အမေရိကန် နှင့် တော်လှန်ရေး မဟာမိတ် အဖွဲ့ ဆွေးနွေး

by Hla Soewai - Aug 29 2024

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီ မှ မင်းအောင်လှိုင် နှင့် ‌တွေ့ဆုံပြီး မကြာမီ ဩဂုတ် ၁၆ ရက်နေ့တွင် အမေရိကန် အထက်တန်း အရာရှိကြီး များ နှင့် အမျိုးသား ညီညွတ်ရေး အစိုးရ၊ အမျိူးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ၊ ကရင် အမျိုးသား သမဂ္ဂ၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ၊ ချင်း အမျိုးသား တိုးတက်ရေး တပ်ဦး တို့မှ ထိတ်တန်း တာဝန်ရှိသူ များ နှင့် အွန်လိုင်း မှ တွေ့ဆုံ ဆွေးနွေးခဲ့သည်။

 

အဆိုပါ တွေ့ဆုံမှု အား အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာန မှ တရားဝင် သတင်း ထုတ်ပြန်လာခဲ့သည်။

 

အမေရိကန် ဖက်မှ နိင်ငံခြားရေး ဝန်ကြီး ဌာန အတိုင်ပင်ခံ တွန် ဆူလီဗန်၊ အမေရိကန် နိုင်ငံတကာ အကူအညီပေးရေး ဌာန လက်ထောက် အုပ်ချုပ်ရေး မှုး မိုက်ကယ် ရှစ်ဖာ တို့ မှ ဦးဆောင်‌ လာသည်။

 

အစည်းအဝေး တွင် စစ်ကောင်စီ အား လမ်းကြောင်း ပြောင်းလာရေး အတွက် ဖိအားများ ဆက်၍ ပေးသွားဖို့ လိုအပ်သည်ကို နှစ်ဖက်စလုံး မှ သဘောတူညီကြသည်ဟု ကြေညာချက်က ဆိုသည်။

 

တော်လှန်ရေး အဖွဲ့များ သွေးစည်းညီညွတ်စွာ ရပ်တည်သွားနိုင်ရေး၊ အရေးပါ‌‌ သော လူထု ဝန်ဆောင်မှု လုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်သွား နိုင်ရေး၊ လိုအပ်နေသူ များ အတွက် အကူအညီများ ပေးသွား နိုင်ရေး တို့ အတွက် အမေရိကန် မှ တိုက်ရိုက် အကူအညီများ ပေးသွားမည် ဖြစ်သည်ဟု အမေရိကန် အရာရှိများက ထုတ်ဖေါ် ပြောဆိုခဲ့ကြသည်။

 

နှစ်ဖက်စလုံးက ကုလ အထူးသံတမန်၊ အာဆီယံ အပါအဝင် နိုင်ငံတကာ နှင့် ပဋိပက္ခ အဆုံးသတ်ရေး အတွက် လက်တွဲ လုပ်ဆောင်သွားမည်ဟု ကတိပြုခဲ့ကြပြီး

 

တရုတ်မှ မြန်မာပြည် ရွေးကောက်ပွဲ အတွက် နည်းပညာ ပိုင်း အကူအညီ ပေးမည်ဟု ဩဂုတ် ၁၅ ရက်နေ့ ထုတ် စစ်ကောင်စီ သတင်းစာများ တွင် ပါရှိလာခဲ့သည်။

 

တရုတ်သည် မင်းအောင်လှိုင်မှ မစားရ ဝခမန်း ပြောလာသော ရွေးကောက်ပွဲ ကို ထွက်ပေါက်တခု အဖြစ်သာ ထောက်ခံ နေရသော်လည်း စစ်ကောင်စီသည် နိုင်ငံ ဧရိယာ တဝက် နီးပါး ကို ထိန်းချုပ်ထားနိုင်ခြင်း၊ မြင်းခြံ၊ နွားထိုးကြီး ကဲ့သို့ နိုင်ငံ အလယ်ပိုင်း မြို့ရွာ အများအပြားတွင် အုပ်ချုပ်‌ ရေး ပျက်ပြားလာခြင်း၊ ဝင်ရောက်ယှဉ်ပြိုင်မည့် လူများအားလည်း လူထုက စစ်ကောင်စီ ၏ လက်ပါးစေ အဆင့်သာသာ သဘောထား‌ နေခြင်း တို့ကိုလည်း မြေပြင် ထောက်လှန်းရေး သတင်းများအရ သိနှင့်ပြီး လည်း ဖြစ်သည်။

 

ဝမ်ယီမှ မြန်မာပြည် အခြေအနေသည် "စိုးရိမ်စရာ ကောင်း လာနေ၍" အိမ်နီးခြင်း နိုင်ငံ များ အနေဖြင့် လက်ရှိ ပဋိပက္ခကို ကာကွယ်နိုင်ရန် နိုင်ငံ၏ စီးပွားရေး နှင့် လူမှုရေး အဆင့်အတန်းများ ကောင်းမွန်လာအောင် ကူညီ ဖန်တီးပေးရန် ပူးပေါင်း ဆောင်ရွက်ကြပါရန် ချင်းမိုင် ရှိ ဗီယက်နမ်၊ လာအို၊ ထိုင်း နှင့် မြန်မာ တို့ ပါဝင်သည့် မဲ‌ ခေါင်-လန်ကန် အဖွဲ့ နိုင်ငံခြား‌ ရေး ဝန်ကြီများ အစည်းအ‌ ဝေး တွင် ထုတ်‌ ဖေါ် ပြောဆို သွားခဲ့သည်။

 

တဆက်တည်း ဆိုသလိုပင် မြန်မာအရေး နှင့် ပတ်သက်၍ ၎င်းတို့ ခံယူထားသည့် သဘောထား သုံးရပ် ကို ဝမ်ယီက ချပြလာသည်၊ ပထမ အချက် အဖြစ် ပြည်တွင်းစစ် ဆက်ဖြစ်နေခြင်း ကို ခွင့်မပြု၊ ဒုတိယ အာဆီယံ မှ ကင်းကွာနေခြင်းမျိုး၊ တတိယ ပြည်ပ အင်အားစု များ မှ စိမ့်ဝင် စွက်ဖက်ခြင်းမျိုး မရှိစေရ ဟူ၍ ဖြစ်သည်။

 

၎င်း၏ စကား အသွားအလာကို ကြည့်မည် ဆိုက တရုတ်သည် မြန်မာ အရေး တွင် ကိုယ်ထိ လက်ရောက် ပါဝင်လာဖို့ မရှိသည့်အပြင် ပြည်တွင်း သစ္စာဖေါက်များ၏ ရုရှား အား အကူအညီ တောင်းလာမှု ကို ပယ်ချလိုက်ခြင်း ဖြစ်သည်ဟု ယူဆရသည်။

 

တရုတ် မှ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ထောက်ခံကြောင်း ပြောဆိုနေချိန်တွင် အမေရိကန် ဖက်မှ တော်လှန်ရေး အဖွဲ့များအား ဆက်လက် ကူညီသွားမည်ဟု ကတိပေးလာခြင်းလည်း ဖြစ်သည်။

 

‌၎င်းတို့အားလုံး ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံ ထူထောင်ရေး အတွက် ပူးပေါင်း ကြိုးပမ်းနေမှု များကိုလည်း အမေရိကန် အရာရှိများက ချီးကြူးသွားခဲ့သည်။

 

မြန်မာ ပြည်သူများ ၏ ဆန္ဒ နှင့် အညီ အရပ်သား အစိုးရ ပီပီပြင်ပြင် ရုပ်လုံး ပေါ်လာရေး အတွက် တိုက်ရိုက် ပံ့ပိုးကူညီနေမှု များကို တိုးချဲ့ လုပ်ဆောင်သွားမည်ဟု အမေရိကန် အရာရှိများက ထပ်လောင်း ပြောကြားသွားသည်။

 

အမေရိကန် သည် တရုတ် နှင့် ကင်းရှင်းသည် ဟု ယူဆသော တိုင်းရင်းသား အဖွဲ့ များ နှင့် ဆက်ဆံလာနေခြင်းဖြစ်သည်၊ မြန်မာ အရေး တွင် အမေရိကန် နှင့် တရုတ်သည် တယောက်‌ခြေလှမ်း တယောက် စောင့်ကြည့်နေကြပြီး တရုတ် မှ ၎င်းတို့ ခွင့်ပြု နိုင်သည့် အနေအထား ထက် ကျော်လွန်လာနေခြင်းကို ဆက်၍ လက်ပိုက် ကြည့်နေ၍ မဖြစ်တော့ဟု ယူဆလာပြီ ဖြစ်သည်။

 

လက်ရှိ တွင် နိုင်ငံတွင်း လူဦးရေ၏ သုံးပုံတပုံ ခန့် ရှိသော ၁၈.၆ သန်းသော ပြည်သူများသည် ၎င်းတို့၏ ကျန်းမာရေး သာ မက အ‌ခြေခံ လိုအပ်ချက်များ အတွက် လျှာထွက် မတတ် ရုန်းကန် ရင်ဆိုင်နေကြရပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!