ရိုက်တာ ပြောသည့် စစ်အာဏာရှင် လက်အောက် ခက်ခဲကြမ်းတမ်းလာသော မြန်မာ့ လူနေမှု ဘဝ

by Hla Soewai - Aug 29 2024

မြန်မာ ကျပ်‌ငွေ တန်ဖိုးသည် အလျင်အမြန် ထိုးစိုက် ကျဆင်းလာနေမှု နှင့် အတူ မရှိမဖြစ် လိုအပ်သော စားသောက်ကုန် နှင့် ဆေးဝါး ဈေးနှုန်းသည် အဆမတန် ထိုးတက်လာနေပြီ ဖြစ်၍ သာမန် ပြည်သူတို့၏ အိမ်‌ ထောင်စု များသည် မနိုင်ဝန် ကို ထမ်းနေကြရပြီ ဖြစ်သည်။

 

အစောပိုင်း က တဒေါ်လာလျင် ၅,၀၀၀ မှ ပြီးခဲ့သည့် အပတ် အတွင်း ၇,၀၀၀ ကျပ် အထိ ထိုးဆင်းလာခဲ့သည်။ ထိုသို့ ဒလဟော ကျဆင်းလာမှု သည် စစ်ကောင်စီမှ ငွေဈေး ကို ကျားကန် နိုင်ရန် ငွေစက္ကူ များ ရိုက်ထုတ်လာသည် ဆိုသော သတင်းများ ထွက်ပေါ်လာခြင်းကြောင့် ဖြစ်သည်ဟု ငွေကုန်သည် နှစ်ဦး က ဆိုသည်။

 

အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ငွေလွှဲလုပ်ငန်း လုပ်ကိုင်နေသော အေးဂျင့်တဦးက ၎င်းတို့ဖက်တွင် လူများက ကျပ်ငွေ ဖြင့် ဘတ်များကို အလုအယက် ဝယ်ယူလာကြသည်ဟု ပြောပြခဲ့သည်။ ဘတ်ငွေကို ရောင်းသူ ဟူ၍ မြန်မာသို့ ငွေပြန်ပို့လိုသူများသာ ရှိသည်။

 

ကျပ်ငွေတန်ဖိုးသည် ၆,၀၀၀ အထိ ပြန်ရောက်လာခဲ့သော်လည်း ကုန်ဈေးနှုန်းက မူ ပြန်၍ ကျဆင်းသွားခြင်း မရှိ ပေ။

 

ပြီးခဲ့သည့် ရက်သတ္တပါတ် များ အတွင်း ထိုသို့ ငွေတန်ဖိုး ထိုးကျသွားခြင်း၊ သယ်ယူ ပို့ဆောင်မှု စရိတ် မြင့်တက်လာခြင်း၊ နယ်စပ် ကုန်သွယ်ရေး ပျက်ပြားလာခြင်း များကြောင့် ဆေးဝါးနှင့် မရှိမဖြစ် စားကုန် ဈေးနှုန်းများ တဟုန်ထိုး မြင့်တက်သွားခဲ့ခြင်း ဖြစ်သည်။

 

နေပြည်တော် နေ ပြည်သူတဦး အဆိုအရ ပြီးခဲ့သည့် တလခန့်က စားကုန်သောက်ကုန်များ အတွက် အိမ်သုံးစရိတ်သည် တပတ်လျင် ၂၅,၀၀၀ ကုန်ကျခဲ့ရာမှ ယခုအခါ ၄၀,၀၀၀ ကျပ် အထိ သုံးလာရသည်ဟု သိရသည်။

 

စစ်ကောင်စီ ဖက်ကတော့ ထိုအကြောင်းများကို ရေငုံ နှုတ်ပိတ်နေဆဲပင် ဖြစ်သည်။

 

တချိန်က အလားအလာ အရှိဆုံး အာရှ၏ နောက်ဆုံးလက်ကျန် ဈေးကွက်ကြီးအဖြစ် မျက်စိကျစရာ ဖြစ်ခဲ့ရာမှ စစ်တပ် ၏ အာဏာသိမ်း မှု မှ အစပြုကာ တိုင်းပြည် သည် ပြည်တွင်းစစ်မီးကြီး တဟုန်းဟုန်း တောက်‌ လောင်ကာ ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားခဲ့ရသည်။

 

စစ်တပ်သည် တနေ့တခြား နယ်မြေများ ဆုံးရှုံးလိုက်လာနေပြီး၊ တရုတ်၊ ထိုင်း နယ်စပ် ကုန်သွယ်ရေး စခန်းများကို လက်လွှတ်ခဲ့ရမှု နှင့် အတူ စီးပွားရေးကို ထိန်းချုပ် နိုင်ရန် မနိုင်ရင်ကာ ရုန်းကန်နေကြရသည်။

 

နိုင်ငံ အနှံ ဆင်းရဲမွဲတေမှု များ နှင့် နပမ်းလုံးလာနေကြရပြီး ဇွန်လ အတွင်း ကမ္ဘာဘဏ်၏ ခန့်မှန်းထားချက်အရ စီးပွားရေး တိုးတက်မှု နှုန်းသည် ၁% သာ ရှိလာနိုင်သည် ဟု သိရသည်။

 

ငွေကြေး ဖောင်းပွမှု နှုန်းကို ဖယ်ပြီး တွက်ချက်မည် ဆိုလျှင်ပင် အိမ်ထောင်စုများ၏ ဝင်ငွေသည် ကျဆင်းလာနေပြီ ဖြစ်သည်။ အလုပ်လက်မဲ့များလည်း များသည်ထက် များလာနေသည်။ ထိုအကြောင်းခြင်းရာ နှစ်ခု ၏ ဖိစီးမှု ဒဏ်ကို ပြည်သူများ ကျောကော့အောင် ခံနေကြရသည်။

 

ထိုသို့ ဖြစ်ရခြင်းအတွက် စစ်ကောင်စီ၏ စီးပွားရေး ပေါ်လစီများ တွင် ၁၀၀ ရာနှုန်း တာဝန်ရှိနေသည်ဟု မြန်မာအရေး သုတေသီ ဒေးဗစ် စကော့ မာသီဆန် က ထောက်ပြခဲ့သည်။

 

၎င်းတို့၏ ငွေကြေး နှင့် စီးပွားရေး တည်ငြိမ်မှု ရှိရေး မူဝါဒ ဆိုသည်ကလည်း လက်သင့်ရာ အနိုင်ကျင့် နေမှု များသာ ဖြစ်သည်။

 

ကျပ်‌ ငွေ တန်ဖိုး ကျဆင်းလာ‌‌ နေ မှု ကို ဟန့်တားရန် ဆိုကာ ဇွန်လ မှ စ၍ ရွေကုန်သည်၊ ငွေကုန်သည်၊ အိမ်ခြံမြေး ရောင်းဝယ်ရေး သမား စုစုပေါင်း ၅၆ ဦး ကို ဖမ်းဆီးလာခဲ့သည်။

 

ပြည်ပ မှ တင်သွင်းရသော လောင်စာဆီများ ပြတ်လတ်လာမှု ကြောင့် ဆီဆိုင်များ ရှေ့တွင် ညအိပ်ညနေ ကားတန်း ရှည်ကြီးများ တွေ့လာရမှု နှင့် အတူ သယ်ယူစရိတ်များ မြင့်တက်လာသဖြင့် ဈေးနှုန်းများလည်း နှစ်ဆ သုံးဆခန့် ထိုးတက်သွားခဲ့ပြန်သည်။

 

စစ်ကောင်စီ သည် လက်ရှိ အနေအထားကို ထိန်းချုပ်နိုင်ရန် အစီအစဉ်ဟူ၍ မယ်မယ်ရရ မရှိ ငွေများကိုသာ ရိုက်နှိပ် ဖြန့်ချီနေ၍ လူထု သည် စီးပွားရေး ကျပ်တည်း လာမှု ကို တခါဖူးမျှ ကြုံခဲ့ဖူးခြင်း မရှိသော အတိုင်းအတာ မျိုး တွေ့ကြုံနေကြရပြီဟုအမျိုးသား ညီညွတ်ရေး အစိုးရမှ ပြောလာသည်။

 

ဘဏ်လုပ်ငန်းရှင်များ နှင့် နီးစပ်သော သတင်းရပ်ကွက် များ အဆိုအရ ပြီးခဲ့သည့် လ အတွင်း ကျပ်ငွေ ၃ တြီလီယံ တန်ဖိုးရှိ ငွေစက္ကူများကို ရိုက်နှိပ် ဖြန့်ဝေခဲ့သည်ဟု ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။

 

ငွေကြေး အခက်အခဲ ဖြစ်လာနေသော ဘဏ်လုပ်ငန်းများ အား ကျားကန် ပေးနိုင်ရန် အတွက် ဖြစ်ပြီး ထိုငွေစက္ကူများအား ဇူလိုင် တတိယ ပတ် အတွင်း ပုဂ္ဂလိက ဘဏ်များထံ ဖြန့်ဝေပေးခဲ့သည်ဟု NUG စီမံဘဏ္ဍာ နှင့် ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ ဝန်ကြီး ဦး တင်ထွန်းနိုင်က ပြောသည်။

 

ထိုတန်ဖိုးသည် ၎င်းတို့ သတ်မှတ် ပေါက်ဈေး ၂,၁၀၀ ကျပ် နှင့် ဆိုက ဒေါ်လာ ၁.၄ ဘီလီယံ ရှိပြီး ပြင်ပ ပေါက်ဈေး အရမူ ဒေါ်လာ သန်း ၄၉၀ ရှိသည်။

 

အဆိုပါ ငွေစက္ကူ များ ဝင်ရောက်လာသဖြင့် လူထု သည် တန်ဖိုးအားဖြင့် ငါးပုံ လေးပုံခန့် ဆုံးရှုံးသွားပြီ ဖြစ်သော ၎င်းတို့ ချွေးနဲစာဖြင့် အပ်နှံထားငွေများကို လိုသ‌လောက် ပြန်ထုတ်လာနိုင်၍ ငွေဖေါင်းပွမှုများက ထပ်မံ မြင့်တက်လာပြန်သည်။

 

ယခုအခါ စစ်ကောင်စီသည် မဆလ ခေတ်ကလို စားသုံးဆီ ဝယ်ယူရမည့် ခွဲတမ်းစာအုပ် ကို အိမ်ထောင်စု များ အား ထုတ်ပေးလာပြီး တပတ်လျင် ဆီ ငါးဆယ်သား၊ အများဆုံး တပိသာ အထိ ဝယ်ယူခွင့် ပေးမည်ဟု ထွင်လာကြပြန်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!