ကလိမ်ကကျစ် လုပ်ထားသော ငွေလဲနှုန်း ဖြင့် အာဏာသိမ်း အဖွဲ့ စစ်စရိတ် ရှာနေ

by Hla Soewai - Aug 29 2024

ဒေါ်လာငွေ လဲလှယ် နှုန်း အား ထိန်းချုပ်ထားခြင်း‌ဖြင့်ကျပ် ငွေကလိမ်ကကျစ် လုပ်ထားသော ငွေလဲနှုန်း ဖြင့် အာဏာသိမ်း အဖွဲ့ စစ်စရိတ် ရှာနေတန်ဖိုး တရိပ်ရိပ် ထိုးကျနေသည့် အကျပ်အတည်းသည် စစ်ကောင်စီ အတွက် အခွင့်အလန်း များ ထွက်ပေါ်လာစေသည်ဟု မြန် မာ စီးပွားရေး အား အဓိက ထား လေ့လာနေသည့် ပညာရှင် ဂျယ်ရစ် ဘစ်ဆင်ဂျာက ၎င်း၏ "Myanmar's military funds it's war through forex policy" ဆိုသည့် ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

 

ထိုမူဝါဒ ဖြင့် ၎င်းတို့ ဒေါ်လာ ၁.၈ ဘီလီယံ ခန့် အကျိုးအမြတ် ရရှိပုံ ရရှိနည်း အသေးစိတ် ရှင်းလင်းချက်ကို ဧရာဝတီက ဖေါ်ပြထားရာတွင် စစ်အာဏာမသိမ်းမီ တွင် ငွေလဲနှုန်းသည် တဒေါ်လာလျှင် ၁,၃၀၀ ကျပ်သာ ရှိခဲ့ရာမှ တနင်္လာနေ့တွင် ၆,၃၅၀ အထိ ဖြစ်သွားခဲ့သည်၊ စစ်ကောင်စီ ထိန်းချုပ်ထားသော ဗဟိုဘဏ်၏ ‌တရားဝင် နှုန်းထားသည် ၂,၁၀၀ ဖြစ်သည်။ သို့သော် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းလောက်တွင် ကုမ္ပဏီ အချို့ နှင့် လိုင်စင်ရ ကုန်သည်များကို အွန်လိုင်းမှ နေ၍ ၂,၉၀၀ အထိ တိုးမြှင့်လဲလှယ်ခွင့် ပြုလာခဲ့သည်။

 

စီးပွားရေး လုပိငန်းရှင်များ နှင့် ပုဂ္ဂလိက သမားများ လက်ဝယ်ရှိ နိုင်ငံခြားငွေများကို ထိုသို့ အလျင်းသင့်သလို လက်လှည့် ရောင်းသည့် စနစ်ဖြင့် အလွန်အကျွံ တန်ဖိုးမြှင့်ထား‌ သော ကျပ်ငွေ ကို အတင်းအကျပ် လဲလှယ်စေခဲ့သည်။

 

ပြင်ပ ပေါက်ဈေးဖြင့် အလွန်အကျွံ ကွာဟစွာ လဲလှယ် မှု ရလာသော ဝင်ငွေ ဒေါ်လာ ၁.၈ ဘီလီယံ (ကျပ် ငွေ ၆.၄ တြီလီယံ) သည် ဇွန်လ ၂၂ ရက်အထိ ၁၂ လ ကွာလ အတွင်းတွက်ချက်မှု အရ သဘာဝ ဓါတ်ငွေ့များ ရောင်းရမှု၊ အခွန်ကောက်ခံရရှိမှု များ ထက် သာလွန်သွားခဲ့သည်။

 

ထိုအထဲမှ ၇၅ ရာနှုန်းသည် ၂,၁၀၀ ဖြင့် လဲလှယ်ရာမှ ရရှိခဲ့ပြီး ကျန် ၂၅ ရာနှုန်းသည် ၂,၉၀၀ ဖြင့် အွန်လိုင်း ပလက်ဖေါင်းမှ တဆင့် ရရှိခဲ့သည်။ ထိုသို့ လျော့ပေါ့ ရောင်းချပေးခဲ့သည့် ကုမ္ပဏီများသည်လည်း စစ်တပ်နှင့် ပတ်သက်ရာ ပတ်သက်ကြောင်းများ ဖြစ်နေသည်။ အရပ်ဖက်သုံး လောင်စာဆီများ တင်သွင်းသည့် ကုမ္ပဏီများကိုလည်း ဦးစားပေးခဲ့သည်။

 

စစ်ကောင်စီ သည် နိုင်ငံခြား ငွေလဲနှုန်းကို အတင်းအကျပ် ထိန်းချူပ်ထားခြင်းဖြင့် အခွင့်အလန်း နှင့် အကျိုးအမြတ် များစွာ ရရှိလာခဲ့သည်။ နိုင်ငံတွင်းရှိ လူထု နှင့် စီးပွားရေး လုပ်ငန်းများ အဖို့ ထိခိုက်လာရပြီး ထိုသို့ မတရား သတ်မှတ်ထားသည့် နှုန်းကို ကျော်လွန် နိုင်ရန် နည်းလမ်းမျိုးစုံ သုံးလာကြရသည် ဟု ဆိုသည်။

 

စီးပွားရေး ပညာရှင် ရှောင်တန်နဲလ် မှလည်း အာဏာသိမ်း အဖွဲ့သည် နောက်ဆုံးပေါ် လက်နက်များ ဝယ်ယူ နိုင်ရန် ငွေရရာ ရ‌ ကြောင်း အဖြစ် ဗဟိုဘဏ် နှင့် နိုင်ငံခြားငွေ လဲလှယ်မှု ကြီးကြပ်ရေး ကော်မတီ ကို အဓိက အားပြုလာကြသည်ဟု ပြောခဲ့သည်။

 

ထိုသို့ အပြင် ပေါက်ဈေး နှင့် ၎င်းတို့ သတ်မှတ်ထား‌သော ဈေး အလွန်အကျွံ ကွာဟနေမှု ကြောင့် အကျင့်ပျက် ခြစားမှု များ ဖြစ်ပေါ်လာခဲ့သည်။ ၎င်းတို့အပေါ် သစ္စာရှိသည်ဟု ယူဆသော စီးပွ့ားရေး လုပ်ငန်းရှင်များ၊ ပုဂ္ဂလိက များ ကို သက်သာသော နှုန်းထားဖြင့် လဲလှယ်ခွင့် ပြုလာသည်။

 

အစီရင်ခံစာပါ ဒေါ်လာ ၁.၈ ဘီလီယံသည် ရနိုင်သမျှ အချက်အလက်များ ပေါ် အမှီပြု တွက်ချက်ခဲ့ရခြင်း ဖြစ်၍ ဒီထက်မက ပိုများဖို့သာ ရှိသည်။

 

ထိုသို့ လက်ရှိ အနေအထား နှင့် ကင်းကွာနေသည့် ငွေလဲနှုန်း နှင့် စီမံခန့်ခွဲမှု အလွဲများကြောင့် ရှေ့လျောက် တိုင်းပြည် စီးပွားရေးသည် အလျင်အမြန် ကျဆင်းလာဖို့ သာ ရှိသည်ဟု စီးပွားရေး ပညာရှင်များက တညီတညွတ်တည်း သဘောတူထားခဲ့ကြပြီး ဖြစ်သည်။

 

စစ်ကောင်စီသည် နိုင်ငံခြား‌ ငွေများ အတင်းအကျပ် လဲလှယ်ခိုင်းခြင်းဖြင့် တိုင်းပြည်၏ ကုန်ထုတ် စီးပွားရေး လုပ်ငန်းများ မှ ဝင်ငွေများကို နှိုက်ယူနေခြင်း၊ တရားမဝင် စီးပွားရေး လုပ်ငန်းများ ထွက်ပေါ်လာခြင်း နှင့် လုပ်ငန်းများ ထူထောင်လုပ်ကိုင် လိုစိတ် မရှိ ဖြစ်လာခြင်း များဖြင့် စီးပွားရေး တိုးတက်မှု ကို ၎င်းတို့ အကျိုး အတွက် ဆွဲချနေခြင်းသာ ဖြစ်သည်ဟု ရေးသားထားသည်။

 

ဒေါ်လာ လဲလှယ်နှုန်းကို ၎င်းတို့စိတ်ကြိုက် နှုန်း ဖြင့် သတ်မှတ် လဲလှယ်ခိုင်းနေသမျှ တိုင်းပြည်စီးပွားရေး ဦးမော့လာဖို့ ဝေးသည်ထက် ဝေးလာပြီး စစ်ကောင်စီ သည် အာဏာ ဆက်လက် ဆုပ်ကိုင်နိုင်ရေး ကိုသာ အကျိုးရှိရာ ရှိကြောင်း ဖြစ်လာခဲ့သည်။

 

အစီရင်ခံစာ တွင် ဆက်၍ အကြံပြုထားသည်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နယ်ခြား ဖြတ်ကျော် ‌ကုန်သွယ်ရေး နယ်‌ မြေ များ အားလုံး နီးနီး ကို ထိန်းချူပ်ထားနိုင်ပြီ ဖြစ်၍ အခွန်ကောက်ယုံ သက်သက် ဖြင့် တင်းတိမ် မနေပဲ အိမ်နီးခြင်း နိုင်ငံ များနှင့် ကုန်သွယ်ရေး သဘောတူညီချက် များ ရရှိ‌ အောင် ပြုလုပ်ပြီး အဆင်ပြေ ချောမွေ့အောင် ပြုလုပ် နိုင်ရမည် ဟူ၍ ဖြစ်သည်။ 

 

သို့မှသာ စစ်ကောင်စီ နှင့် လုပ်ရကိုင်ရသည်သာ ကောင်းသည်ဟု အိမ်နီးခြင်း နိုင်ငံများ၏ အမြင်ကို ပြောင်းလဲ သွားစေနိုင်ပြီး တိုင်းပြည်ကို ဖက်ဒရယ် စနစ် ဖြင့် အုပ်ချုပ် နိုင်စွမ်း ရှိသည်ဟု နိုင်ငံတကာ၏ ယုံကြည် အသိအမှတ် ပြုလာကြမည်လည်း ဖြစ်သည်။

 

စစ်ကောင်စီ မှ နေ့စဉ် သုံး ကုန်စည်များအား ‌ဈေးနှုန်းများ ထိန်းချုပ်လာခြင်းဖြင့် ပုဂ္ဂလိက ကဏ္ဍ တွင် အလွန် အကျွံ ဝင်ရောက် စွက်ဖက်လာခြင်းသည် ငွေတန်ဖိုး ကျဆင်းရသည့် အကြောင်းရင်း တခုလည်း ဖြစ်လာသည်ဟု နစ်ကီ အေးရှား ရီဗြူး တွင် သုံးသပ်ထားသည်။

 

ထိုသို့ ဖြစ်လာ‌ နေသည်ကို အလျော့‌ ပေးခြင်း မရှိသည့် အပြင် ဩဂုတ်လ ၁၂ ရက်နေ့တွင် စစ်ကောင်စီ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာနမှ သွင်းကုန်သမားများအား သတ်မှတ်ဈေးဖြင့်သာ ရောင်းချရမည့် ကုန်စည် အမျိုးပေါင်း ၃,၀၀၀ ခန့်ရှိ စာရင်းကို ပင် ထုတ်ပြန်လာသည်။

 

ငွေတန်ဖိုးသည်လည်း အာဏာမသိမ်းမီ ပြီးနောက် ငါးပုံ လေးပုံခန့် တန်ဖိုး လျော့ကျသွားပြီ ဖြစ်သည်။ ကုမ္ပဏီများသည်လည်း ၎င်းတို့ သတ်မှတ်ထားသည့် ဈေး နှင့် မရောင်းနိုင်၍ ပစ္စည်းများကို ပြန်၍ သိမ်းယူ နေကြ၍ ရှားပါးသည်ထက် ရှားပါးလာနေပြီ ဖြစ်သည်ဟု ဆောင်းပါးက ဆိုသည်။

 

စစ်အာဏာသိမ်း အဖွဲ့သည် ၎င်းတို့ အကျိုးရှိရာ ရှိ‌ ကြောင်း ငွေတန်ဖိုး ကျအောင် တမင်လုပ်နေသလားဟု ပင် ယူဆရမလို ဖြစ်လာနေသည်။

 

စစ်အာဏာရှင် များသည် ၎င်းတို့ အာဏာဆက်၍ ဆုပ်ကိုင်ထားနိုင်ရေး ကို တစက်ကလေးမျှ အထိပါး မခံနိုင်ဟူသော မူကို ဆုပ်ကိုင်ပြီး ချမှတ်လာသော နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး မူဝါဒများ အားလုံးသည် self-defeating ခေါ် ကိုယ့်တပ် ကိုယ် ပြန်နင်းသည့် လုပ်ရပ်များသာ ဖြစ်၍ ကျဆုံးခန်း သည် နီးသည်ထက် နီးလာနေပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!