ကမ္ဘာယဉ်ကျေးမှု အမွေအနှစ် တခု အဖြစ်ပုဂံကို သတ်မှတ်လိုက်ပြီ

by Hla Soewai - Jul 10 2019

မြန်မာ၏ ရှေးဟောင်း မြို့တော် ဖြစ်ခဲ့သောပုဂံအား ကမ္ဘာယဉ်ကျေးမှု အမွေအနှစ် တခုတည်ရှိရာ အဖြစ် ယူနက်စကို အဖွဲ့ကြီးကားစနေနေ့ က တရားဝင် ကဗ္ဗည်း မှတ်တမ်းတင်လိုက်ပြီ ဖြစ်သည်။

၂၀၁၇ ခုနှစ် မြန်မာ ဗိသုကာ အသင်း၏ကွင်းဆင်း စစ်ဆေးချက် အရ ပုဂံတွင်ဘုရားစေတီပုထိုး နှင့် ကျောင်းကန်စုစုပေါင်း ၃,၈၂၂ ရှိသည်ဟု တရားဝင်စာ ရင်းထုတ်ပြန်ခဲ့သည်။ ဆယ်ရာစု နှင့် ပုဂံ မင်းဆက် ပျက်သုံးခဲ့သည့် သက္ကရာဇ် ၁၂၈၇ အကြားတည်ဆောက်ခဲ့သည့်ရှေးဟောင်း ဗိသုကာ လက်ရာများဟုယူနက်စကို၏ ကြေငြာချက်ကြောင့် ကမ္ဘာတ၀ှမ်း ခရီးသွားများ အား ဆွဲဆောင်နိုင်မည်ဟု မျော်လင့်ရပေသည်။

အဇာဘိုင်ဂျန် မြို့တော် ဘာကူး တွင် ကျင်းပခဲ့သည့် ယူနက်စကို ညီလာခံကြီးတွင် အဖွဲ့ဝင်၂၁ ဦး ပါဝင်သည့် ကမ္ဘာအမွေအနှစ်များ ဆိုင်ရာ ကော်မီတီမှ ကန့်ကွက်သူ မရှိ အတည်ပြု ခဲ့ခြင်း ဖြစ်သည်ဟုသိရသည်။

ကမ္ဘာတ၀ှမ်းရှိ ရှေးဟောင်း အထိမ်းအမှတ်များ ဆိုင်ရာ နိုင်ငံတကာ ကောင်စီမှ ထောက်ခံ တင်ပြပေးခဲ့ခြင်း ဖြစ်သည်။ မြန်မာသည်ယဉ်ကျေးမူ အမွေအနှစ် ထိမ်းသိမ်းရေးဆိုင်ရာ ဥပဒေ အသစ်တခု ပြဠာန်ုးလာခဲ့ပြီးစေတီပုထိုးများ တ၀ိုက်တွင် ရှိနေသော ဟိုတယ် နှင့် ခရီးသွား လုပ်ငန်း များ ၏ သက်
ရောက်မည့် အရှိန်အဟုန်ကိုလည်း လျော့ချနိုင်ခဲ့သည်ဟု ဆိုသည်။

၎င်းတို့ အဆို သင့်တင် လျောက်ပါတ်ခြင်း မရှိသည့်စီးပွားရေး အရ ၀င်ရောက်စွက်ဖက်လာမှုအချို့ ကို ပြန်ပြောင်းပြစ်နိုင်ခဲ့သည်ဟု ယူနက်စကိုက ဖေါ်ပြခဲ့သည်။

ပုဂံအား ကမ္ဘာ အမွေအနှစ်တခု အဖြစ်ထားရှိရန် ၁၉၉၅ ကတည်းက ကြိုး ပမ်းခဲ့သော်လည်း စေတီပုထိုးများ ပြန်လည် မွမ်းမံရေးတွင် ပညာရှင်များ၏ အကြံပေးချက်ကိုထိုစဉ်က စစ်ခေါင်းဆောင်များက အလေးဂရုမပြု ခဲ့ဟု ဆိုကာ ပါယ်ချ ခဲ့ကြသည်။

၂၀၁၆ ခုနှစ်အတွင်း လှုပ်ခဲ့သော ပြင်းအား၆.၈ ရှိ မြေငလျင်ကြောင့် စေတီပုထိုး ၂၀၀ ခန့်ပျက်စီးသွားခဲ့ရသည်။

ပုဂံသည် နှစ်ပေါင်းထောင်ချီ၍ သဘာဝဘေး၏ စိမ်ခေါ်မူများကို ကြံ့ကြံ့ခံ ရင်ဆိုင်လာခဲ့ပြီး.ရှေလျောက်လည်း ရှင်သန်နေဦးမည့် အမွေအနှစ်တခု ဖြစ်ကြောင်း မြန်မာ ကိုယ်စားလှယ်အဖွဲ့၏ ကိုယ်စား ဦးကျော်ဇေယျက ဘာကူးတွင် ပြောကြားခဲ့သည်။

ပုဂံသည် မြန်မာပြည်အတွက် ဒုတိယမြောက်ကမ္ဘာ အမွေအနှစ် စာရင်းဝင် ဖြစ်လာခဲ့သည်။ ပျု ရှေးဟောင်း မြို့တော် သုံးခု ဖြစ်သော သရေခေတ္တရာ၊ ဟန်လင်း နှင့်ဗိသာနိုး တို့ အား ၂၀၁၄ ခုနှစ်တွင် ကမ္ဘာအမွေအနှစ် တခု အဖြစ် စာရင်းဝင်ခဲ့ပြီးဖြစ်သည်။

ထိုသို့ စာရင်းဝင်သွားခဲ့မူသည် အမြဲတစေတည်တံ့သွားမည် မဟုတ်ပဲ အချိန်မရွေးပြန်လည် ရုပ်သိမ်းနိုင်သည့် သဘော ရှိသဖြင့် ထိမ်းသိမ်း ပြု ပြင်ရေးကို အရှိန်အဟုန် မပျက် ဆက်လက်ထိမ်းသိမ်းသွာှးူရန်လည်း လိုအပ်နေသည်။ အစိုးရ မှလည်း လက်ရှိ ရှေးဟောင်း သုတေသန ပြု လုပ်နေသည့် နေရာများမှ ဟိုတယ်များကို
လည်း ဖယ်ရှားပေးမည်ဟု ကတိပြုထားပြီးဖြစ်သည်ဟုလည်း သိရသည်။

လက်ရှိတွင် နိုင်ငံပေါင်း ၁၆၇ နိုင်ငံရှိ ရှေးဟောင်းယဉ်ကျေးမူ နှင့် သဘာဝ နေရာ၁၀၀၀ ကျော်အား ကမ္ဘာရှေးဟောင်း အမွေအနှစ်များ အဖြစ် အသိအမှတ် ပြုထားခဲ့ပြီးဖြစ်သည်။