ဘီဂျင်းလည်း တန်ဖိုးကြီးကြီး ပေးခဲ့ရ

by Hla Soewai - Sep 05 2024

ပြည်သူ တို့၏ တော်လှန်ရေး သည် အောင်ပွဲဆီ သို့ ချဉ်းကပ် လာသည် နှင့် အမျှ တရုတ် အစိုးရ အဖို့ရင်းနှီး မြုပ်နှဲထားမှု များ ဆုံးရှူံးခံ၍ မဖြစ်တော့ ဆိုကာ ၎င်းတို့ အမြင်တွင် မည်သို့မျှ သုံးစား၍ မရ သည့် အပြင် ကုလ အပါအဝင် နိုင်ငံတကာက စစ်ရာဇဝတ်သား အဖြစ် သတ်မှတ်ထားပြီး ဖြစ်သော မင်းအောင်လှိုင် နှင့် အပေါင်းအပါ ဗိုလ်ချုပ်များကို ကယ်တင်ရန် ဆုံးဖြတ်လာခဲ့သည်။ 

 

ယင်းသည်ကပင် နိုင်ငံတ နိုင်ငံ ၏ ပြည်တွင်းရေး ကို ဝင်ရောက် မစွက်၊က် ဟု ကြက်တူရွေးလို တစာစာ အော်ဟစ် နေသော ၎င်းတို့၏ မူဝါဒ အတုအယောင် ဆိုသည်က ကမ္ဘာအလယ်တွင် ဗူးပေါ်သလို ပေါ်သွားခဲ့ရရှာပြီ ဖြစ်သည်။

 

တရုတ် ကွန် မြူနစ် ပါတီ ခေါင်းဆောင် ရှီကျင့်ပင် အဖို့ ၎င်း၏ ‌ဒေသတွင်း လွှမ်းမိုးရေး ဦးဆောင်နိုင်မှု ဆိုသည်ကိုလည်း ပြည်တွင်း ပြည်ပတွင် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။

 

တရုတ် အဖို့ ကမ္ဘာအလယ်တွင် သိက္ခာ အကျခံပြီး ၎င်းတို့အတွကိ bad news. ဖြစ်လာနေသော မင်းအောင်လှိုင်အား ကယ်တင်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြင့် တန်ဖိုး ကြီးကြီး ပေးဆပ်လိုက်ရပြီ ဖြစ်သည်။

 

ဘီဂျင်း သည် ၎င်းတို့၏ အကျိုးစီးပွား ကာကွယ်ရန် မင်းအောင်လှိုင်အား ကယ်မ ဖို့မှ လွဲ၍ အခြားနည်းလမ်း မရှိတော့ဖူးလားဟု မေးစရာ ဖြစ်လာသည်၊ သို့သော် မြန်မာပြည် တွင် အနောက်အုပ်စု မှ ဩဇာလွှမ်းမိုးလာမည့် အရေးအား လုံးဝ လက်မခံနိုင်သည့် ဘူမိ နိုင်ငံရေး အနေအထားကြောင့် အစွန်းရောက် အမျိုးသားရေး ဝါဒီများ ကြီးစိုးနေသည့် စစ်ဗိုလ်ချုပ်များအား better the devil I know သဘောဖြင့် ကြိတ်မှိတ် ထောက်ခံနေခြင်း ဖြစ်သည်။

 

ဧရာဝတီ က ရေးသားရာ တွင် တရုတ်၏ မောက်မာစွာ ခြိမ်း‌ ခြောက်လာသော လုပ်ရပ်သည် မြန်မာလူထု တရပ်လုံးက ၎င်းတို့ အတွက် တားထားသော မျဉ်းနီ ကို ကျော်လွန်လာခြင်း ဖြစ်သည်ဟု ဆိုသည်။

 

ထိုမျဉ်းနီအား လမ်းပေါ်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြရင်း ကျဆုံးသွားခဲ့သူများ၏ သွေးများ၊ စစ်ကြောရေး စခန်းများတွင် နှိပ်စက်ညှင်းပမ်းခံရ၍ သေဆုံးသွားခဲ့သူများ၏ သွေးများ၊ စစ်မြေပြင်တွင် တိုင်းပြည် အတွက် အသက်ပေးလှုသွားကြသည့် တော်လှန်ရေး သူရဲကောင်းတို့၏ သွေးများ၊ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲ တိုက်ခိုက်ခံရ၊ အစုလိုက် အပြုံလိုက် အသတ်ခံရ၍ သေဆုံးသွား‌ရသော အပြစ်မဲ့ ပြည်သူများ၏ သွေးများဖြင့် ရေးဆွဲထားခြင်း ဖြစ်သည်ဟု ဆိုသည်။

 

တရုတ်က ၎င်းတို့အား လူသိရှင်ကြားပြောင်ပြောင်တင်းတင်း ထောက်ခံလာသည်ကို အားတက်လာပုံ ရှိပြီး မြောက်ပိုင်း ညီနောင် မဟာမိတ် အဖွဲ့ဝင်များကို "အကြမ်းဖက်သမား " အဖြစ် သတ်မှတ်ကြောင်း ကြေညာလိုက်ပြီ ဖြစ်သည်။

 

ထို့အတွက် ၎င်းတို့ နှင့် ဆက်သွယ် ပတ်သက်သည့် လူပုဂ္ဂိူလ်၊ အဖွဲ့အစည်း မှန်သမျှ အား ဖမ်းဆီး အရေးယူ ခံရတော့မည် ဖြစ်သည်။

 

၎င်း၏ ထိုသို့ ကြေညာချက်ကြောင့် ပြည်သူများ ဖက်က တနည်းအားဖြင့် စိတ်အေး သွားရပြီ ဖြစ်သည်။ ညီနောင် သုံးဖေါ် အဖို့ စစ်‌ ကောင်စီ နှင့် ဆွေးနွေးစရာ လမ်းပြတ်သွားပြီ ဖြစ်၍ ၎င်းတို့၏ ထိုးစစ်ကို အရှိန်မြှင့် ဖို့သာ ရှိ တော့ ကြောင်း မီးစိမ်း ပြလိုက်သည့် သ‌ဘော ဟု ယူဆလာခြင်းကြောင့်ပင် ဖြစ်သည်။

 

စစ်ကောင်စီ ၏ Global Light of Myanmar သတင်းစာ ဆောင်းပါးတွင် လားရှိုး ကို လက်လွှတ်လိုက်ရမည်ဟု မည်သူ က ထင်ခဲ့ပေမည်နည်း၊ ထို့အတူ မန္တလေး အားလည်း လားရှိုး လို ဖြစ်မသွားဟု မည်သူက တိတိကျကျ အာမခံ နိုင်ပေမည်နည်း။

 

မြို့တော်သို့ အမြှောက်ဆံ၊ ဗုံးဆံများ ကျရောက်လာသည်နှင့် ပြည်သူများ အဖို့ စနစ်တကျ နှင့် ရွှေ့ပြောင်း နိုင်ဖို့ အတော်ကို နောက်ကျသွားပြီ အစရှိသဖြင့် စစ်တပ်၏ ရှူံးနိမ့်မှု များ နှင့် ရင်ဆိုင်နေရသည့် အဖြစ် ပွင့်ပွင့်လင်းလင်း ပင် ဝေဖန် တိုက်ခိုက်လာခဲ့သည်ဟု Channel news Asia တွင် ရေးသားထားသည်။

 

မင်းအောင်လှိုင်ကတော့ ၎င်း၏ ခါးမသန် ဖြစ်နေသည်ကို လူသိမခံပဲ ၎င်း၏ အရိုးပေါ် အရေတင် ဖြစ်နေသော လက်မောင်း ကြွက်သားများကို ရောက်လေရာ တွင် ထုတ်ပြ‌နေသည်၊ ယခုလည်း တောင်ကြီး တွင် ရောက်နေပြန်ပြီး "တရားမဝင် သိမ်းပိုက်ခံထားရသော မြို့များ" ကို ပြန်၍ သိမ်းယူ နိုင်ရန် "တန်ပြန် ထိုးစစ်" ဆိုသည်ကို ဆင်နွှဲမည်၊ ထို့အတွက် အုပ်ချုပ်ရေး အဆောက်အအုံများ နှင့် ပြည်သူများကို လူသား တံတိုင်း အဖြစ် အကာအကွယ် ယူနေ၍ ထိုသို့ အသုံးချ မခံရအောင် လုံခြုံရေး အသိ ရှိထားရမည် ဟု ပြောလာသည်။ ‌ဆိုလိုသည်က ၎င်းတို့ လုပ်သမျှ ကို နောက်မှ အဆိုး မဆို နှင့်ဟု သတိပေးလိုက်ခြင်း ဖြစ်သည်။ ၎င်းတို့၏ ပြည်သူ့ အသက်အိုးအိမ် ကို ကာကွယ်စောင့်ရှောက်ပေးနေသည့် နည်းလမ်းတခုလည်း ဖြစ်သည်။

 

မင်းအောင်လှိုင်သည် တောင်ကြီး မှ တဆင့် လွိုင်ကော်သို့ ပင် ရောက်လာပြီး ကားတဝီဝီ ဖြင့် နေရာ အနှံ့ လျောက်သွားနေပြီ ဖြစ်သည်။ သို့သော် KNDF ဒုစစ်ဦးစီးချုပ် ကိုမာဝီ တို့ဖက်မှ ၎င်း ရောက်ရှိနေစဉ် အတွင်း ဒေသ စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာန ချုပ် (ဒကစ) သို့ ၎င်း အလှူဒါန ပြုထားသည့် ၁၂၀ မမ နှင့်ပင် ကုသိုလ်ရအောင် ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ မင်းအောင်လှိုင်အား ထိခိုက်မှု မရှိသော်လည်း ကိုမာဝီက "များများလာပေးပါ၊ ကျွန်တော်တို့ လက်နဲ့ အဆုံးသတ် ပေးလိုက်ရတယ် ဆိုတဲ့ သမိုင်း ရေးချင်လို့ပါ" ဟု တောင်းဆိုခံ့သည်။

 

ယခုအခါ KNDF သည် လက်နက် အင်အား မမျှ၍ လွိုင်ကော် နှင့် ဆယ်မိုင်ခန့် အကွာရှိ ဒီမောဆိုး မြို့ သို့ ဆုတ်ခွာပေးခဲ့ရပြီး တိုက်ပွဲများ ပြင်းထန်စွာ တိုက်ပွဲ များ ဖြစ်ပွားလျက် ရှိသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!