ဝမ်ယီ မြန်မာပြည် လာမည်

by Hla Soewai - Aug 18 2024

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီသည် မြန်မာ နှင့် ထိုင်း သို့ ဩဂုတ် ၁၄ မှ ၁၈ ရက် အတွင်း သွားရောက်မည် ဖြစ်သည်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ လင်ဂျင်း မှ ထုတ်ဖေါ် ပြောဆို လိုက်သည်။

 

 နှစ်နိုင်ငံ အကြား နယ်ပယ် အသီးသီး တွင် တိုးမြှင့် ပူးပေါင်း ဆောင်ရွက် သွားနိုင်ရန် နှင့် ပြည်သူ အချင်းချင်း ပိုမို နီးကပ်မှု ရှိလာရေး မြေတောင် မြှောက် ပေးသွားရန် ရည်ရွယ်သည်ဟု ဆိုသည်။

 

တရုတ်သည် ၎င်းတို့ နိုင်ငံ တွင်း လူထု ကို ဝါဒ ဖြန့်နေခြင်း မျိုးသာ ဖြစ်ပြီး မြန်မာ ပြည်သူများ အတွက် မူ ပျက်လုံးကြီးသဖွယ် ဖြစ်နေသည်။

 

နှစ် နိုင်ငံ ပြည်သူ များ အကြား ပိုမို နီးကပ်စွာ ဆက်ဆံသွားရေး ဆိုသည်က တရုတ် ဘာသာ နှင့် ယဉ်ကျေးမှု ဌာနများ တိုးချဲ့ဖွင့်လှစ်သွား နိုင်ရန် ဆိုလိုခြင်း ဖြစ်မည်ဟု ယူဆရသည်။

 

မင်းအောင်လှိုင်သည် တရုတ်ကို မျက်နှာလို မျက်နာရ လုပ်သည့် အနေဖြင့် တရုတ် နှစ်သစ်ကူး ရက် အား တရားဝင် ရုံးပိတ်ရက် ဟု သတ်မှတ် ကြေညာခဲ့ပြီး ဖြစ်သည်။

 

သို့သော် မကြာမီက လားရှိုးအား လက်လွှတ်ခဲ့ရခြင်း အပေါ် မင်းအောင်လှိုင်မှ တရုတ်အား အပြစ်ပုံချခဲ့ပြီး နိုင်ငံတွင်း တရုတ် ဆန့်ကျင်ရေး သဘောထားများ ဖြစ်ပေါ်လာအောင် လှုံ့ဆော်လာခဲ့သည်။

 

ဝမ်ယီ သည် မင်းအောင်လှိုင် နှင့် တွေဆုံဖို့ ရှိနေသည်။ ထို့နောက် ထိုင်း နိုင်ငံ တွင် ပြုလုပ်မည့် လန်ကန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေး ဝန်ကြီးများ အစည်း အဝေး တက်ရောက်မည် ဟု သိရသည်။

 

တရုတ်သည် ၁၉၇၅-၇၉ အတွင်း ကမ္ဘောဒီယား အား ကမ်ပူချား ဟု အမည်ပြောင်းကာ လူပေါင်း ၁ ၅ သန်း မှ ၂ သန်း အထိ အသက်ဆုံးရှုံးအောင် ရက်စက်စွာ အုပ်ချုပ်ခဲ့သည့် ခမာနီ အစိုးရ ကိုပင် ထောက်ခံ အားပေး နေသည့် နိုင်ငံမျိုး ဖြစ်၍ မြန်မာ ပြည်ရှိ စစ်အာဏာရှင်များ နှင့် ပလူးပလဲ လုပ်နေခြင်း မှာလည်း ဆန်းလှသည်တော့ မဟုတ်ပေ။

 

ယခု အခါ ၎င်းတို့ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ ပူးပေါင်း ဆောင်ရွက်ရေး ဆိုကာ ပံ့ပိုးပေးခဲ့သည့် ခယူဆမ်ပမ်း၊ ပိုပေါ့ အပါအဝင် ခမာနီ ခေါင်းဆောင်များသည် စစ်ရာဇဝတ်မှု များ နှင့် ကုလသမဂ္ဂ၏ နိုင်ငံ တကာ ခုံရုံးဖြင့် အပြစ်ဒဏ် အသီးသီး ကျခံ ခဲ့ကြရပြီး ဖြစ်သည်။

 

ဝမ်ယီ အတွက် မျက်နှာပျက်စရာ ဖြစ်ဖို့ အကြောင်းးဖန်ခဲ့ရသည်က အင်္ဂါနေ့က ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂ အစီရင်ခံစာတွင် မြန်မာ စစ်အာဏာသိမ်း အဖွဲ့သည် ဥပ ဒေ မဲ့ ကွပ်မျက်ခြင်း များ အပါအဝင် နိုင်ငံသားများ အပေါ် မယုံကြည် နိုင်‌ လောက် အောင် ရက်စက်စွာ ။အကြမ်းဖက်မှု များ တိုး၍ ကျုးလွန်လျက် ရှိနေသည်ဟု ပါရှိလာခြင်းပင် ဖြစ်သည်။

 

အဆိုပါ အစီရင်ခံစာ အား ကုလ မှ ခန့်အပ်ထားသည့် တသီးပုဂ္ဂလိက စုံစမ်းရေး ကော်မရှင် မှ ၂၀၂၃ ဇူလိုင် ၁ ရက် မှ ၂၀၂၄ ဇွန် ၃၀ ရက် အတွင်း ကောက်ယူရရှိခဲ့သော သက်သေ အထောက်အထားဖြင့် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

 

ဝမ်ယီသည် သွေးဆာ နေသော အာဏာရှင် တဦး နှင့် လက်ဆွဲ နှုတ်ဆက်နေပုံ ကို ကမ္ဘာတဝှမ်းက မြင်တွေ့ခွင့် ရတော့မည် ဖြစ် ပေ‌ တော့ သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!