MPOX

by Hla Soewai - Aug 29 2024

MPOX ဟု ခေါ်သော မျောက် ကျောက်ရောဂါ သည် လျှင်မြန်စွာ ပျံ့ပွားလာနေပြီ ဖြစ်သည်။၂၀၂၂ တွင် ဖြစ်ပွားခဲ့သည်ထက် ပို၍ လျင်မြန်စွာ ကူးစက် နိုင်သော ဗိုင်းရပ် ပိုးသစ် တမျိုး ဖြစ်သည်။ ထိုစဉ်က လိင်တူခြင်း ဆက်ဆံခြင်းဖြင့်သာ ကူးစက်နိုင်သော ရောဂါပိုး မျိုး ဖြစ်၍ အလွန်အကျွံ ပျံ့နှံ့ခြင်းမျိုး မရှိခဲ့ပေ။

 

ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံ၏ သစ်တောကြီးများထဲမှ စတင်ပေါက်ဖွားလာသော မျောက်ကျောက်ရောဂါပိုးသည် နိုင်ငံ အတွင်း တနှစ်ပတ်လုံး လှည့်လည် ဒုက္ခပေးနေခဲ့ပြီး ဖြစ်သည်။ နိုင်ငံ တောင်ပိုင်း ကီဗူ ပြည်နယ်ရှိ ရွှေတူးဖေါ်ရာ သတ္တုတွင်းများ ရှိသည့် ကာမီတူဂါ မြို့လေး၌ ဧပြီ ၂၄ ရက်တွင် စတင် တွေ့ရှိလာခဲ့ခြင်း ဖြစ်သည်။ ယခုအခါ အာဖရိကတိုက် အရှေ့ပိုင်း နှင့် အလယ်ပိုင်းသို့ ပျံ့နှံလာခဲ့,ပြီးနောက် နိုင်ငံတကာ ခရီးသွား များ ကြောင့် နေရာအနှံ့သို့ ကူးစက်လာပြီဟု ယူဆရသည်။

 

အထူးသဖြင် ဒူဘိုင်း နှင့် လန်ဒန်သည် Clade 1b ခေါ်သော ရောဂါ ပိုး ဝင်ရောက်လာမည့် အန္တရာယ်ကြီးနှင့် ကြုံနေရပြီ ဖြစ်သည်။

 

ဩဂုတ်လ ၁၄ ရက်တွင် ကမ္လာကျန်းမာရေး အဖွဲ့ချုပ်ကြီးမှ MPOX သည် နိုင်ငံတကာတွင် လူထု ကျန်းမာရေး အတွက် စိုးရိမ်စရာ ကောင်းလာသည့် အရေးပေါ် အနေအထား ရောက်လာပြီဟု ကျေညာချက် ထုတ်ပြန်လာခဲ့သည်။ တဆက်တည်း ဆိုသလို MPOX သည် ကိုဗစ် ရောဂါပိုး အသစ် မဟုတ်ဟု ပါ ထုတ်‌ ဖေါ် ပြော ဆိုခဲ့သည်။ ကမ္ဘာကျန်းမာရေး အဖွဲ့ကြီး မှ ထိုသို့ သတ်မှတ် ပြဋ္ဌာန်းလာ၍ ရံပုံငွေများ နှင့် ကာကွယ်ဆေးများ ရရှိအောင် အမြန် လုပ်ဆောင်ရဖို့ ဖြစ်လာသည်။ 

 

ဇန်နဝါရီ လ မှစ၍ ကွန်ဂို တွင် MPOX ကူးစက်ခံရသူ ၁၇,၀၀၀ ထိ ရှိလာသည်။ အနည်းဆုံး ၅၀၀ ခန့် သေဆုံးသွားပြီး ဖြစ်သည်။ ရောဂါပိုး အသစ် သည် မည်မျှ အတိုင်းအတာ ထိ အသက်အန္တရာယ် အား ဒုက္ခပေး နိုင်သည် ဆိုသည်ကို ခန့်မှန်းရ ခက်နေဆဲပင် ဖြစ်သည်။ ကျန်းမာရေး ဌာန သို့ သတင်းမပို့ပဲ ဖြစ်ပွား သေဆုံးမှု များ ရှိနေသောကြောင့် ဖြစ်သည်။

 

ရောဂါပိုး ကူးစက်ခံရသူများထဲ မှ ၁.၄ မှ ၁၀ ရာခိုင်နှုန်း အထိ သေဆုံးနိုင်သည်ဟု ကျွမ်းကျင်သူများက ယုံကြည်နေကြသည်။ ကွန်ဂို နိုင်ငံ ပြင်ပတွင်တော့ သေဆုံးမှု နှုန်းသည် ထိုမျှ လောက် မများ နိုင်၊ ကွန်ဂိုသည် ဆင်းရဲသော နိုင်ငံ ဖြစ်သည့်အပြင် အကြမ်းဖက်မှု များ နှင့်လည်း ရင်ဆိုင်နေရသည်၊ ကလေးသူငယ်များသည်လည်း အဟာရ ချို့တဲ့ကြ၍ ကိုယ်ခံအား နည်းနေကြသည်။

 

MPOX ကူးစက်ခံရပါက အဖျားဝင်လာပြီး အရေပြားများ တွင် ပြည်များ တည်ကာ အနာများ ပေါက်လာသည်။ ကျောက်ရောဂါ နှင့် ယေဘုယျအားဖြင့် လက္ခဏာ ဆင်တူသည်။ အိမ်တအိမ် ထဲတွင် ရောဂါ ကူးစက်ခံရသူ နှင့် အတူ နေထိုင်ခြင်း၊ ရောဂါ ကူးစက်ခံထားရသော တိရိစ္ဆာန်များနှင့် ထိတွေ့ခြင်း၊ ပြည့်တန်ဆာများ နှင့် လိင်ဆက်ဆံခြင်း တို့မှ ကူးစက်နိုင်သည်။

 

ယခု အခါ နိုင်ငံအားလုံးတွင် အန္တရာယ်ရှိလာပြီ ဖြစ်သည်။ ရောဂါလက္ခဏာများ နှင့် ရောဂါပိုး မကူးစက်အောင် မည်သို့ နေထိုင်ရမည်ကို လူထု အကြားပညာပေး ရန် လိုအပ်လာသည်။ ရေတို အတွက် ချမ်းသာသော နိုင်ငံများက ၎င်းတို့ သိုလှောင်ထားသော ကာကွယ်ဆေးများကို မျှဝေပေးရမည် ဖြစ်သည်။ ဂျပန်သည် ယခုအခါ ကွန်ဂိုသို့ ကာကွယ်ဆေး ၃.၅ သန်းကို ပို့ပေးမည်ဟု ကမ်းလှမ်းလာသည်။

 

ရောဂါဖြစ်ပွားနေသော နိုင်ငံများတွင် ကာကွယ်ဆေး အား ဆေးဝန်ထမ်းများ၊ ကူးစက်ရန် အန္တရာယ် အများဆုံး ရှိနေသည့် လိင်အလုပ်သမားများ အား ဦးစားပေး ထိုးနှံပေးရမည် ဖြစ်သည်။

 

ရေရှည်တွင် တကမ္ဘာလုံး အတွက် လိုအပ်သည့် ကာကွယ်ဆေးများ သိုလှောင်ထားသင့်ပြီး နောက်တကြိမ် ရောဂါ စဖြစ်သည့် နိုင်ငံများကို အလျင်အမြန် ပို့ဆောင်ပေးနိုင်ရန် ဖြစ်သည်။

 

(အီကော်နောမစ် မဂ္ဂဇင်းပါ ဆောင်းပါးများမှ ထုတ်နှုတ် တင်ပြသည်)