လူထု ကို အနိုင်အထက် လုပ်ဖို့သာ တပ်နိုင်တော့

by Hla Soewai - Aug 29 2024

မင်းအောင်လှိုင်သည် အမျိုးသား ညီညွတ်ရေး အစိုးရ ခရိုင်မြို့ကြီး အဆင့်ရှိ သပိတ်ကျင်း မြို့ အား သိမ်းပိုက်လိုက်ချ်န် နှင့် တရက်တည်းလိုလို တွင် ကားလမ်း ဖြင့် သုံးနာရီ ကြာ သွားရသည့် မန္တလေး ရောက်ရှိလာခဲ့သည်။

 

‌၎င်း မှ နိုင်ငံကို အာဏာ မသိမ်းမီ အနေအထား ထိ ပြန် ရောက်အောင် လုပ်မည်ဟု ကြုံးဝါးလိုက် ချိန် ဖြစ်နေ၍ "လေပေါ" ကြီး ဟူ၍သာ သတ်မှတ်နေကြပြီး ထက်သော ဓါး ကို ကြောက်နေရ ၍ နားထောင်နေကြရသည် ပုံမျိုး တွေ့နေရသည်။

 

ထိုသို့ ပြန်ရောက်ဖို့ ဆိုသည်ကလည်း သူတမ်းတ နေသည့် တန်ခိုးရှင် များပင် တတ်နိုင်ကြလိမ့်မည် မဟုတ်။ 

 

ဇွန်လ ကုန် ပိုင်း နောက် နေပြည်တော် အပြင်သို့ ပထမဆုံး ထွက်လာသည့် မန္တလေး ခရီးစဉ် သည် နကိုယ်ကတည်းက စီစဉ်ထားပြီး ဖြစ်၍လည်း ရွှေဆိုင်း၍ မရတော့၊ ရွှေ့ဆိုင်းမည် ဆိုလျင်ပင် နောက်တကြိမ်း ပြန်လာဖို့ ဆိုသည်က မည်သို့မျှ မရေရာတော့၊ မန္တလေး သို့ နောက်ဆုံးအကြိမ် ခြေချခြင်း ဟုလည်း ယူဆ၍ ရနိုင်ပေသည်။

 

၎င်း အတွက် မန္တလေး တွင် ဘာမျှ မယ်မယ်ရရ လုပ်စရာ မရှိသော်လည်း တိုက်ပွဲများ ပြင်းထန်လာနေချိန် တွင် နေပြည်တော် မှ အပြင်သို့ မထွက်ရဲဟုကွယ်ရာ တွင် လက်အောက် ဗိုလ်ချုပ် များ ၏ အတင်းအဖျငိး ပြောခံရမည် စိုး၍ သာ စွန့်စား ထွက်လာရခြင်းလည်း ဖြစ်သည်။

 

ထပ်၍ မျက် နှာ ပျက်စရာ ဖြစ်ရပြန်သည်က တောင်ငူ လေတပ် စခန်းအား အမျိုးသား ညီညွတ်ရေး အစိုးရ ဒရုန်း တပ်ရင်း၏ "ဗုံးမိုးရွာ" စစ်ဆင်ရေးဖြင့် ၁၁၄ မမ ဒုန်းများ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခံလိုက်ရသည့် အဖြစ်နှင့်လည်း တိုက်ဆိုင်နေပြန်သည်။

 

လုံခြုံရေး စည်း အထပ်ထပ် ချထားသည့် ကြားမှ တိုက်ခိုက်ခံရခြင်း ဖြစ်ပြီး စစ်ကောင်စီ တပ်သား ငါးဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားသည်ဟု သတင်းများက ဆိုသည်။

 

တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ နယ်စပ်တွင် ကြည်းတပ်၊ လေတပ် ပူးပေါင်း ၍ ကျည်အစစ်များ ဖြစ့် စတင် ပစ်ခတ် လေ့ကျင့်နေပြီ ဖြစ်သည်။

 

ထိုဖြစ်စဉ်ကပင် တရုတ်သည် နယ်စပ်ဒေသ တည်ငြိမ်ရေး အား မင်းအောင်လှိုင် နှင့် အဖွဲ့ကို အားကိုး၍ မရတော့ ဆိုသည်ကို ပြဆိုလိုက်ခြင်းလည်း ဖြစ်သည်။

 

နိုင်ငံ တနိုင်ငံ၏ နယ်စပ်တွင် တပ်များစုရုံးပြီး စစ်ရေး လေ့ကျင့်မှု လုပ်လာခြင်းသည် ထိုနိုင်ငံ၏ အချုပ်အခြာ အာဏာ ကို တိုက်ရိုက် ခြိမ်းခြောက်လိုက်ခြင်း ဖြစ်‌သော်လည်း ကာယကံရှင် များ အဖို့ ပါးစပ်ပင် မဟရဲအောင် ဖြစ်နေရှာသည်။

 

ဘီဂျင်းသည်လည်း တဖက်တွင် မင်းအောင်လှိုင် နှင့် အဖွဲ့ကို လက်မလွှတ်ရဲ ဖြစ်နေ၍ တရွာလုံးက ဝိုင်းပယ်ခံနေရသော အိမ် အား ဝင်ထွက် ဆက်ဆံနေရသည့် အဖြစ် ရောက်နေသည်။ ထိုလုပ်ရပ်သည် တရုတ်-မြန်မာ ဆက်ဆံရေး သမိုင်းတွင် အမည်းစက်ကြီး တင်ကျန် နေရစ်တော့မည်ဟု ဧရာဝတီက ထောက်ပြ ရေးသားခဲ့သည်။

 

နောက်ထပ် အကြီးအကျယ် ထိုးနှက်ခံရမည့် အရေး ကြုံလာရသည်က အာရက္ခ တပ်တော်၏ ထိုးစစ် ဖြင့် မောင်းတော မြို့ကို လက်လွှတ် လိုက်ရတော့မည့် အရေးပင် ဖြစ်သည်။

 

ပြီးခဲ့သည့် သုံးရက် အတွင်း တိုက်ပွဲများ ပြင်းထန်နေခဲ့ပြီး စစ်ကောင်စီ တပ်သား ၁၀၀ ကျော် သေဆုံးပြီး စစ်စခန်း အားလုံးနီးပါး သိမ်းဆည်း နိုင်ခဲ့သည်ဟု ဆိုသည်။ လက်ကျန် စခန်း တခု ဖြစ်သော အမှတ် (၅) နယ်ခြားစောင့် ရဲ တပ်ရင်း ကို အပြီးသတ် ရှင်းလင်းပြီးပါက မောင်းတော အား လုံးဝဥသုံ ထိန်းချုပ် နိုင်တော့မည်ဟု သတင်းများက ဆိုသည်။

 

မောင်းတော ဒေသတွင် မကြာသေးမီက ရိုဟင်ဂျာ အမြောက်အမြား သေဆုံးသွားခဲ့မှု ကြောင့် နိုင်ငံတကာ၏ အာရုံစိုက်ခြင်း ခံနေရချိန် ဖြစ်သည်။

 

မင်းအောင်လှိုင်သည် လောလောဆယ်တွင် ၎င်း၏ ပုံရိပ် ကောင်းစေရန် တော်လှန်ရေး နယ်မြေများအား တိုး၍ ဗုံးကြဲ တိုက်ခိုက်လာခြင်း၊ အတင်းအကျပ် စစ်သား စုဆောင်းလာခြင်း၊ မြို့ရွာ ကာကွယ်ရေး ဆိုကာ အသက် ၃၅ မှ ၆၅ အရွယ် ရှိ ပြည်သူများအား ၎င်း၏ စစ်ယန္တရားကြီးထဲသို့ ထည့်သွင်းလာခြင်း ဆိုသည့် ၎င်း လုပ်၍ ရသမျှ နိုင့်ထက် စီးနင်း ပြုကျင့်လာပြီ ဖြစ်သည်။ လက်အောက်ခံ တပ်များသည်လည်း ၎င်းခိုင်းသမျှ မငြင်းဆန်ပဲ လုပ်ကြတော့မည် မဟုတ်ပေ။

 

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ များ သည်လည်း တမြို့ပြီး တမြို့ကို အထိခိုက် အကျဆုံးခဲ သိမ်းယူ မနေတော့ပဲ စစ်တပ် အလျင်အမြန် ပြိုလဲသွား နိုင်မည့် ၎င်းတို့ အာရုံကြော nerve center များ စုစည်းရာ မန္တလေး၊ နေပြည်တော်သို့ ဦးတည် တိုက်ခိုက်နိုင်ရန် တာစူနေပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!