ရဲတင်းလာနေသော မင်းအောင်လှိူင်

by Hla Soewai - Sep 30 2024

သစ်ပင် များ လိုက်စိုက်ရင်း အချိန်ကုန်‌ နေသော မင်းအောင်လှိုင်သည် တရုတ်မှ ၎င်းအား ဖယ်ရှားရေး အကြံအစည် များကို စွန့်လွှတ်ပြီး ထောက်ခံမှု ပေးလာပြီ ဖြစ်သည်ဟု ယုံကြည်လာသည် နှင့် အမျှ ရဲတင်းလာပုံ ရှိပြီး ပြင်ဦးလွင် သို့ ပေါက်ချလာသည်ဟု သိရသည်။

 

ပြင်ဦးလွင် စစ်တက္ကသိုလ်တွင် သင်တန်းသားများ နှင့် တွေ့ပြီး ဆုံးရှုံးသွားသော နယ်မြေများ ပြန်၍ သိမ်းယူ မည်ဟု ကတိပြု ကြိမ်းဝါးသွားသည်။

 

ရောက်လေရာ တွင် ထိုသို့ ကြိမ်းဝါးနေသည်ကို ကြည့်မည် ဆိုက ၎င်းတို့ အတွက် ဆက်၍ အသေခံ တိုက်ပေး နိုင်ရန် တပ်တွင်း တွင် စိတ်ဓါတ် မြှင့်တင်ပေးဖို့ အရေးတကြီး လိုအပ်နေသည် ဆိုသည်မှာ ထင်ရှားနေသည်။

 

၎င်း၏ စိတ်ဓါတ် မြှင့်တင်ရေး ဆိုသည့် ဆိုက်ဝါး အကောင်အထည် ဖေါ်မလာနိုင်‌ ရေး အတွက် မည်သည့် မြိုရွာ မဆို ပြန်၍ သိမ်း နိုင်သည့် အဖြစ် ရောက်မသွားရန် အရေးတကြီး လိုအပ်နေပြီ ဖြစ်သည်။ 

 

စစ်ကောင်စီ မှ ၎င်းတို့ လေကြောင်းအင်အားသုံး အကြမ်းဖက် တိုက်ခိုက်နေမှု များ ကြောင့် အသာစီး ရလာနေသည်ဟု ဟိတ်ဟန်ထုတ်သည့် အနေဖြင့် တိုင်းရင်းသားများနှင့် PDF များ လက်နက်စွန့်ပြီး ပြဿနာ ဖြေရှင်းကြဖို့ ဖိတ်ခေါ်ချက် ထုတ်ပြန်လာသည်။ ၎င်းတို့၏ စေ့ဆပ် ဆွေးနွေး မှု သည် မည်သို့မျှ တန်းတူရည်တူ မျိုး မဟုတ်ပဲ အထက်စီး မှ ဆက်ဆံနေခြင်း မျိုးသာ ဖြစ်သည်။

 

နောက်ထပ် ရဲတင်းလာသည့် လက္ခဏာ အဖြစ် အမေရိကန်သည် အမျိုးသား ညီညွတ်ရေး အစိုးရ အား နှစ်စဉ် ဒေါ်လာ သန်း ၂၀၀ ထောက်ပံ့ပေးပြီး တရုတ်ကို ထိန်းချုပ်ထားနိုင် ရန် မြန်မာ ကို ပစ်မှတ်ထားနေသည်ဟု ပထမဆုံး အကြိမ် အမည်တပ် စွပ်စွဲလာပြီ ဖြစ်သည်။ တဆက်တည်း ဆိုသလို ပင် တရုတ်သည် မိတ်ဆွေစစ် နိုင်ငံ ဖြစ်သည်ဟု ဆိုလာပြန်သည်။

 

ယင်းသည် တရုတ် ထောက်လှန်းရေး ဖက်မှ စစ်ကောင်စီ အား ထိန်းချုပ်ထားရန်၊ NUG နှင့် တိုင်းရင်းသား အဖွဲ့များ၊ လက်‌ အောက်ခံ PDF တပ်များ အကြား သဘောထား ကွဲလာရန် လမ်းကြောင်း တည်ပေးလိုက်ခြင်းပင် ဖြစ်သည်။

 

‌NUG နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် မှ စစ်ကောင်စီ၏ စွပ်စွဲချက်များသည် လုံးဝ အခြေအမြစ် မရှိဟု ဘီဘီစီ အား ငြင်းဆိုလိုက်ပြီး ရရှိထားသော အတွင်း သတင်းများအရ တရုတ် မုန်းတီးရေးအား စီမံချက် ချ လုပ်ဆောင်နေချိန်တွင် အယောင်ပြ ပြောဆိုလာခြင်းဟု ရှင်းပြသွားခဲ့သည်။

 

ယခုအခါ ကချင် လွတ်လပ်ရေး တပ်ဖွဲ့များ ဩဂုတ်လ အတွင်း သိမ်းပိုက်နိုင်ခဲ့သည့် မိုး မောက်မြို့အား မင်းအောင်လှိုင် တပ်များက စစ်အင်အား အလုံးအရင်း နှင့် ထိုးစစ်ဆင်လာ နေပြီ ဖြစ်သည်။

 

ကချင်တပ်ဖွဲ့များသည် ဗန်းမော်ဖက်မှ ရောက်ရှိလာသည့် စစ်ကူ များကို ဗန်းမော် နှင့် ၁၁ ကီလိုမီတာ အဝေးရှိ အောင်မြေ ရွာအနီးတွင် ဖြတ်တောက် ပိတ်ဆို့ တိုက်ခိုက်နေကြသည်။

 

မိုးမောက်သည် ကချင်ပြည်နယ် တောင်ပိုင်းကို ထိန်းချုပ် နိုင်ရေး အတွက် လွန်စွာ အရေးပါသော မြို့လည်း ဖြစ်နေသည်။ လက်ရှိတွင် တရုတ်ကုန်သွယ်ရေး လမ်းတကြောရှိ စစ်စခန်းပေါင်း ၂၂၀ ခန့်အား ကချင် လွတ်လပ်ရေး တပ်ဖွဲ့ နှင့် မဟာမိတ် တပ်ပေါင်းစု က သိမ်းပိုက်ထားခဲ့ပြီး ဖြစ်သည်။

 

စစ်ကောင်စီ တပ်များ ကတုတ်ကျင်းထဲ မှ ခေါင်းမဖေါ် ပဲ ၆ ပတ် နီးပါး လေကြောင်းပစ်ကူ ဖြင့် ဆက်၍ ကြံ့ကြံ့ခံနေသော တောင်ခမ်း အား TNLA မှ ထိုးစစ်ဆင်လျက် ရှိရာ တိုက်ပွဲ များ ပြင်းထန် နေဆဲပင် ဖြစ်သည်။ တောင်ဖက်မှ ရောက်လာနေသော စစ်ကူ များ ကို ဟန့်တား နိုင်ရေး တွင် အခက်အခဲများ ရှိနေ၍ ကြန့်ကြာနေခြင်းဟု သိရသည်။

 

ဆက်၍ အသေခံ တိုက်နိုင်ရန် အကြမ်းဖက် စစ်တပ်၏ မိသားစု ဝင်များကို တောင်ကြီးသို့ ရွှေ့ပြောင်းပေးနေသည်ဟု ဗိုလ်ကြီး ဇင်ယော် အား ကိုးကား၍ မြန်မာနောင်းတွင် ရေးသားထားသည်။

 

အကြမ်းဖက် စစ်တပ်သည် ၎င်းတို့လက်လွှတ် လိုက်ရသော မြို့များရှိ အဆောက်အဦး ကြီးကြီးမားမား မှန်သမျှ ကို ရန်သူ ခိုအောင်းနိုင်ခြင်း မရှိစေရ ဟူ သော မင်းအောင်လှိုင်၏ ညွှန်ကြားချက် ဖြင့် နေ့စဉ် ဗုံးကြဲ တိုက်ခိုက်လျက် ရှိနေသည်။

 

စစ်‌ ရှောင် ပြည်သူ ၂၀၀ ခန့် ခိုအောင်း နေသည့် သံတွဲ မြို့ တော် ခမ်းမအား ဗုံးကြဲတိုက်ခိုက်ခဲ့၍ အမျိုးသမီးနှင့် ကလေးငယ်များ သေဆုံး ဒဏ်ရာရသူ များ ရှိလာနေသည်ဟု AA ပြောခွင့်ရ ဦးခိုင်သုခ မှ ဆိုသည်။

 

ယခုအခါ စစ်တွေ မြို အနီးရှိ ကျေးရွာ များမှ ၎င်းတို့ လုံခြုံရေး အတွက် ဆိုကာ စစ်တပ်၏ နှင်ထုတ် ခံထားရ၍ မြို့ပေါ် ရှိ ဘုန်းကြီး‌ ‌ ကျောင်း အစရှိသည့်ယာယီ စခန်းများ တွင် စုပြုံ နေကြရသော ပြည်သူ ၅၀,၀၀၀ ခန့်သည် အစာရေစာ ပြတ်လတ်မှု နှင့် ရင်ဆိုင်နေကြရပြီး ရောဂါများ ကူးစက်လာနေပြီဟု သိရသည်။

 

အကြမ်းဖက် စစ်တပ်သည် စစ်တွေမြို့ ပတ်ပတ်လည် ခြံစည်းရိုးကာပြီး အဝင်အထွက် လုပ် နိုင်သည့် ကုန်းလမ်း၊ ရေလမ်းများ တွင် မြေမြုပ်မိုင်းများ ထောင်ထားခဲ့ကြသည်။

 

စစ်ကောင်စီ သည် အရှက်တကွဲ အရှုံး နှင့် ရင်ဆိုင်နေရသည့် အပြင် နိုင်ငံတကာ အမြင်တွင် ကိုယ့်မြို့ ကိုယ့်ရွာ၊ ကိုယ့် ပြည်သူများကို ဗုံးကြဲ သတ်ဖြတ်နေသည့် အကြမ်းဖက် အဖွဲ့ အဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

 

၎င်းတို့အားလည်း ကုလသမဂ္ဂ စင်မြင့် တွင် မည်သို့မျှ နေရာ ပေးလာဖို့ မရှိသည်က သေချာ လွန်းမက သေချာနေပြီ ဖြစ်သည်။ စစ်ကောင်စီသည် ယခုအခါ တကမ္ဘာလုံးက လူရာ မသွင်း ရွံရှာနေသည့် တာလီဘန် အဖွဲ့ နှင့် တတန်းစားတည်း ထားကာ ကုလ အနားသို့ အကပ်မခံသည့် နောက်ထပ် အဖွဲ့တခု အဖြစ် ရပ်တည်နေခဲ့ရပြီး ဖြစ်သည်။

 

လက်ရှိတွင် ဂါဇာ၊ ဆူဒန်၊ ဘူကီနာဖာဆို၊ ဟေတီ၊ အာဖဂန် နစ္စတန်၊ မြန်မာ တို့ ရှိ လူ့အနွယ်ဝင်များ ကြီးမားလှသည့် အကျပ်အတည်း များ နှင့် ရင်ဆိုင်နေကြရသည်ကို ယခု အပတ် အတွင်း နယူးယောက်သို့ စုဝေး ရောက်ရှိကြမည့် ကမ္ဘာခေါင်းဆောင်များသည် ယခင်လိုပင် စင်မြင့် ပေါ်မှ မစားရ ဝခမန်း ပြောဆို ပြန်သွားကြဦးမည်လော ဟု မေးခွန်းများ ကျယ်လောင်စွာ ထွက်ပေါ် လာနေပြီ ဖြစ်သည်။

 

တစထက် တစ ကြီးထွားလာ‌ နေသော ကမ္ဘာပြဿနာများ အား တစိတ်တပိုင်း ဖြေရှင်းနိုင်ရန် ကုလ အထွေထွေ ညီလာခံကြီးသည် လီချင်စတိန်း နိုင်ငံ မှ တင်ပြလာသော အဆိုကို အတည်ပြုလိုက်ပြီ ဖြစ်သည်။ ထို့အတွက် လုံခြုံရေး ကောင်စီ အဖွဲ့ဝင်များ သည် ၎င်းတို့ မည်သည့် အတွက်ကြောင့် ဗီတိုအာဏာ သုံးရသည်ကို တရားဝင် ရှင်းလင်းချက် ထုတ်ပြန်ရတော့မည် ဖြစ်၍ ယခင်လို ရေငုံ နှုတ်ဆိပ် နေ၍ မရတော့သဖြင့် ဂုဏ်သိက္ခာ ပိုင်းအရ တန်ဖိုးကြီးကြီး ပေးဆပ်ရတော့မည် ဖြစ်သည်။

 

ယခု နှစ် အတွက် ကုလ ဆောင်ပုဒ် သည် လူသား တိုင်း ငြိမ်းချမ်းရေး၊ ရေရှည် ဖွံဖြိုး တိုးတက်ရေး၊ လူဂုဏ်သိက္ခာ နှင့် နေထိုင်သွားနိုင်ရေး အတွက် အချိန်မီ ဆောင်ရွက်သွားရန် ဟု ဆိုထားသဖြင့် ဆနွင်းမကင်း (စိုးရိမ်မကင်း) ဖြစ်နေယုံဖြင့် မလုံလောက်တော့ သဖြင့် စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမည့် ညီလာခံကြီး ဖြစ်လာနေသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!