တိုက်ဆိုင်မှု ပေလော မသိ၊ ၎င်းတို့ ကြီးကြီးကျယ်ကျယ် လိမ် မည် ကြံတိုင်း သဘာဝ ဘေးအန္တရာယ်ကြီးများ နှင့် ကြုံရစမြဲ ဖြစ်သည်။
လူထု အား သားစဉ် မြေးဆက် ကျွန်ပြုရန် ကြံရွယ်ထားသည့်၂၀၀၈ ဖွဲ့စည်းပုံအား အတည်ပြုပေးရန် နိုင်ထက် စီးနင်း လုပ်လာချိန်တွင် နာဂစ် မုန်တိုင်းကြီး ဝင်ရောက် မွှေနှောက်မှု ကြောင့် လူ့အသက်ပေါင်း ၁၃၈,၀၀၀ သေဆုံးသွားခဲ့ရသည်။
ထိုသို့သော ဘေးဒုက္ခကြီး အား ဘာ တွေ လို သေး လဲ ဆိုကာ မောက်မာစွာ နှင့် အလွဲလွဲ အချော်ချော် ကိုင်တွယ် ခဲ့မှု သည် တိုင်းသိ ပြည်သိ၊ နိုင်ငံတကာ အသိ ဟိုးလေး တကျော်ကျော် ဖြစ်သွားခဲ့သော်လည်း ထူးဆန်း အံ့ဩစရာ ကောင်းလောက်အောင်ပင် နောက် နှစ် နှစ် အတွင်း ထိုပုဂ္ဂိုလ် ကြီးများပင် ရွေးကောက်ပွဲ တွင် သောင်ပြို ကမ်းပြို နိုင်ခဲ့ကြသည်။
ယခုလည်း မင်းအောင်လှိုင် မှ အလားတူ ပြည်သူများ အား အသစ်တဖန် ကျွန်ပြုနိုင်ရေး အတွက် ပဏမ အဖြစ် မဲပုံး ထောင်ရန် တနိုင်ငံလုံး သန်းကောင်စာရင်း ကောက်ရန် ရက်ပိုင်း အလိုတ္ငင် နောက်ထပ် မုန်တိုင်း တခု မွှေနှောက် တိုက်ခိုက်ခြင်း ခံရပြန်သည်။
လာမည့် ရွေးကောက်ပွဲတွင်လည်း ၎င်းတို့ပင် သောင်ပြိုကမ်းပြို အနိုင်ရပြီး မည်သည့်ဖက်က ကြည့်ကြည့် သုံးစားမရသူ က သမ္မတ တက်လုပ်ဦးမည် ဖြစ်သည်။
လက်ရှိ ယာဂီ ပြဿနာ ကို ဖြေရှင်းရန် ရှဉ့်လည်း လျှောက်သာ ပျားလည်းစွဲသာ ဆိုသလို နိုင်ငံတကာမှ အကူအညီ ပေးရန် မဆိုင်းမတွ တောင်းဆိုခဲ့သည်။ ဧရာဝတီ သတင်းတွင်မူ NLD အစိုးရမှ သဘာဝ ဘေး အန္တရာယ် စီမံ ခန့်ခွဲရန် ဖယ်ထားသည့် သီးသန့် ရံပုံငွေ ကျပ် ဘီလီယံ ၄၄၀ ခန့်အား ၎င်း၏ စစ်ယန္တရား ကြီး အတွက် ခြူတပြား မကျန် အောင် ထုတ် နှုတ် သုံးခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။
တိုင်းစစ်ဌာန ချုပ် များ အား အသက်စွန့်ပြီး အရောက်သွားသော်လည်း ယခု အရေးတွင်မူ ကော့နေ အောင် မီးပူ တိုက်ထားသော စစ်ယူနီ ဖောင်း၊ ပြောင်လက် နေသော ရှူးဘိနပ် စီးကာ ၎င်း၏ နေထိုင်ရာ အိမ် နှင့် ခဲတပြစ်လောက် အကွာအဝေး ကိုသာ ဟိုလျောက်ကြည့် ဒီလျောက်ကြည့်ကာ နိုင်ငံခြား သံရုံးများ ဆက်သွယ် အကူအညီ တောင်းရန် ပြောပြီး ပြန်သွားခဲ့သည်။
နာရီ ပိုင်း အတွင်း မှာပင် ခေါင်းဆောင်ကြီး ဖြစ်သူ ၏ အမျှော်အမြင် ကြီးစွာ မိန့်ဆိုသွားချက်ကြောင့် လက်ဝေခံ များက အကူအညီ ပေးရန် ပန်ကြားသည့် တရားဝင် ကျေညာချက် ထုတ်ပြန်လာခဲ့သည်။
ခေါင်းဆောင်ကြီးသည် သဘာဝ ဘေးအန္တရာယ် ရံပုံငွေ အား ၎င်း စိတ်ထဲ ထင်ရာ လုပ်ငန့်းများ အတွက် ပေါက်ပန်းဈေး လျောက် သုံးခဲ့သည့် ရလဒ်အဖြစ် တနိုင်ငံလုံးရှိ ရေဘေးသင့် ပြည်သူ သုံးသိန်း ခန့်အား လျင်မြန်စွာ အကူအညီ ပေးနိုင်စွမ်း မရှိတော့ပဲ အစားအသောက်၊ ဆေးဝါး၊ ခိုလှုံရာမဲ့ကာ ဒုက္ခ သုက္ခ မျိုးစုံ နှင့် ရင်ဆိုင်နေကြရရှာပြီ ဖြစ်သည်။
သို့သော် ယခု အချိန်အထိ အိန္ဒိယ မှ လွဲ၍ ကျန် နိုင်ငံများ ငြိမ်သက် နေကြဆဲ ဖြစ်သည်ကို အံ့ဩဖွယ် တွေ့ရသည်။
ဤသည်မှာလည်း စစ်တပ်သည် ယမန်နှစ် မေလ အတွင်း ရခိုင်ပြည်နယ် အတွင်း တိုက်ခတ်သွားသော မိုချာ မုန်တိုင်းသင့် ပြည်သူများအတွက် ကယ်ဆယ်ရေး နှင့် ကူ ညီ ထောက်ပံပေးမည့် အေဂျင်စီများအား ခရီးသွားလာခွင့် ထုတ်မပေးပဲ ထားခဲ့သည့် အစဉ်အလာများလည်း ရှိထားသောကြောင့် ဖြစ်မည်ဟု ဧရာဝတီ က ဆိုသည်။
တော်လှန်ရေး တပ်များ ထိန်းချုပ်ထားသော လွတ်မြောက်နယ်မြေ များ အတွင်းသို့လည်း လုံခြုံရေး အာမမခံ နိုင်ဟု ဆိုကာ ပိတ်ဆို့ ကြဦးမည် ဖြစ်သည်။ ယခုပင်လျင် ထိုသို့ ပိတ်ဆို့နေသည့် သတင်းများ ထွက်ပေါ်နေပြီ ဖြစ်သည်။
ယမန်နေ့ နံနက်တွင် သီပေါမြို့ကို စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးအလုံး ၅၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့သဖြင့် ပြည်သူ ၁ ဦးသေဆုံးပြီး လူနေအိမ်များ ထနမှန် ပျက်စီးကုန်သည်ဟုလည်း သိရသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!