မကောင်းဆိုးဝါး များ နှင့် ကခုန်ခြင်း

by Hla Soewai - Sep 16 2024

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အဖွဲ့ ဥက္ကဌ မစ္စက် မဂျနာ စပိုဂျာရစ် အဂ္ဂါ၏ နေပြည်တော်သို့ သွားရောက်ပြီး မင်းအောင်လှိုင် နှင့် တွေ့ဆုံခဲ့ခြင်းသည် မြန်မာ နှင့် ပတ်သက်၍ နိုင်ငံတကာ၏ မူဝါဒ ရေးရာ အမှားများ ထဲတွင် နောက်ဆုံးပြယုဒ် ဖြစ်သည်ဟု အစချီကာ ဂျပန် အွန်လိုင်း မဂ္ဂဇင်း The Diplomat တွင် ယခုလို ရေးသားလာခဲ့သည်။

 

ကာလကြာမြင့်စွာ ကတည်းက လူ့အခွင့်အရေးများ အား ကြောက်မက်ဖွယ် ကောင်းလောက်အောင် ချိုး ဖောက်နေသည့် အဖွဲ့အား တရားဝင် အသိအမှတ် ပြုရာ ရောက်သွားခဲ့သည်။

 

ကြက်‌ ခြေနီ ဥက္ကဌ ၏ ခရီးစဉ် မတိုင်မီ တပတ်အလိုက ရှမ်းပြည် တောင်ပိုင်း ဖယ်ခုံ မြိုနယ်ရှိ ဘန်ကောက် စစ်ရှောင် ဒုက္ခသည် စခန်းအား ပစ်မှတ်ထား၍ ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချ တိုက်ခိုက်ခဲ့သဖြင့် ကလေးသူငယ်များ နှင့် အမျိုးသမီးများ သေဆုံးသွားခဲ့သည်။ ထိုသို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ များ လက်ခံ နေရာချထားပေးသည့် စခန်းအား တိုက်ခိုက်မှု သည် ပထမတကြိမ် မဟုတ်ပဲ ခုနှစ်ကြိမ် မြောက် ရှိသွားခဲ့ပြီ ဖြစ်သည်။

 

အိုင်စီအာစီ နှင့် ဆွေး‌နွေးပွဲ အား စစ်ကောင်စီ မီဒီယာများက အိုင်စီအာစီ မှ တောင်းဆိုသည့် ရခိုင်ပြည်နယ် အတွင်း ဝင်ရောက်ခွင့် ရရေး ဆိုသည် ကို တလုံးတပါဒ မျှ ဖေါ်ပြခြင်း မပြုပဲ ၎င်းတို့၏ ခေါင်းဆောင်ကြီးမှ ဂျီနီဗာ ကွန်ဗင်းရှင်းကို မည်သို့ မည်ပုံ လိုက်နာနေကြောင်း ရှင်းလင်း ပြောပြသည်ဟုသာ ပါရှိလာခဲ့သည်။ ဤသည်ကို ကြည့်မည် ဆိုပါက မည်သူနှင့် တွေ့ဆုံသည် ဖြစ်စေ ယင်းအား ၎င်းတို့၏ ဝါဒဖြန့်ချီရေး လက်နက် အဖြစ် အသုံးချနိုင် ဖို့သာ စိတ်ဝင်စား သည် ဆိုသည်က အတိုင်းသား ပေါ်လွင် ထင်ရှားလာခဲ့သည်။

 

အိုင်စီအာစီ သည် စစ်တပ်နှင့် တွေ့ဆုံလိုက်က တိုးတက်မှု များ ရရှိလာလိမ့်မည်ဟု မှားယွင်းစွာ ယူဆခဲ့ကြပြီး ၎င်းတို့ပေးသည့် အကူအညီများကို နိုင်ငံရေး လက်နက် အဖြစ် အသုံးချသွားမည် ဆိုသည်ကို ထည့်သွင်းစဉ်းစားခဲ့ဟန် မတူပေ။

 

ထိုသိုသော ပုံစံဖြင့် နိုင်ငံတကာ ဒေါင်လိုက် အထက်မှ အောက် "ကြားနေ" ပုံစံချည်းကပ်မှု များသည် ပဋိပက္ခကို ပို၍ နက်ရှိုင်းသွားခြင်းသာ အဖတ်တင်ခဲ့သည် ချည်း ဖြစ်သည်။

 

မြန်မာ အာဏာသိမ်း အဖွဲ့ နှင့် တရားဝင် သို့မဟုတ် အလွတ်သဘော ထိတွေ့ ဆက်ဆံသူ မှန်သမျှ လက်တွေ့ ဖြစ်ပျက် နေသည်များ ကို မသိနိုင်လောက်အောင် ညံ့ဖျင်းနေသူ များ အဖြစ် ယူဆခံရမည် ဖြစ်၍လည်း အရှက်တကွဲ အဖြစ်မျိုး နှင့် ကြုံရမည်သာ ဖြစ်သည်။ ထို့ပြင် အလှု ရှင်များ၏ သမာဓိ နှင့် ဂုဏ်သိက္ခာ ကိုပါ ထိခိုက်သွားစေသည်။

 

အရေးပေါ် အကူအညီများ ပေးအပ်ရေး တွင် အကြမ်းဖက် အဖွဲ့ နှင့် ညှိနှိုင်း ဆောင်ရွက်၍ မဖြစ်ဟု ယူဆထားသည့် ဒေသခံ အကူအညီပေးရေး အဖွဲ့များ ၏ ကြိုးပမ်း‌ နေမှု များ အားလည်း ဖျက်လို ဖျက်ဆီး လုပ်ရာ ရောက်သည်။

 

အိုင်စီအာစီသည် ကြားနေ၊ ဘက်မလိုက်ပဲ လွတ်လပ်စွာ ဆောင်ရွက်မည်ဟု မူ ဖြင့် ဆက်ဆံလာသော မြန်မာ ကြက်ခြေနီ အဖွဲ့သည် စစ်တပ်အလိုကျ လိုက်လုပ်နေရသော အဖွဲ့အစည်း အဖြစ် ကာလကြာမြင့်စွာ ကတည်းက ရပ်တည်နေခဲ့ပြီး ဖြစ်သည်။ အမှု ဆောင် အဖွဲ့ဝင် အားလုံးလိုလိုသည်လည်း စစ်ဖက် အရာရှိဟောင်းများသာ ဖြစ်သည်။

 

ထိုသို့သော အဖွဲ့ မှ တဆင့် အကူအညီများ ဖြန့်ဝေပေးခြင်းသည် အမှန်တကယ် ဒုက္ခရောက် နေသူများအား မသိကျိုးကျွံ ပြုရာ ရောက်သည်ဟု ကေအင်ယူ တာဝန်ရှိသူများက ထုတ်ဖေါ်ပြောဆိုခဲ့သည်။

 

သွားရေးလာရေး ခက်ခဲသော ‌ဒေသများတွင် လုပ်ကိုင် ဆောင်ရွက်နေကြသော အဖွဲ့အစည်းများ နှင့် ပူးပေါင်းနိုင်ခြင်းသည်သာ အခက်အခဲ ကို ပြေလည်စေမည့် နည်းလမ်းဖြစ်သည်။ ထိုအဖွဲ့အစည်း များသည် နှစ်ပေါင်းသုံးဆယ်ကျော် စစ်အာဏာပိုင်များ၏ ခွင့်ပြုချက် မပါပဲ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြပြီး ဖြစ်သည်။

 

အိုင်စီအာစီ သည် အကူအညီ ပေးနိုင်ရန် လမ်းဖွင့်ပေးဖို့ စစ်ခေါင်းဆောင်ကို တကူးတက တွေ့ဆုံပြီး ပန်ကြားနေသော်လည်း ၎င်းတို့ ပြောနေသည့် လမ်းကြောင်းများကို ဒေသခံ အဖွဲ့အစည်းများက စစ်ကောင်စီ ၏ ခွင့်ပြုချက်ပင် တောင်းနေစရာ မလိုပဲ ကာလကြာမြင့်စွာ ကတည်းက အသုံးပြုကာ ကယ်ဆယ်ရေး ပစ္စည်းများ ဝေငှနေခဲ့ပြီး ဖြစ်သည်။

 

မြန်မာ စစ်တပ်၏ ခွင့်ပြုချက်ကို ‌သာ စောင့်နေမည်ဆိုက အသက်ပေါင်းများစွာ ကို ကယ်တင်နိုင်စွမ်း ရှိတော့မည် မဟုတ်။

 

မြန်မာ စစ်ခေါင်းဆောင်များသည် လူထု ကို လျစ်လျူ ရှူခဲ့သည်ချည်း ဖြစ်၍ ၎င်းတို့နှင့် ဆက်ဆံပါက လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ပေးနိုင်မည် ဟု အဘယ်သို့ ဦးနှောက်ဖြင့် တွေးခေါ်ခဲ့ကြပေသနည်း။

 

ရည်ရွယ်ချက် ကောင်း ရှိသည် ဆိုယုံမျှ နှင့် မဖြစ်။ အိုင်စီအာစီ၏ ခရီးစဉ်သည် လူသားချင်း စာနာ ထောက်ထားမှုနှင့် အကူအညီပေးနေသူများ၊ လူ့အခွင့်အရေး အတွက် တိုက်ပွဲဝင်‌ နေသူများ အပေါ် မတရား ရာ ကျနေသည်။

 

၎င်းတို့သည် ဘက်မလိုက် ဟု ဆိုကာ မကောင်းဆိုးဝါးများ နှင့် လက်ဆွဲ နှုတ်ဆက်နေခြင်းသည် မည်သူကိုမျှ ကယ်တင်ရာ မရောက် ဆိုသည့် အချက်ကို နိုင်ငံတကာ ခေါင်းဆောင်များ လက်ခံရမည် ဖြစ်သည်။

 

နောက်ဆုံးရရှိ‌ သော သတင်းများ အရ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နယ်စပ်ဖြတ်ကျော်ကာ ရခိုင်ဒေသကို ကူညီရေးလာရောက်မည်ဆိုပါက ပူးပေါင်းဆောင်ရွက်သွားမည်ဟု အာရက္ခတပ်တော် (AA) ပြောခွင့်ရ က ဦးခိုင်သုခ က အသိပေးလိုက် သည် ဟု သိရသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန် စစ် မုချ အောင်ရမည်!!!