တရုတ် မှ "စစ်အစိုးရ" ဟု စတင် သုံးနှုံး

by Hla Soewai - Aug 18 2024

မအောင်မြင်ခဲ့တဲ့ တရုတ်သံ တိန်ရင်ချွန်း ခရီးစဉ် အပြီး တွင် တရုတ် အစိုးရမှ စစ်ကောင်စီ အား စစ်အစိုးရ ဟု ပထမ ဆုံး အကြိမ် တရားဝင် သုံးနှုန်း ခေါ်ဝေါ်လိုက်ပြီ ဖြစ်သည်။

 

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အပတ်စဉ် ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် AFP သတင်းထောက်မှ "မြန်မာ နိုင်ငံ စစ်အစိုးရ၏အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အပေါ် ကျရှုံးမှု အပေါ်" မေးခွန်းထုတ်ခဲ့သည်ဟု တရုတ်သံရုံး ၏ သတင်း ထုတ်ပြန်မှု တွင် ပါရှိလာခဲ့ခြင်း ဖြစ်သည်။

 

စကားမှားသွားခြင်း ဟုတ်မဟုတ် ကိုတော့ ဆက်ပြီး ‌စောင့်ကြည့်ရမှာ ဖြစ်သည်။ စကားမှားခြင်း မဟုတ်က စစ်ကောင်စီ အဖို့ အန္တရာယ်သည် လွန်စွာ နီးကပ်လာနေပြီ ဖြစ်သည်။

 

လက်ရှိတော်လှန်ရေး၏ အောင်မြင်မှုအခြေအနေများကို အမျိုးသား ညီညွတ်ရေး အစိုးရ ကာကွယ်‌ ရေး ဝန်ကြီး ဦးရည်မွန်မှ အုပ်စု ၄ ခုခွဲ၍ တိုင်းတာ တင်ပြသွားခဲ့သည်။

 

ပထမအုပ်စုတွင် တော် လှန်ရေးတပ်များက အပြီးသတ် သိမ်းပိုက် နိုင်ခဲ့ပြီး ဖြစ်သည့် မြို့ပေါင်း ၇၅ မြို့၊ ဒုတိယအုပ်စုအနေဖြင့် တော်လှန်ရေးတပ်များက ၀ိုင်းဝန်းပိတ်ဆို့ထားနိုင်သည့် မြို့ပေါင်း ၁၀၅ မြို့၊ တတိယအုပ်စုတွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် မြို့ပေါင်း ၇၄ မြို့၊ စတုတ္ထ အနေဖြင့် စစ်ကောင်စီက အလုံးစုံ ထိန်းချုပ်ထားသော မြို့ပေါင်း ၉၈ မြို့ရှိကြောင်း၊ ထို့ကြောင့် တော်လှန် ရေး၏ အောင်ပွဲ မုခ်ဦးကို မြင်နေရပြီဟုဆို နိုင်ကြောင်း ဦးရည်မွန်က လူထု ကို ချပြ ပြောဆိုသွားခဲ့သည်။ 

မရှေး မနှောင်းမှာပင် အမျိုးသားရေး အစွန်းရောက် သံဃာ ဝီရသူ က နေပြည်တော်ရှိ လှိုဏ် ခေါင်း ထဲ မှ နေ၍ ဘာမဆို လုပ်ရဲတယ်ဟု ကြွေးကျော်နေသော စစ်ခေါင်းဆောင် မင်း အောင်လှိုင် နှင့် ပတ်သက်၍ ယခုလို ပြောဆိုသွားပြန်သည်။

 

၎င်းက စစ်တိုင်းမှုး များ အနေဖြင့် ရှေ့လျောက် မိမိတို့ ငယ်သားများ အသက်အသေခံ၊ ဘဝ အပျက်ခံ ပြီး ခုခံ ကာကွယ် မနေကြပဲ ဗိုလ်ချုပ် မှုးကြီး မင်းအောင်လှိုင် ကောင်းမှု အလံထောင်၍ မြို့ရွာ များကို ရေစက်ချ လှုဒန်းကြဖို့ အကြံပေးသွားပြန်သည်။

 

မင်းအောင်လှိုင်သည် ၎င်းအား ထောက်ခံ နေကြသူ များ အတွက် စစ်အနိုင်တိုက်ရေး ဆိုသည့် ကြီးလေးသော တာဝန်ကြီးကို အရေးတကြီး ထမ်းရွက် ရမည့် အစား လက်ရှိ ကာကွယ်ရေး ဦးစီးချုပ်၊ ဝန်ကြီးချုပ်၊ နိုင်ငံတော် အုပ်ချုပ်ရေး ကောင်စီ ဥက္ကဌ ရာထူး များ အပြင် ယာယီ သမ္မတ ရာထူး ကိုယ်ပါ ၎င်းကိုယ်၎င်း ခန့်အပ်လိုက်ပြန်သည်။

 

မြို့ရွာများ၊ စစ်စခန်းများ၊ တိုင်းစစ်ဌာနချုပ် များ တခုပြီး တခု လက်လွှတ် ဆုံးရှုံးနေရချိန်တွင် ၎င်း၏ ယာယီ သမ္မတ ဆိုသည်ကို ထာဝရ တည်မြဲစေရန် ရွေး‌ကောက်ပွဲ ဆိုသည့် မည်သို့မျှ ဖြစ်လာနိုင်ဖွယ် မရှိသော၊ ဖြစ်လာလျင်လည်း မည်သိုမျှ အဓိပ္ပါယ် မရှိမည့် လုပ်ဇာတ်ကြီး ကပြ အသုံးတော် ခံနိုင်ရေး ကိုသာ အာရုံစိုက်နေသူ ဖြစ်သည်။

 

လက်ရှိ ပဋိပက္ခ ကို ငြိမ်းချမ်းစွာ အဖြေရှာ နိုင်ဖို့ ဆိုသည်က ၎င်း၏ အသက်၊ စည်းစိမ်ဥစ္စာ များ နှင့် လောင်းကြေး ထပ်ရမည့် အရေး ဖြစ်၍ မင်းအောင်လှိုင် အာဏာ တည်မြဲနေသရွေ့ မည်သို့ မျှ ဖြစ်လာနိုင် လိမ့် မည် လည်း မဟုတ်ပေ။

 

ရွေးကောက်ပွဲ လုပ်ဖြစ်မည် ဆိုလျင်ပင် နောက်တဆင့်တက်ကာ ၎င်းကိုယ်၎င်း ရာသက်ပန် သမ္နတ အဖြစ် အတည်ပြုပေးမည့် ဖွဲ့စည်းပုံ မျိုး ပြင်ဆင် ရေးဆွဲကာ အရပ်သားများ အား ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု ပိုင်းတို့ကိုသာ စီမံ အုပ်ချုပ်ခွင့် မျိုး သာ ပေးမည် ဖြစ်သည်၊ ၎င်းတို့ အရေး နိမ့်ထားသော တိုင်းရင်းသား နယ်မြေ များအားလည်း အလားတူ ပုံစံမျိုး ဖြင့် အုပ်ချုပ်ခွင့် မျိုး ပေးလာနိုင်ပေသည်။

 

ယခုထက်ထိ လည်း မြို့ရွာများရှိ အပြစ်မဲ့ ပြည်သူများကို ရှူံးမဲ မဲကာ လက်စား‌ချေ ဗုံးကြဲ တိုက်ခိုက်နေဆဲပင် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!