လမ်းပေါ်မှာ လမ်းပျောက်သွားသူများ

by Hla Soewai - Sep 30 2024

ဒေါ်အောင်ဆန်းစုကြည် အား ပြန်လွှတ်ပေးခဲ့သည့် နေ့ တက္ကသိုလမ်းပေါ်မှာ လမ်းပျောက်သွားသူများလ် ရိပ်သာ လမ်းမကြီး တလျောက် ထောင်ပေါင်းများစွာ သော လူအုပ်ကြီး နှင့် ပြည့်လျံသွား ချိန်တွင် ဗိုလ်သန်းရွှေသည် ၎င်း၏ ၂၀၀၈ ဖွဲ့စည်း ပုံသည် စစ်တပ်ကိုသာ အားကိုး ရတော့မည် ဆိုသည်ကို တထိုင်တည်း သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

 

၎င်းတို့၏ အမျိုးမျိူးသော ဖိနှိပ် မှု များ ကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သည် ဇာတ်ခေါင်းကွဲသွားပြီး ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးတင်ဦးသာ ကျန်‌ တော့မည်၊ ၁၉၉၀ အခြေအနေမျိုး မည်သို့မျှ ပြန်မရောက်နိုင်တော့ဟု ဆိုကာ ပီအာ ဟု ခေါ်သည့် အချိူးကျ ကိုယ်စားပြုစနစ် Proportional Representation (PR) ကိုပင် ဖွဲ့စည်း ပုံ တွင် ထည့်သွင်း ပြဋ္ဌာန်းရန် မလို ဟု ယူဆလာခဲ့သည်။

 

၂၀၁၅ ရွေးကောက်ပွဲ တွင်တော့ ဗိုလ်သန်းရွှေ ကြိုတင် တွက်ဆထားသည့် အတိုင်းပင် စစ်တပ် ၏ ပါတီသည် ခွ့က်ခွက်လန် အောင် အရေး နိမ့်သွားခဲ့သည်။ ၎င်းတို့ကိုယ်တိုင် ဦးစီးဦးဆောင် ပြုခဲ့သော ရွေးကောက်ပွဲ ဖြစ်၍ မဲစာရင်းမမှန်၊ မဲခိုးသည်ဟု အဘယ်သို့များ စွပ်စွဲ၍ ရနိုင်ပေတော့မည်နည်း။

 

ထို့အတွက် မည်သို့မျှ ကလိန်ကကျစ် လုပ်စရာ ထွက်ပေါက်များ ပိတ်မိနေ၍ မကျေမနပ် နှင့်ပင် အာဏာ လွှဲပေးလိုက်ရပြီး ၂၀၂၀ ရွေးကောက်ပွဲ တွင် ဒေါ်အောင်ဆန်းစုကြည်အား အလဲထိုး နိုင်ရေး အတွက် အစစ အရာရာ ပြင်ဆင်လာခဲ့တော့သည်။

 

ကြံ့ဖွတ် ပါတီမှ မူဆလင် မုန်းတီးရေး အမျိုးသားရေး ကပ်ကို ထုတ်သုံးလာပြီး၊ စစ်တပ်သည်လည်း လက်ရှိ အစိုးရ ကျင်းထဲကြပ်ထဲ ကျအောင် ယခု လက်ရှိ ၎င်းတို့ နှင့် မဟာမိတ် ပြုထားသော အာဆာ အဖွဲ့သည် နယ်ခြား ရဲကင်းများကို ဝင်ရောက်တိုက်ခိုက်သည် ဆိုကာ ရိုဟင်ဂျာ များအား သိန်း နှင့် ချီ၍ တဖက်နိုင်ငံသို့ အကြမ်းဖက် မောင်းထုတ် လိုက်ခြင်းဖြင့် နိုင်ငံတကာ ပြဿနာ ကြီးကို ဖန်တီးခဲ့သည်။

 

သို့သော် ဒေါ်အောင်ဆန်းစုကြည် သည် ၎င်းတို့ကို ပြစ်တင် ပြောဆိုလာမည်၊ ထိုအခါ ကြံ့ဖွတ် ၏ လှုံ့‌ ဆော် ထားမူကြောင့် ၎င်းတို့အမြင် မူဆလင် မုန်းတီးရေး စိတ်များ ပြင်းထန်လာနေသည့် လူထု သည် ဒေါ် အောင်ဆန်းစုကြည်အား ထောက်ခံကြတော့မည် မဟုတ်ဟု တွက်ဆလာသည်။

 

သို့သော် အောက်စဖို့ ကျောင်းတိုက် ထွက် ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းတို့ ထင်သလို ဖြစ်မလာပဲ အာနန် ကော်မရှင် ကို ဖိတ်ခေါ်ကာ နိုင်ငံတကာ၏ အဆုံးအဖြတ်ကို ရယူခဲ့သည်။ ၎င်းတို့ လုံးဝ ထင်မထားသည့် လုပ်ရပ် ဖြစ်သည့် နိုင်ငံတကာ တရားရုံးတော်သို့ပင် တက်ရောက် ထုချေပေးလာခဲ့သည်။

 

ယင်းသို့ဖြင့် ဒေါ်အောင်ဆန်းစုကြည် အပေါ် လူထု၏ ယုံကြည် ကိုးစားမှု သည် တဟုန်ထိုး မြင့်တက်လာခဲ့သည်၊ နိုင်ငံတကာ တရားရုံးချုပ်မှ ပြန်လာ‌သော သူမ အား ‌၎င်းတို့၏ အမာခံ နယ်မြေ ဖြစ်သော နေပြည်တော် လမ်းတလျောက် လူထူ ကြီးက သောငိးသောင်းဖျဖျ ကြိုဆိုခဲ့ကြသည်။

 

ခြောက်လုံးတန်း နေ ခေါင်းဆောင်ကြီးများလည်း မည်သို့မျှ မတတ်နိုင်တော့ပဲ ၎င်းတို့ သားစဉ်မြေးဆက် စိတ်ချစွာ နေသွားနိုင်ရေး အတွက် နောက်ဆုံး နည်း ဖြစ်သည့် အာဏာသိမ်း လမ်းစဉ်ကို တုံးကိုက်ကိုက် ကျားကိုက်ကိုက် ဆိုကာ ခွင့်ပြု လိုက်ရ‌တော့သည်။

 

ထိုအစီအးစဉ်ကို အကောင်အထည် ဖေါ်ရမည့် မင်းအောင်လှိုင်သည်လည်း ၎င်း သမ္မတ ဖြစ်ရေး၊ သားသမီး များ၏ စီးပွားဥစ္စာများ ပျက်သုံးမသွားရေး အတွက် ဖခင် မေတ္တာ စိတ် သက်သက်ဖြင့် ဘီလူး ဆိုင်းတီးကာ ထွက် က လာခဲ့‌ တော့သည်။

 

ယင်း၏ ရလဒ် အဖြစ် သုံးနှစ်ကျော်လာခဲ့ချိန်တွင်တော့ ၎င်း၏ နေရာ ကို ဈေးထိပ်တွင် ကျားထိုးနေသော ဆိုက္ကားဆရာအား လွှဲပြောင်းပေးမည် ဆိုလျင်ပင် ကြိမ်းသေပေါက် ငြင်းဆန်ခံရမည့် အဖြစ် ရောက်လာခဲ့ရပြီ ဖြစ်သည်။

 

ထိူအတွက်ကြောင့်လည်း တိုင်းပြည်အကျိုး မည်သည့် အခါမျှ ထည့်သွင်း စဉ်းစားခြင်း မရှိသော စစ်ဗိုလ်ချုပ် များ အဖို့ ၎င်းအား ဖယ်ရှားလိုစိတ် မရှိကြခြင်းလည်း ဖြစ်သည်။ 

 

တိုင်းပြည် သည် ၎င်းတို့ ဖန်တီးခဲ့သည့် ရိုဟင်ဂျာ ဂျီနိုဆိုက် ဆိုသည့် အမည်းစက်ကြီး ထင်ကျန်ခဲ့သည်က လွဲ၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှု ရေး ဘက်စုံ တိုးတက်လာနေပြီ ဖြစ်သည်။

 

ယခု အခါ ၎င်းတို့ လုပ်ရပ်ကို မမြင်တော့ပဲ တိုင်းပြည် ကမ္ဘာမြေပုံ ပေါ်မှ ပျောက်ပါတော့မည် ဆို ကာ ကယ်တင်ရှင်ကြီး အလား ထင်မြင်လာအောင် အရှက်ကင်းမဲ့လှစွာ အသံကောင်း ဟစ်ပြီး သွေးရူးသွေးတန်း ဖြစ်လာခဲ့သည်၊ ရွေးကောက်ပွဲ မဖြစ်ဖြစ်အောင် လုပ်ပေးသော်လည်း တိုင်းပြည်ကို ၎င်းတို့ အဖို့ မည်သို့မျှ ရှေ့ဆက်သွား၍ မရတော့ ဆိုသည်ကို ကောင်းစွာ သိမြင်နားလည် လာကြပြီ ဖြစ်သည်။

 

ကြံ့ဖွတ် ခေါင်းဆောင် ဖြစ်လာသူ သည်လည်း တဇောက်ကန်း muscle သမား သက်သက် သာ ဖြစ်ပြီး ခေါင်း မရှိသူ ဆိုသည်က ရုရှားအား ကယ်ပါယူပါ တောင်းဆိုလာသူ ဖြစ်သည်။ ထိုသို့သော လူမျိုး ၏ အကြံဉာဏ် ဖြင့် မိမိ မည်သို့မျှ ဆက်၍ ရပ်တည် မရ ဆိုသည်ကို မင်းအောင်လှိုင်သည် သဘောပေါက်လာခဲ့ပြီ ဖြစ်သည်။

 

ထို့အတွက် ရွေးကောက်ပွဲ သည်သာ တခုတည်းသော နိုင်ငံရေး ထွက်ပေါက်၊ ငြိမ်းချမ်းရေး လမ်းစဉ် ဖြစ်၍ ပြီးသည် အထိ သည်းခံပြီး ထောက်ခံမှု ပေးရန် ချွေးသိပ်လာခဲ့သည်။

 

ထို့မတိုင်မီ ဗုံးကြဲ တိုက်ခိုက်သည့် နည်းဖြင့် ၎င်းအား ဆန့်ကျင်နေသည့် အဖွဲ့အစည်းများ စိတ်ဓါတ် ပျက်ပြားပြီး ယိမ်းယိုင်လာကြမည် ဟု တွက်ဆထားသည်။

 

သို့သော် တရုတ်က ချွေးသိပ်မခံ၊ ၎င်းတို့၏ လက်ပါးစေ ပါတီ တသိုက် နှင့် ‌လုပ်လို့ရသည့် နေရာတွင် ပြီး ပြီး ရော လုပ်မည်ဆိုသည်ကို လက်မခံ၊ နိုင်ငံတကာ ကလည်း အယုံအကြည် ရှိမည် မဟုတ်၊ မင်းအောင်လှိုင် သမ္မတရာထူး ရယုံ သက်သက် တော့ အဖြစ်မခံနိုင် ဆိုကာ အားလုံး ပါဝင်လာအောင် မြန်မာလူထု အကြောက်ဆုံး ဖြစ်သည့် နိုင်ငံ ပြိုကွဲတော့မည် ဟူသော စကားသုံးကာ လက်နက်ကိုင် အဖွဲ့များ ပါဝင်လာအောင် ဖိတ်ခေါ် ခိုင်းလိုက်ခြင်းပင် ဖြစ်သည်။

 

ထို့အတွက်လည်း တရုတ် အလိုကျ ၎င်းတို့ ကမ်းလှမ်းလာသည့် အတုအယောင် ငြိမ်းချမ်းရေး ဆိုသည်ကို သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးက လက်မခံ ပယ်ချ ခဲ့ကြ၍ မင်း‌အောင်လှိုင်သာ ထပ်၍ အရှက်တကွဲ ဖြစ်သွားခဲ့ရသည်သာ အဖတ်တင်သွားခဲ့တော့သည်။‌

 

မင်းအောင်လှိုင် အဖြစ်သည် လူကြား မကောင်းအောင် တနိုင်ငံလုံးရှိ လူငယ်များကို အိပ်ယာထဲ မှ ဆွဲချကာ ၎င်း အတွက် စစ်မြေပြင် သို့ တွန်းပို့နေကြသည့် အဖြစ် ရောက်နေရရှာပြီ ဖြစ်သည်။

 

ကိုမင်းကိုနိုင်မှ ၎င်းတို့ဖက်က ကမ်းလှမ်းချက် နှင့် ပတ်သက်၍ "မြေခွေးက ဘယ်လိုပဲ အူအူပါ သာယာနာပျော်ဖွယ်ကောင်းအောင် အူအူပေါ့၊ မြေခွေးက မြေခွေးဆိုတာတော့ သိထားဖို့တော့လိုတယ်" ဟု မှတ်ချက် ချခဲ့သည်။

 

၎င်းတို့၏ ကမ်းလှမ်းချက်ကို TNLA, ကရင်နီ ကြားကာလ အုပ်ချုပ်ရေး ကောင်စီ၊ ချင်းအမျိုးသား တပ်ဖွဲ့၊ ကေအင်ယူ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ရိုးသားမှု မရှိ၊ နိုင်ငံရေး အယောင်ပြ ခြေလှမ်း ဖြစ်သည်ဆိုကာ ပယ်ချခဲ့ကြသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!