည် မဟုတ် ဆိုသော မူ ကို ဆက်လက် ကိုင်စွဲ သွားမည်ဟု ဆိုသည်။

 

ယင်းသည် စစ်ကောင်စီ ဖက်မှ ၎င်းတို့ ရေးဆွဲထားသော လမ်းပြမြေပုံ အချက် ငါးချက်ကို အသိအမှတ်ပြုရန် ပြောဆိုနေမှု အား ပယ်ချ လိုက်ခြင်းလည်း ဖြစ်သည်။

 

ဘလင်ကင်သည် အာဆီယံ ခေါင်းဆောင်များ နှင့် သောကြာနေ့တွင် ဆွေးနွေးမည် ဖြစ်၍ တရုတ်၏ သကြား ကျွေးမှု ကို ချေပနိုင်မည့် အခွင့်အလန်း ရရှိသွားခဲ့သည်။

 

အိန္ဓိယ ဝန်ကြီးချုပ် မိုဒီလည်း ရောက်ရှိလာမည် ဖြစ်ပြီး အိန္ဒိယ အနေဖြင့် သက်ဆိုင်သူ အားလုံး တစားပွဲ တည်း ထိုင်ပြီး ဆွေးနွေး အဖြေရှာ နိုင်မှ ဖြစ်မည်ဟူသော သဘောထားကို အခိုင်အမာ ဆုတ်ကိုင်ထားကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ ကြေညာချက် ထုတ်ပြန်လာသည်။

 

အာဆီယံသည် တရုတ် နှင့် တောင်တရုတ် ပင်လယ် အရေး အပြင် နောက်ထပ် မြန်မာ ပြဿနာ နှင့်ပါ ရင်ဆိုင်ရဖို့ ရှိလာနေသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်မှု မုချ အောင်ရမည်!!!