ကျွနုပ်တို့ တွင် ကိုယ်တိုင် ထိန်းချုပ်နိုင်စွမ်း မရှိမည့် စွမ်းပကားများကို ဆင့်ခေါ် လိုသည့် သဘောသဘာဝ သည် ကျွနုပ်တို့ တဦးချင်းစီ တွင် ရှိ စိတ်ပိုင်းဆိုင်ရာ အနေအထား ကြောင့် မဟုတ်ပဲ မနုသ နွယ်ဝင်များ အုံနှင့် ကျင်းနှင့် ပေါင်းစည်း ဝါယအ စိူက်ထုတ် လာရာမှ တမူ ထူးခြားစွာ ထွက်ပေါ်လာခြင်း ဖြစ်သည်။
လူသားမျိုးနွယ်များသည် အပေါင်းအစု အသင်းအဖွဲ့ ပုံစံဖြင့် သမဝါယမ ပြုကာ ကွန်ယက် သဖွယ် ဆက်နွယ် ပေါင်းစည်းလာကြပြီး မိမိတို့ နေထိုင်ရာ ကမ္ဘာကြီးကို ချုပ်ကိုင် ချယ်လှယ်နိုင်ရန် ကြိူးပမ်းကြခြင်းဖြင့် လွန်စွာ ကြီးမားသော စွမ်းပကား များ ပိုင်ဆိုင်လာကြခြင်း ဖြစ်သည်။ ယင်းကို ယခု စာအုပ်တွင် အဓိက ထား၍ အကျိုးသင့် အကြောင်းသင့် တင်ပြသွားမည် ဖြစ်သည်။ သို့သော် ထိုသို့ ရည်ရွယ် ချက် မျိုး ဖြင့် ပေါင်းစပ်လာကြသည့် ပင်ကိုယ် သဘောသဘာဝ ကိုယ်နှိုက်ကြောင့် ရရှိလာပြီးသော စွမ်းပကား များကို မဆင်မခြင် သုံးစွဲရန် အကြောင်း ဖန်လာခဲ့ခြင်း ဖြစ်သည်။ ထို့အတွက် ကျွနုပ်တို့၏ ပြဿနာ သည် ကွန်ယက် သဖွယ် သမဝါယမ ပြု ဆက်နွယ် ပေါင်းစီးခြင်းမှ အစပျိုးလာခြင်း ဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။
ပို၍ တိတိကျကျ ပြောရမည် ဆိုလျှင် သတင်း အချက်အလက်များ သည် ပဓာန နေရာ မှ ပါဝင်နေသည်ဟု ဆိုရမည် ဖြစ်သည်။ ထိုသတင်းအချက်အလက်များသည် တည်ဆောက်လာသည့် ကွန်ယက်များ အား ခိုင်မြဲအောင် ကော် နှင့် သုပ်ပေးသလို ဖြစ်လာခဲ့ရသည်။
နှစ်ပေါင်း ထောင်သောင်းချီ၍ လူသားတို့သည် စိတ်ကူးယဉ် ဇာတ်လမ်းများ၊ ဒဏ္ဍာရီ ပုံဝတ္ထုများ၊ ယုံမှားမှု လွန်ကဲခြင်း ဆိုသည် အရာများ အား ကိရိယာ တန်ဆာပလာများ သဖွယ် အသုံးချကာနတ်ဘုရား များ၊ မှော်ဝင် တံမျက်စည်းများ၊ ဉာဏ်ရည်တုများ၊ အခြား ကြီးမားသော အလှည့်အပြောင်းများ ဖန်တီး၍ အချင်းချင်း ဆက်သွယ် ပေါင်းစည်း နိုင်အောင် တည်ဆောက်ခဲ့ကြသည်၊ ထိုကိရိယာ တန်ဆာပလာ နှင့်ပင် ဆက်ပြီး မြဲမြံ အောင် ထိန်းသိမ်းထားခဲ့ကြသည်။
လူသားတိုင်းသည် အခြေခံအားဖြင့် မိမိတို့ အကြောင်းနှင့် မိမိနေထိုင်ရာ ကမ္ဘာ လောကကြီး အကြောင်းကို အမှန်အတိုင်း သိလိုသဖြင့် စိတ်ဝင်တစား စူးစမ်းလိုသော သဘောသဘာဝ ရှိကြစမြဲပင် ဖြစ်သည်။ ထို့သို့ စိတ်ဝင်တစား စူးစမ်းလိုသော စိတ်ဖြင့် အချင်းချင်း ပေါင်းစည်းမိလာရာမှ စိတ်ကူးယဉ် ဇတ်လမ်းများ၊ ဆန်းပြားသော ဒဏ္ဍာရီ များဖြင့် စနစ်တကျ ဖြစ်လာအောင် တုပ်နှောင်ခံလာခဲ့ကြရခြင်း ဖြစ်သည်။
ထိုသို့သော ပုံစံမျိုး ဖြင့် နာဇီဝါဒ နှင့် စတာလင်ဝါဒ တို့ ထွက်ပေါ်လာကြခြင်းလည်း ဖြစ်သည်။ အဆိုပါ ဝါဒ များအား ထင်ယောင်ထင်မှား ဖြစ်စရာ လှည့်ဖျားထားသည့် လွန်စွာ ထူး ထွေ ဆန်းပြား သော အတွေး အခေါ် များ ဖြင့် လွန်စွာကြီးမားသော ကွန်ယက်များ ဖြစ် အောင်ဖွဲ့စည်းလာခဲ့ကြသည်။ ထို့အတွက်လည်း စာရေးဆရာကြီး ဂျော့်ခ်ျ အော်ဝဲလ်က အသိလိမ္မာတရား ခေါင်းပါးမှု သည် အင်အား တရပ် ဖြစ်လာသည်ဟု အထင်အရှား ဖေါ်ပြခဲ့ပြီး ဖြစ်သည်။
နာဇီ နှင့် စတာလင် ဝါဒများ သည် ရက်စက်သည့် သဘောသဘာဝ ပါရှိသည့် စိတ်ကူးယဉ် ခဲ့မှုများ၊ အရှက်ကင်းမဲ့စွာ လိမ်လည် လှည့်ဖျား ပြောဆိုမှု များ ဖြင့် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ သို့သော် သမိုင်းတလျောက် အဆိုပါ ဝါဒ နှစ်ရပ်သာ ထူးထူးခြားခြား ပေါ်ထွက်ခဲ့သည်ဟု ပြော၍ မရသလို အဆုံးတွင် ပြိုလဲ ပျက်စီးသွားလိမ့်မည်ဟုလည်း တထစ်ချ ယူဆထား၍ မရပြန်ပေ။ သိုသော် ထိုဝါဒ နှစ်ရပ်သည် လူသားများ ဖန်တီး တည်ဆောက်လာသမျှထဲတွင် အင်အားအကြီးမားဆုံး ဖြစ်သည်ဟူ၍ကား ပြောလို့ရပေသည်။
၁၉၄၁ ခုနှစ်ကုန်ပိုင်း နှင့် ၁၉၄၂ နှစ် အစောပိုင်းကာလ များ တွင် ဝင်ရိုးတန်း အင်အားကြီး နိုင်ငံ များသည် ဒုတိယ ကမ္ဘာစစ်ကြီး ကို အနိုင်ရလုနီးနီး အနေအထား ရောက်လာခဲ့သည်။ နောက်ပိုင်းတွင် တော့ စတာလင် သည် စစ်ပွဲကို အနိုင်ရသည့် စစ်သူကြီး တယောက် အဖြစ် ထွက်ပေါ်လာခဲ့သည်။ ၁၉၅၀ နှင့် ၁၉၆၀ ကျော် နှစ်များ အတွင်း စတာလင် နှင့် ၎င်း၏ အမွေကို ဆက်ခံခဲ့သူများသည် စစ်အေး တိုက်ပွဲ ကြီးကို အနိုင်ရလု နီးနီး အခြေ ဆိုက်လာခဲ့သည် ဟု ပြောနိုင် လောက်သည့် ခိုင်လုံသော အကြောင်းများ ရှိလာခဲ့သည်။
၁၉၉၀ ကျော် နှစ်များ အလွန်တွင်တော့ လစ်ဘရယ် ဒီမိုကရေစီ သည် အထက်စီး သို့ ရောက်လာခဲ့သည်။ လက်ရှိ ဖြစ် ပေါ်လာ နေမှု များကို ကြည့်မည်ဆိုကထိုသို့ အထက်စီး ရောက်လာခဲ့ခြင်းသည် ယာယီမျှသာ ဖြစ်သည်ဟု ပြော၍ ရ ပေသည်။
အဘယ်ကြောင့် ဆိုသော် နှစ်ဆယ်တစ်ရာစု အရောက်တွင် ဆရာထက် တပည့် လက်စောင်းထက် ဆိုသလို ဟစ်တလာ နှင့် စတာလင် တို့ ကျရှုံးခဲ့သည်များကို အကြွင်းမဲ့ အာဏာရှင် လက်သစ်များက အောင်မြင် အောင် စွမ်းဆောင်လာနိုင်ခဲ့ကြသည်။
လွန်စွာ အားကောင်းသော ကွန်ယက် များ ဖန်တီးကာ ၎င်းတို့၏ အလိမ်အညာများ၊ ထွင်လုံး များကို အနာဂတ် မျိုးဆက်သစ်များ မည်သို့မျှ မရိပ်စားမိအောင် ကာကွယ် ထားနိုင်ခဲ့သည်။
ကျွနုပ်တို့ အနေဖြင့် ၎င်းတို့ ၏ လှည့်စားထားမှုများ ပျက်သုံးကိန်း ဆိုက်လာလိမ့်မည်ဟု မှတ်ယူထား၍ မရပေ။ ၎င်းတို့၏ လုပ်ရပ်များ အောင်မြင်မှု မရအောင် ဟန့်တားချင်သည် ဆိုက ကျွနုပ်တို့ ကိုယ်တိုင် အပင်ပန်းခံ ပြီး လုံလ စိုက်ထုတ် ကြိုးပမ်းမှသာ ဖြစ်ပေလိမ့်မည်။