တော်လှန်ရေး အရှိန်မြင့်တက်လာပြီ

by Hla Soewai - Sep 05 2024

အမျိူးသား ညီညွတ်ရေး အစိုးရ၏ ပြည်သူ့ကာကွယ် ရေး တပ်များ နှင့် ပူးပေါင်းတပ်များ သည် ယခုအခါ ထီးချိုင့်၊ အင်းတော်၊ ပင်လယ်ဘူး မြို့များကို ဝိုင်းထားပြီး ဖြစ်သည်ဟု သတင်းများက ဆိုသည်။

 

စစ်တပ်သည် အဝိုင်းခံရသော မြို့များရှိ ၎င်းတို့ တပ်များအား လေကြောင်းမှ ထောက်ပို့ လုပ်နေရပြီ ဖြစ်သည်။

 

ဩဂုတ် ၁၆ ရက် တွင် စတင် ထိုးစစ် ဆင်ခဲ့ပြီး နောက် အင်းတော်မြို့ရှိ ရဲစခန်း နှင့် ထွေအုပ် ရုံးများအား PDF, KIA, နှင့် ABSDF တပ်များက သိမ်းပိုက် နိုင်ခဲ့သည်။ စစ်ကောင်စီ တပ်များ ဖက်မှ ရှမ်းအမျိုးသား တပ် SNA က စစ်ကူပေး‌နေသည်ဟု သိရသည်။

 

အင်း‌တော် နှင့် ‌တမိုင်ကျော်ကျော် ဝေးသော ရွှေဘို-မြစ်ကြီးနား လမ်းပေါ်ရှိ နဘား ရွာ၊ ထီးချိုင့်မြိုနယ် အတွင်းရှိ မြတောင်ရွာ နှင့် ထီးချိုင့်မြို့ အရှေ့ဖက်ခြမ်း အားလည်း သိမ်းယူနိုင်ခဲ့သည်။

 

ပင်လယ်ဘူး မြို့နယ် အတွင်းရှိ ရဲစခန်း မှ လွဲ၍ စစ်ကောင်စီ စခန်းအားလုံး နီးပါး ကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော် မြို့ တွင်း တွင် စစ်ကောင်စီ တပ်များ နှင့် SNA တပ်များ ရှိနေဆဲ ဖြစ်သည်။

 

ထို မြို့သုံးမြို့သည် စစ်ကောင်စီ အတွက် မဟာဗျူဟာ အရ လွန်စွာ အရေးပါနေ၍ မရမက ခုခံ သွားဖို့ ရှိနေသော်လည်း ၎င်းတို့ မြေပြင်တပ်များသည် ခိုင်းချင်တိုင်း ခိုင်း၍ မရတော့၍ ချော့မော့နေရသည့် အနေအထား မျိုး တွေ့လာရသည်။

 

တော်လှန်ရေး တပ်များသည် ဗန်းမော် နှင့် မိုးမောက် မြို့ အကြားရှိ ဗန်းမော် မြို့‌ စောင့်တပ် ဖြစ်သည့် ခမရ ၄၃၇ ကို သိမ်းပိုက်မှု နှင့် အတူ ဗန်းမော် မြို့ အနီး ၆ မိုင် အကွာထိ ချည်းကပ်လာမှု ကို စစ်ကောင်စီ သည် လွန်စွာ ထိတ်လန့်လာ၍ ရသမျှ အင်အား စုစည်းကာ တန်ပြန် ထိုးစစ် ဆင်လာပြီ ဖြစ်၍ တိုက်ပွဲ များ ပြင်းထန်သည်ထက် ပြင်းထန်လာနေသည်။

 

ဗန်းမော် အနောက်ဖက်ရှိ စင်ခန်း ဧရာဝတီ မြစ်ကူး တံတားအား ထိန်းချုပ် နိုင်ခဲ့၍ စစ်ကောင်စီ တပ်များ ၏ စစ်ကူလာရာ လမ်းကြောင်းကို ဖြတ်တောက် နိုင်ခဲ့ပြီဟု ကချင် လွတ်လပ်ရေး တပ်မှ ပြောခွင့်ရ ဗိုလ်မှုးကြီး နော်ဘူးက ဆိုသည်။ မိုးမောက်အားလည်း သိမ်းယူထားပြီး ဖြစ်သည်။

 

မိတ္ထီလာ အား ပြည်သူ့ကာကွယ်ရေး တပ်များ ဝင်ရောက် တိုက်ခိုက်မည် ဆိုသော သတင်းကြောင့် လုံခြုံရေး အထူး တင်းကြပ်ထားသည်ဟု သိရသည်။

 

မန္တလေး မြိုကြီး အား မတိုက်ကြရန် စစ်ကောင်စီလက်ပါးစေ များ အုပ်စုဖွဲ့၍ တောင်းဆို အသနားခံ နေကြရပြီ ဖြစ်သည်။ (ပုံတွင်ရှူ)

 

TNLA တပ်မှုး များသည် နောင်ချို မြို့နယ် အနီးတဝိုက်ရှိ စစ်ကောင်စီ စခန်းများကို ထိုးစစ်ဆင်ကာ ဆက်တိုက် ဆိုသလို တခုပြီး တခု သိမ်းယူ နိုင်ခဲ့ပြီး တဖက် တွင် ၎င်းတို့သိမ်းယူထားသော မြိုများ ဖြစ်သည့် ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ် မြိုများ တွင် အုပ်ချုပ်ရေး လုပ်ငန်းများ စတင် နိုင်ရန် မြို့ခံ လူထု နှင့် ဒူးတိုက် ‌ဆွေးနွေးမှု များ ပြုလုပ်နေကြပြီဟု သိရသည်။

 

MNDAA သည် အကြမ်းဖက် စစ်တပ်၏ ဖျက်ဆီးခံနေရသော လားရှိုးအား လျပ်စစ်မီး ပြန်ပေးနိုင်ရန် ပင်မဓါတ်အား လိုင်းများအား ပြန်လည် ပြင်ဆင်နေပြီ ဖြစ်သည်။

 

စစ်ကောင်စီ၏ အကြမ်းဖက် လုပ်ရပ်များတွင် အသုံးချ နိုင်ရေး အတွက် ပြင်သစ် လုပ် ATR အမျိုးအစား လေယာဉ် ၁၀ စီး အား ဝယ်ယူ နိုင်ရန် ပြည်တွင်းရှိ ကရိုနီများက ကူညီပေးနေသည်ဟု Justice for Myanmar မှ ထုတ်‌ ဖေါ် ပြောဆိုလိုက်သည်။

 

ယခုအခါ ကုလ သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ သက်တမ်း တိုးမြှင့် ရန် အချိန် နီးကပ်လာနေပြီ ဖြစ်ရာ ‌ရွေးကောက်ပွဲ ဖြင့် စစ်ဗိုလ်ချုပ်များအား လူတောထဲ ပြန်ဆွဲသွင်းရန် ကတိပြုထားသည့် တရုတ် အစိုးရသည် ယခင်လို အမေရိကန် နှင့် ပူးပေါင်းပြီး ဦးကျော်မိုးထွန်း အား ဆက်၍ ထောက်ခံသွားမည် လော၊ သို့တည်းမဟုတ် ကန့်ကွက် လာမည် လား ဆိုသည်က စောင့်ကြည့်ရမည် ဖြစ်သည်။

 

တရုတ်သည် ရွေးကောက်ပွဲ သည်သာ လက်ရှိ ပဋိပက္ခ ကို ငြိမ်းအေးစေမည့် တခုတည်းသော နည်းလမ်း အဖြစ် နိုင်ငံတကာ က နောက်ဆုံးတွင် လက်ခံလာမည်ဟု ယုံကြည်က ထောက်ခံနေခြင်း ဖြစ်သော်လည်း ၎င်းတို့ တွက်ဆထားသလို ဖြစ်လာမည် ဟုတ်မဟုတ်က လောင်းကြေး ထပ်ထားရသလို ဖြစ်နေသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!