ဦးရည်မွန် နှင့် ဧရာဝတီ တွေ့ဆုံမေးမြန်း

by Hla Soewai - Sep 16 2024

မေး - ဝမ်ယီ၏ နေပြည်တော် ခရီးစဉ် အတွင်း သက်ဆိုင်နေသူ အားလုံး သဘောတူမည့် ရွေးကောက်ပွဲ ဆိုသည့် စကား အပေါ် အမြင်

 

လက်ရှိ ဖြစ်ပျက် နေတာ တွေ၊ အရှူပ်အ ထွေး တွေကို မြန်မာ လူထု က "ကိုယ့်ဝမ်းနာ ကိုယ်သာသိ" ဆိုသလို ကောင်းကောင်းကြီး သိနားလည်ထားပြီး ဖြစ်ပါတယ်၊ လက်နက်ကိုင် တော်လှန်ရေး ဖြစ်လာရတာကို က နိုင်ငံရေး အရ ဖြေရှင်းလို့ ဘယ်လိုမှ မဖြစ်နိုင်တော့တာသိလို မဖြစ် မနေလက်နက်စွဲကိုင် တော်လှန်လာကြတာပါ။ ဒီအချက်ကို နိုင်ငံတကာ အနေနဲ့ ရှင်းရှင်းလင်းလင်း သိထားစေချင်ပါတယ်။

 

လက်ရှိ ပြဿနာတွေ အားလုံး စစ်တပ်က သူတို့ အထွတ်အမြတ်ထားတဲ့ ဖွဲ့စည်းပုံ ကို ဖေါက်ဖျက်ပြီး အာဏာသိမ်းတယ်၊ ပြီးတော့ တနိုင်လုံး လိုက် ဖမ်းဆီး၊ သတ်ဖြတ်၊ မီးရှို့၊ ကိုယ့် နိုင်ငံသားတွေကို နေ့စဉ်လို ဗုံးကြဲ၊ ဒီလို လုပ်ရပ်တွေ ကျူးလွန်နေတဲ့ အကြမ်းဖက် အာဏာသိမ်း ခေါင်းဆောင် က လုပ်ပေးမယ် ဆိုတဲ့ ရွေးကောက်ပွဲ ဆိုတာကို ဘာများ မျှော်လင့်လို့ ရဦးမှာလဲ။ ပြည်သူတွေ ရွေးချယ် တင်မြှောက်ထားတဲ့ ခေါင်းဆောင်‌ တွေ အားလုံး ထောင်ထဲ ရောက်နေချိန်မှာ ရွေးကောက်ပွဲနဲ့ အမျိုးသား ရင်ကြားစေ့ရေး ဘယ်လိုများ ဖေါ်ဆောင်နိုင်ဦးမှာလဲ။ ဒီအချက် ကို နိုင်ငံတကာ အနေနဲ့ သဘောပေါက် စေချင်ပါတယ်။

 

စစ်ခေါင်းဆောင်တွေက ‌၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို မကျေနပ်လို နောက်ထပ် ရွေးကောက်ပွဲ လုပ်ရတယ် ဆိုတာကိုက သမိုင်းကို ပုံပျက်ပန်းပျက် ဖြစ်စေတဲ့ လုပ်ရပ်မျိုးပါ။

 

အခု နိုင်ငံရဲ့ သုံးပုံ တပုံ လောက်သာ ထိန်းချုပ် နိုင်တော့တဲ့ စစ်ကောင်စီကို လူထု တရပ်လုံးက ပြင်းပြင်းထန်ထန်ကို ဆန့်ကျင်နေကြပါတယ်။ ဒီလို အဖွဲ့မျိုးက ဦးဆောင်မယ့် ရွေးကောက်ပွဲ ဆိုတာကြီးကို ဘယ်လိုများ ယုံကြည်လို့ ရမလဲ၊ ဒီ လို ရွေးကောက်ပွဲ ကို ထောက်ခံတယ် ဆိုကတည်းက လူထု တရပ်လုံးရဲ့ ဆန္ဒကို ဆန့်ကျင် ရပ်တည်သွားတာပဲလို့ ကျွန်တော် အလေးအနက်‌ ပြောလိုပါတယ်။

 

မေး - တရုတ်က မြောက်ပိုင်း မဟာမိတ် အဖွဲ့ ၊ ကေအိုင်အေ၊ ဝ တပ် တွေကို ဟိုင်ဂင် သဘောတူညီချက် လိုက်နာဖို့ ဖိအားပေးနေလာနေတာက NUG/PDF အပေါ် သက်ရောက်မှု။

 

အဓိက အကြောင်းရင်းက စစ်တပ်က နိုင်ငံရေးကို ဝင်ရှုပ်နေလို့ပဲ၊ ဒါကို ဖယ်ရှားနိုင်မှ စစ်မှန်တဲ့ ဖက်ဒရယ် စနစ် နဲ့ ဒီမိုကရေစီ ကို တည်ဆောက်နိုင်မှာ ဖြစ်တယ်။ စစ်တပ် ဝင်နှောက်နေသရွေ့ တော်လှန်ရေးက ဆက်ရှိနေဦးမှာပဲ။

 

နိုင်ငံတကာ အနေနဲ့ မြန်မာပြည်သူတွေရဲ့ အကျိုးကို လိုလားတယ် ဆိုရင် တော်လှန်‌ ရေး တပ်‌ တွေ ကို မဟုတ်ဘဲ စစ်တပ်ကိုပဲ ဖိအားပေးသင့်ပါတယ်၊ 

 

မေး - လက်ရှိ ERO နဲ့ PDF ထိန်းချုပ်မှု အောက်မှာ ရောက်နေတဲ့ တရုတ် စီမံကိန်း‌ တွေ ကို ဘီဂျင်းရဲ့ စိုးရိမ်မကင်း ဖြစ်လာနေမှု။

 

ရေနံ နဲ့ ဓါတ်ငွေ့ ပိုက်လိုင်းတွေ အပါအဝင် တရုတ် စီမံကိန်း တွေရှိတဲ့ နယ်မြေအားလုံး နီးပါး တော်လှန်ရေး တပ်တွေ ထိန်းချုပ်ထားပြီး ဖြစ်ပါတယ်။

 

NUG နဲ့ ERO တွေ အားလုံး တရုတ်ရဲ့ အကျိုးစီးပွား နဲ့ လုံခြုံရေး အရ စိုးရိမ်မကင်း ဖြစ်နေမှု တွေနဲ့ ပတ်သက်ပြီး သဘောထား အမြင်ကို လူသိရှင်ကြား ရှင်းရှင်းလင်းလင်း ထုတ်ဖေါ်ပြောဆိုထားပြီး ဖြစ်ပါတယ်။ မြေပြင်မှာ ရှိတဲ့ ကျွန်တော်တို့ တပ်တွေ အားလုံးကိုလည်း တရုတ် အပါအတင် ဘယ်နိုင်ငံရဲ့ အကျိုး စီးပွား တွေကိုမဆို အန္တရာယ်မပေးဖို့ ညွှန်ကြားထားပြီး ဖြစ်တယ်ဆိုတာ အားလုံးသိပြီး ဖြစ်ပါတယ်။

 

မြန်မာ နဲ့ ပတ်သက်ပြီး တရုတ် အနေနဲ့ လက်တွေ့ကျကျ ချဉ်းကပ် ဆောင်ရွက်မယ်လို့ မျှော်လင့်ပါတယ်။

 

မေး - PDF တပ်တွေ ဒီပဲယင်းက ဆုတ်ပေးခဲ့တာ လက်နက်ခဲယမ်း ကြောင့်လား၊ ဒါမှမဟုတ် သေနင်္ဂဗျုဟာ နဲ့ ဆိုင်တဲ့ ဆုံးဖြတ်ချက်လား။

 

ကျွန်တော်တို့ တပ်တွေ မြို့ကို သိမ်းပြီးတဲ့ အချိနှ်မှာ ဆက်ပြီးထိန်းထားမလား၊ နယ်မြေရှင်းလင်းရေး လုပ်ပြီး ပြန်ဆုပ်မလား ဆိုတာ နဲ့ ပတ်သက်ပြီး စဉ်းစားစရာ အချက်တွေ အများကြီး ရှိလာပါတယ်။ အခုဆိုရင် တူမီး နဲ့ စခဲ့တဲ့ ကျွန်တော်တို့ တပ်တွေက ပျောက်ကျားစစ်ကနေ မြို့ကြီး တမြို့လုံးကို သိမ်းနိုင်တဲ့ အဆင့် ရောက်လာပါပြီ။

 

မြို့တမြို့ကို ထိန်းထားဖို့ ဆုံးဖြတ်ရင် လိုအပ်တဲ့ အရင်းအမြစ်တွေ အားလုံး ထုတ်သုံးရမယ့် အပြင် အသေအချာ စဉ်းစားဖို့လည်း လိုအပ်လာပါတယ်၊ မြို့ကို သိမ်းဖို့က အရင် ဆုံး ဝိုင်းထားရမယ်၊ ပြီးရင် ရန်သူရဲ့ စစ်ကူ နဲ့ ထောက်ပို့ လမ်းကြောင်း‌ ‌တွေ ဖြတ်တောက် ဒါမှမဟုတ် သူတိုရဲ့ တိုက်စွမ်းရည် အားပျော့သွားအောင် စတိုက်တာတွေ လုပ်ရပါတယ်။

 

တခုခု မလုပ်မီ မဟာဗျူဟာ ကျကျ စဉ်းစား တွက်ချက်ရတာတွေ ရှိပါတယ်။

 

မေး - လက်ရှိ PDF နဲ့ ERO. တွေကြား ဘယ်လောက်ထိ အခိုင်အမာ ပူးပေါင်း လှုပ်ရှားမှု ‌တွေ ရှိနေလဲ။

 

လက်ရှိ တော်လှန်‌ ရေး မှာ ERO တဖွဲ့ချင်းစီရဲ့ အဓိက ရည်မှန်းချက်ကတော့ သူတို့နယ်မြေတွေ လွတ်မြောက်ဖို့ဖြစ်ပြီး NUG/PDF တွေက နိုင်ငံ အလယ်ပိုင်းကို လွတ်မြောက်အောင် လုပ်မယ်ဆိုတဲ့ အစီအစဉ် ရှိပါတယ်။

 

PDF တွေ အားကောင်းလာဖို့ ERO တွေက သူတို့ရဲ့နယ်မြေတွေကနေ ပံ့ပိုးပေးပါတယ်။ ERO နဲ့ PDF တွေ အကြား တာဝန်ခွဲဝေ မှု နဲ့ နားလည်မှု တွေ ရှိထားတာ တွေ့ရမှာ ဖြစ်ပါတယ်။

 

တော်လှန်ရေးကြီး အောင်မြင်သွားရင် တနည်းပြောရရင် စစ်အာဏာရှင် စနစ် ချုပ်ငြိမ်းသွားတဲ့ အခါမျိုး ကျရင် NUG/PDF တွေ အ‌နေနဲ့ တနိုင်ငံလုံးရဲ့ လုံခြုံရေးကို အတူ ပူးပေါင်းပြီး တာဝန်ယူသွားဖို့ ရှိပါတယ်။

 

မေး - စစ်တပ် ပြိုလဲသွားရင် တိုင်းပြည် အစိတ်စိတ် အမွှာမွှာ ဖြစ်သွားမယ် ဆိုတဲ့ အမြင် အပေါ်။

 

ERO တွေ အနေနဲ့ နောက်ခံသမိုင်းကြောင်းတွေ၊ လျောက်လှမ်းလာတဲ့ လမ်းကြောင်းတွေ အသီးသီး ကွဲပြား‌နေပါတယ်၊ ဒါပေမယ့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ကြဖို့ တူညီတဲ့ ရည်မှန်းချက်တွေ အသီးသီးမှာ ရှိထားကြပါတယ်။

 

လက်ရှိတော်လှန်ရေး ရဲ့ ရည်ရွယ်ချက်ကိုက စစ်အာဏာသိမ်း အဖွဲ့ကို ‌ဆန့်ကျင် တွန်းလှန်ယုံတင် မကဘူး နှစ်ပေါင်း ၇၀ လုံးလုံး အမြစ်တွယ်နေတဲ့ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့လည်း ပါပါတယ်။

 

မြန်မာဟာ လူမျိုးရေး အရရော၊ ဘာသာရေး အရရော အမျိုးမျိုး ကွဲပြားနေပေမယ့် ဒီ‌တော်လှန်ရေး ကြောင့် ကျွန်‌ တော် တို့ အားလုံး ညီ ညွတ် လာကြပါပြီ လို့ ယုံကြည်ထားပါတယ်။

 

စစ်အစိုးရ အဆက်ဆက် ပြည်ထောင်စု မပြိုကွဲရေး ဆိုတဲ့ အကြောင်းပြချက် နဲ့ လူထု ကို ခြိမ်းခြောက်ပြီး အကြောက်တရား တွေ ရိုက်သွင်းလာကြတယ်၊ အခုလို တော်လှန်ရေး နဲ့ ကြုံလာရတော့ ဒီလိုစကားမျိုး ကို အကြောင်းပြချက် တခုအနေနဲ့ကို စကား မဟရဲအောင် ဖြစ်လာပြီ။

 

မေး - တော်လှန်ရေး မှာ အသက် နဲ့ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့သူတွေ အတွက် ဘာ ပြောချင်ပါလဲ။

 

ဒီတော်လှန်ရေး မှာ အသက် ကြီးကြီး ငယ်ငယ် မဟူ စွန့်လွှတ် အနစ်နာခံခဲ့မှု တွေဟာ အတိုင်းမဆ မရှိ ကြီးမားလှပါတယ်။ ဒါအတွက်လည်း ကျွန်တော်တို့ အမြဲ အမှတ်ရနေမှာပါ။

 

တိုင်းရင်းသား လူငယ်တွေ အပါအဝင် ငယ်ရွယ်သူ အားလုံး ရှေ့တန်းစစ်မျက်နှာ တွေ မှာ အသက်စွန့် တိုက်ပွဲ ဝင်နေကြသလို အသက်ကြီးသူတွေလည်း သူတိုရဲ့ အိုးအိမ်တွေ၊ ပိုင်ဆိုင်မှု‌ တွေ အကုန် ဆုံးရှုံးခဲ့ကြရပေမယ့် တော်လှန်ရေး မှာ တက်တက်ကြွကြွ ပါဝင်နေကြဆဲပါပဲ။

 

ကျွန်တော် အတွေ့အကြုံအရ ပြောရရင် အညာမှာ လူငယ်တွေက ရှေ့တန်းမှာ တိုက်ပွဲဝင်နေကြသလို အသက်ကြီးတဲ့လူတွေကလည်း သူတို့ကို နောက်ကနေ ပံ့ပိုးပေးနေကြပါတယ်။

 

လိုအပ်တာ မှန်သမျှ စုဆောင်းပေးတယ်၊ ထမင်းဟင်း ချက်ပေးတယ်၊ ပြီးရင် ရှေ့တန်းကို အရောက် ပို့‌ ပေးတယ်။ တိုက်ပွဲမှာ ရဲဘော်တယောက် ဒဏ်ရာရသွားရင် သူတို့ကပဲ ချည်ပိုးပြီး အနီးဆုံး ဆေးရုံ ဆေးခန်းတွေကို ပို့ပေးကြတာ ချည်းပါပဲ။

 

ဒါတွေကို မြင်ရတော့ ကျွန်တော့် စိတ်တွေ မလှုပ်ရှားပဲ မနေနိုင်အောင် ဖြစ်မိပါတယ်၊ ကျွန်တော်တို့ နိုင်ငံသားတွေ အားလုံး မင်းဆိုးမင်းညစ် အောက်ကနေ လွတ်မြောက်ပြီး လွတ်လပ် ငြိမ်းချမ်းစွာ နေထိုင်ခွင့် ရကြမယ်လို့ ကျွန်တော် အခိုင်အမာ ယုံကြည်ထားပါတယ်။

 

တော်လှန်ရေး ကာလအတွင်း အသက် နဲ့ ကိုယ်လက် အင်္ဂါတွေ စွန်ူလွှတ်ခဲ့ရတဲ့ လူတိုင်းဟာ နိုင်ငံရဲ့ သူရဲကောင်းတွေ ချည်း ဖြစ်ပါတယ်။ သမိုင်းက သူတို့ကို ဂုဏ်ပြုသွားမှာ ဖြစ်ပါတယ်။

 

ပြည်သူများ၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!