စိတ်ကူးရလာပြန်ပြီ

by Hla Soewai - Aug 29 2024

အမျိုးသား ညီညွတ်ရေး အစိုးရ ၏ ပြည်သူ့ကာကွယ်ရေး တပ်များသည် မြင်းခြံ၊ တောင်သာ၊ ငါန်းဇွန်၊ နွားထိုးကြီး မြို့များအား အကြမ်းဖက် စစ်တပ် လက်အောက်မှ လွတ်မြောက်ရန် ထိုးစစ်ဆင် နေပြီ ဖြစ်သည်။

 

ရခိုင် နင့် ဧရာဝတီ တိုင်း နယ်စပ် မြို့ ဖြစ်သော ဂွ မြိုနယ် သို့ ရက္ခိတ တပ်တော်မှလည်း ထိုးဖောက်လာနေပြီ ဖြစ်၍ ဂွ-ငသိုင်းချောင်း လမ်းကိုသာ သုံး၍ လက်နက် လူအင်အား များ ထုတ်နှုတ် ဖြည့်တင်းနေရချိန်လည်း ဖြစ်သည်။

 

စစ်ကောင်စီ၏ ‌ဗန်းမော် အခြေစိုက် ခလရ ၄၃၇ ကို ချေမှုန်းနိုင်ခဲ့သဖြင့် ကချင် လွတ်လပ်ရေး တပ်တော်သည် ယူနန် နှင့် မနီးမဝေး ရှိ မိုးမောက် နယ်မြေ တခုလုံးကို ထိန်းချုပ် နိုင်လိုက်ပြီ ဖြစ်သည်။

 

၎င်းတို့၏ အားအထားရဆုံး အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တခုလုံး နိုင်ငံတကာ အလယ်တွင်အရှက်တကွဲ လက်လွှတ်ပေးလိုက်ရပြီးနောက် မိုင်းရယ် တွင် ဌာနချုပ် ပြန်ဖွင့်ရသည်အထိ ဖြစ်လာခဲ့သည်။

 

ထိုသို့ စစ်တပ်သမိုင်းတွင် မကြုံဖူးအောင် အရေးနိမ့်လာနေသော်လည်း စစ်ဦးစီးချုပ် ဖြစ်သူသည် ၎င်း ရာထူးတွင် ယခုတိုင် ပေကပ်နေဆဲ ဖြစ်သည်။

 

စစ်တပ် ထောက်ခံသူများက ရာထူးမှ ထွက်‌ပေးရန် လျှာထွက် မတတ် တောင်းဆိုနေသော်လည်း ၎င်းအဖို့ က ထိုသို့ စိတ်ကူး လုံးဝ မရှိကြောင်း ပြသ သည့် သဘောဖြင့် ၎င်း၏ စိတ်အချရဆုံး လူယုံများကို ဗိုလ်ချုပ်ကြီး ရာထူး အထိ တိုးမြှင့်ပေးကာ ခနော်နီ ခနော်နဲ့ ဖြစ်လာနေသော အနေအထားကို မြဲသည်ထက် မြဲအောင် ဝက်အူစုပ်လာခဲ့သည်။

 

ထိုသို့ တိုးမြှင့်ခံရသူ များမှာ ဒုဗိုလ်ချုပ်ကြီး အဆင့်ရှိ အောင်လင်းဒွေး၊ ညိုစော နှင့် ရဲဝင်းဦး တို့ ဖြစ်ပြီး ၎င်းတို့အားလုံးအား ဗိုလ်ချုပ်ကြီး အဆင့်သို့ တပြိုင်တည်း တိုးမြှင့် ပေးလိုက်ခြင်းပင် ဖြစ်သည်။

 

အောင်လင်း‌ ဒွေး မှ ဦးဆောင်၍ နန်းတွင်း အာဏာသိမ်းပွဲ ဖြစ်သည်ဟု ဆိုရှယ်မီဒီယာ ပေါ်တွင် သတင်းများ ပျံ့နှံ့လာပြီး နောက် ယခုလို တိုးမြှင့် ခံရခြင်း ဖြစ်သည်ဟု ဧရာဝတီက ဆိုသည်။

 

ဒုခေါင်းဆောင် စိုးဝင်းအားလည်း တာဝန်များ လျော့ချပစ်ပြီး ချောင်ထိုးလာသည်ဟု လည်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

 

ထိုသို့ သတင်းများအား ဖရဲသီး ခေါ် တပ် တွင်း သတင်းပေး များ အား ဖေါ်ထုတ်ရန် နှင့် ဖြန့်ချီသူ များ အပေါ် အယုံအကြည် မဲ့စေရန် တချက်ခုတ် နှစ်ချက် ပြတ် ကြံစည်ခဲ့ခြင်းဟု ယုံကြည်ရပေသည်။

 

အလားတူ ပင် ဝမ်ယီ ခရီးစဉ် ကို အကြောင်းပြုကာ တရုတ် မှ ဒေါ်လာ သုံး ဘီလီယံ ထုတ်ချေး သည်ဟူသော သတင်းများကို ၎င်းတို့ဖက်မှ မစားရ ဝခမန်း ထုတ်လွှင့်လာရသည့် အခြေအနေ ဆိုက်လာပြီး နောက် ‌ဒေါ်လာဈေးသည် အနည်းငယ် ပြန်လည် တည်ငြိမ်လာခဲ့သည်။

 

ထိုကဲ့သို့သော ကောလဟသ များ ထုတ်လွှင့်‌ ပေးချင်း သည် ငွေကုန်သည်များကို ဖမ်းဆီးသည်ထက်ပင် ထိရောက်မှု ရှိလာခဲ့သည်။

 

မင်းအောင်လှိုင်သည် ၎င်း အာဏာ တည်မြဲ‌ ရေး အတွက် လုပ်ချင်သည်များကို လုပ်နေခြင်းသာ ဖြစ်ပေသည်။

 

၎င်း အရေးနိမ့်လာနေမှု အား ဆန့်ကျင် ပြောဆိုနေကြသူများ ပါးစပ် ပိတ်သွားစေရန် နှင့် ၎င်းအား အပြစ်ပုံချ ဦးတည် တိုက်ခိုက်လာ‌ နေမှု ကို လမ်းလွှဲ ပေးနိုင်ရန် အရပ်ဖက် နှင့် စစ်ဘက် တွဲဖက် ပါဝင်သည့် လုံခြုံရေး ဗဟို ကြီးကြပ်မှု အဖွဲ့အား နယ်စပ်ရေးရာ လုံခြုံရေး ဝန်ကြီး အဆင့် ရှိသူအား ဥက္ကဌ အဖြစ် မြို့နယ် ရပ်ကွက် ကျေးရွာ အဆင့်အထိ ဦးဆောင် ဖွဲ့စည်း စေ ပြန်သည်။

 

၎င်းတို့အား စစ်မြေပြင်တွင် ကိုယ်ပိုင် ဆုံးဖြတ် လုပ်ပိုင်ခွင့် အာဏာများ လွှဲအပ်လိုက်သည်ဟုလည်း ဆိုသည်။

 

ထိုနည်းမျိုးဖြင့် ထောက်ခံ နေသူများ စိတ်တွင် အခြေအနေ တိုးတက်လာတော့မည်ဟု အားတက်သရော ဖြစ်လာစေရန် စိတ်ကူးပေါ်ရာ လုပ်လာခြင်း သက်သက် ဖြစ်ပြီး တကယ်တမ်းတွင် ဒုံရင်း ဒုံရင်းသာ ဖြစ်ပေလိမ့်မည်။

 

အစ္စရေး ပုံစံမျိုး အားကျကာ လူတိုင်း လက်နက်ကိုင် ရမည်ဟု စိတ်ကူးယဉ် နေပုံ ရသည်။ တကယ်တမ်း ဖြစ်လာခဲ့လျင်ပင် စစ်ဆင်ရေး များအား တယောက်တပေါက် လုပ်လာကြဖို့က ကြိမ်းသေနေပေသည်။

 

မင်းအောင်လှိုင်၏ လုပ်ရပ်များသည် ရေနစ်နေသူ တဦး အဖို့ လက်လှမ်းမီရာ ကောက်ရိုးမျဉ်များကို လှမ်း လှမ်း ဆွဲနေခြင်းမျိုးသာ ဖြစ်ပေသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!