အာ‌ဏာရှင် စနစ် ပြိုလဲရေးဆီ ဦးတည်နေသည့် စစ်မျက် နှာ သုံးခု

by Hla Soewai - Aug 18 2024

စစ်တပ်၏ အားအထားရဆုံး နှင့် အတိတ်က အောင်ပွဲ အလီလီ ဆောင်ကျဉ်း ပေးခဲ့သည့် အရှေ့မြောက် တိုင်း စစ်ဌာနချုပ်ကြီး အရှက်တကွဲ လက်လွှတ်ပေးလိုက်ရမှူ နှင့် အတူ အဆင့်မြင့် အရာရှိ ကြီးများ ဖမ်းဆီး ခံခဲ့ရမှု များကြောင့် ပြည်သူ တော်လှန်ရေး ၏ လားရာသည် အရေးပါသော ဖြစ်စဉ် အဆင့်ကို ကျော်လွန်၍ လုံးဝ ပြောင်းလဲ သွားစေ ခဲ့ပြီ ဖြစ်သည်။

 

ယင်းနှင့် အတူ ၎င်းတို့၏ ဂုဏ် အယူ ဆုံး စစ်တက္ကသိုလ် ကြီး ရှိရာ ‌ပြင်ဦးလွင်မှ တပ်မိသားစု များ ကားကြီးကားငယ် အသွယ်သွယ်ဖြင့် မန္တလေးသို့ ထွက်ပြေးနေကြသည့် ပုံရိပ်များသည် အဆိုပါ အချက်ကို ပိုမို ခိုင်မာစေခဲ့သည်။

 

ယခုအခါ စစ်အာဏာသိမ်း အဖွဲ့၏ ကံကြမ္မာသည် ပြန်လည် အဖတ်ဆယ်၍ မရလောက် တရှိန်ထိုး နိမ့်ကျလာနေပြီလော၊ သို့မဟုတ် တရုတ် မှ ကြားဝင် စေ့ဆပ် ပေးခြင်းဖြင့် ၎င်းတို့ကို ကျားကန် ပေးလာမည်လော၊ သို့မဟုတ်ကလည်း စစ်တပ်သည် ၎င်းတို့၏ အလွန်အမင်း စိုးရိမ် ဖွယ်ရာ ကောင်းလာသည့် အခြေအနေကို ပြန်၍ အဖတ်ဆယ် ထိန်းချုပ် နိုင်ဦး မည်လော ဟု အန်သနီ ဒေးဗီစ် က အေရှား တိုင်း စာစောင်တွင် မေးခွန်းထုတ်လာခဲ့သည်။

 

သို့သော် လက်ရှိ ဖြစ်ပေါ်နေသော အဖြစ်အပျက်များသည် မည်သည့် ပြည်တွင်း ပြည်ပ အင်အားစု မှ ဝင်ရောက် ထိန်းချုပ်၍ မရနိုင်လောက်သည် အထိ အရှိန်သပ်၍ မရအောင် လျှင်မြန်စွာ ရွေ့လျားနေပြီ ဖြစ်သည်။ ယင်းနှင့် အတူ ဘူမိ နိုင်ငံရေး အခြေအနေများ အပေါ် သက်ရောက်မှု ရှိလာတော့မည် ဖြစ်သည်။

 

နိုင်ငံ အလယ်ပိုင်းသို့ အမျိုးသား ညီညွတ်ရေး အစိုးရ၏ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ များ၏ စစ်ရေး စွမ်းဆောင်ရည် အပြည့် နှင့် ထိုးဖောက် ဝင်ရောက် လာနိုင်မှု သည် ပထမဆုံး နှင့် အကြီးမား ဆုံးသော အလှည့် အပြောင်းကြီး ဖြစ်လာခဲ့သည်။

 

၂၀၂၄ ဇွန် ၂၅ တွင် စတင်ခဲ့သော ဒုတိယလှိုင်း စစ်ဆင်ရေး သည် ဖွဲ့စည်း ပုံ အပိုင်းအရရော၊ လက်နက် ရိက္ခာ ထောက်ပို့ နိုင်မှု အပိုင်းအရပါ စစ်မျက်နှာ သုံးခု ဖွင့် တိုက်လာခဲ့သည်။

 

ပထမ စစ်မျက် နှာ အား "အဝေးပြေး လမ်းမ" စစ်မျက် နှာဟု အမည်ပေးလျှင် အကောင်းဆုံး ဖြစ်မည် ထင်သည်။ ထိုစစ်မျက် နှာဖြင့် လားရှိူး နှင့် မန္တလေး အဝေးပြေး လမ်းမကြီး တလျောက်ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါ မြို့များကို ထိန်းချုပ်ဖို့ လိုအပ်လာသည်။

 

ထိုဝာာဝန်သည် အင်အား ၁၁,၀၀၀ ခန့်ရှိ TNLA အပေါ် ကျရောက်လာသည်။

 

စစ်‌ ကောင်စီ တပ်အင်အား ၆,၀၀၀ ခန့် နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရှိရာ လားရှိုး ကို ဒုတိယ စစ်မျက် နှာ ဖွင့်ပြီး MNDAA က သိမ်းယူရန် တာဝန်ယူလာခဲ့ပြီး ဩဂုတ် ၃ ရက်နေ့တွင် အပြီးအပြတ် အကောင်အထည် ဖေါ်နိုင်ခဲ့သည်။

 

ဇွန် နှင့် ဇူလိုင်လ အတွင်း ညီနောင်သုံးဖေါ် မဟာမိတ် အဖွဲ့သည် စစ်ကောင်စီ၏ လေကြောင်းမှ အပြင်းအထန် ဒလစပ် တိုက်ခိုက်မှု များ ကြား၊ မြို့များကို ကာကွယ်ရန် ခံစစ်စည်းကို အကျအန ပြင်ဆင် ခုခံမှု များကြားမှ တပ်ရင်း တပ်စခန်းများကို အလူးအလဲ ထိုးဖောက်ခဲ့ရသည်။

 

ဩဂုတ်လ အစပိုင်းတွင်တော့ ညီနောင်သုံးဖေါ် ထဲမှ အဖွဲ့ နှစ်ဖွဲ့လုံး အဓိက ရည်မှန်းချက်များ ကို အကောင်အထည် ဖေါ်လာနိုင်ခဲ့သည်။ နှစ်ဖက် စလုံး မှ အကျအဆုံးကို အရိပ်အမြွက်မျှ ပင် ထုတ်ဖေါ်ပြောဆိုခြင်း မရှိသော်လည်း တိုက်ပွဲ၏ ပြင်းထန်မှု နှင့် ရည်မှန်းချက် အတိုင်းအတာ ကို ကြည့်၍ ခန့်မှန်းရမည် ဆိုက နှစ်ဖက်စလုံး ၅,၀၀၀ နီးပါး အကျ အဆုံး ရှိနိုင်သည်။

 

တတိယ စစ်မျက်နှာကား ဧရာဝတီ ချိုင့်ဝှမ်းတလျောက် မိုးကုတ် တောင်ပိုင်းမှသည် မန္တလေး မြို့စွန် အထိ ဖွင့် တိုက်ရန်ပင် ဖြစ်သည်။ ယင်းအား အမျိုးသား ညီညွတ်ရေး အစိုးရ တပ်များက ဦးဆောင်လာခဲ့သည်။

 

တတိယ စစ်မျက် နှာဖြင့် အင်အား ၃,၀၀၀ ခန့်ရှိမန္တလေး ပြည်သူ့ကာကွယ်ရေး တပ်များသည် ဖွဲ့စည်းပုံ အရရော၊ လက်နက် အင်အားအရ သိသာထင်ရှားစွာ ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့သည် ရှမ်းပြည်နယ် နှင့် မန္တလေး တိုင်း နယ်စပ်တလျောက် နှင့် ပြင်ဦးလွင် မြောက်ပိုင်း အထိ တပ်များ ဖြန့်ကျက်ချထားသည်။

 

MDY-PDF သည် အမျိုးသား ညီညွတ်ရေး အစိုးရ လက်အောက် ဝင်ရောက်လာပြီး ရံပုံငွေများ ရရှိလာသည်၊ စစ်သင်တန်း နှင့် လက်နက် များကို TNLA က လေ့ကျင့် သင်ကြား ပေးခဲ့၍ TNLA ၏ ဦးစီး ကွပ်ကဲမှု အောက်တွင် လှုပ်ရှား လာခဲ့၍ ၂၀၂၂ နောက်ပိုင်း တွင် အင်အား ကြီးထွားလာခဲ့သည်။

 

ရှမ်းပြည်နယ် တွင် စစ်ကောင်စီ တပ်များ၏ အပြင်းအထန် ခုခံ မှု နှင့် ရင်ဆိုင်နေရ၍ TNLA သည် မိုးကုတ်ကို ဇူလိုင် ၂၄ ရက် နေ့ကြာမှ သိမ်းယူ နိုင်ခဲ့သည်။ သို့သော် မြို့ တောင်ဖက်ရှိ မန္တလေး- ရွှေဘို လမ်း ပေါ် ရှိ စဉ့်ကူမြို့ သည် ဇူလိုင် ၂၀ ရက်နေ့ PDF တပ်များ လက်သို့ ကျရောက်သွားခဲ့သည်။ ထို့နောက်တွင်တော့ မန္တလေး မြို့စွန် မှ ကီလိုမီတာ ၂၀ အကွာရှိ တပ်ရင်းများ ရှိရာ ရွာများကို ဆက်လက်တိုက်ခိုက်လာခဲ့သည်။

 

နိုင်ငံ အလယ်ပိုင်း တွင် တိုက်ပွဲ များ ပြင်းထန်စွာ ဖြစ်ပွားလာခြင်းသည် ကြီးမားသော အလှည့် အပြောင်းကြီး ပင် ဖြစ်သည်။ ယင်းသည် မြောက်ပိုင်းရှိ ကေအိုင်အေ ဩဇာ သက်ရောက်ရာ မြစ်ကမ်းစပ် မြို့များ ရှိရာ ထီးချိုင့်၊ ကသာ နှင့် ဆက်သွယ်ရေး၊ထောက်ပို့ လမ်းကြောင်းများ ပွင့်သွားပြီး အနောက်ဖက်ရှိ ရွှေဘို နှင့် မန္တလေး အဝေးပြေး လမ်းကို ခြိမ်းခြောက် လာ နိုင်ခဲ့သည်။

 

ယခု လာမည့် ရက်သတ္တပတ် များ အတွင်း TNLA တပ်များသည် ၎င်းတို့ လောလောလတ်လတ် သိမ်းယူထားသည့် နောင်ချို မှ တဆင့် ပြင်ဦးလွင် သို့ ချီတက်လာကြပေတော့မည်။ ဤသို့ဖြင့် မန္တလေးသည် မြောက်ဖက် နှင့် အရှေ့ဖက်မှ ညှပ်ပိတ် ခံလာရတော့မည် ဖြစ်သည်။

 

ဖွဲ့စည်းပုံ အပြည့်၊ တိုက်ခိုက်ရေး စွမ်းရည် ထက်မြက်‌သော PDF မဟာဗျုဟာ အရ ထိုးနှက်လာနိုင်ပြီ ဖြစ်၍ တရုတ် ၏ ဩဇာ လွမ်းမိုးလာမည့် အနေအထားကို အရေခွံခွာပစ် နိုင်တော့မည် ဖြစ်သည်။

 

ညီနောင်သုံးဖေါ် စလုံးသည် ၎င်းတို့၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့်အရ နယ်မြေ များကို အဓိက ရည်မှန်းချက် များ သာ မကတော့ပဲ အာဏာရှင် စနစ် ကို အဆုံးသတ်ရေး အတွက် ဗမာတို့၏ ခုခံ တွန်းလှန်နေမှု အဆင့်ဆင့် ကို ကူညီ သွားမည်ဖြစ်သည်။

 

တရုတ် အနေဖြင့် မင်းအောင်လှိုင် သည် အာဏာရှင် လုပ်ချင်သော်လည်း စိတ်မငြိမ် သုံးစားမရ ဖြစ်နေမှု အပေါ် စိတ်ပျက်လာမှု သည် ဖုံးမရ ဖိမရ သည် အထိ ဖြစ်လာသည်။ ၎င်းတို့၏ ရေရှည် စီးပွားရေး နှင့် ဘူမိ မဟာဗျူဟာပိုင်းကို မင်းအောင်လှိုင်သည်ထိထိရောက်ရောက် ဖျက်စီး ပစ်ခဲ့ပြီ ဖြစ်သည်။

 

သို့သော်လည်း ဘီဂျင်းသည် စစ်ကောင်စီ ပြိုလဲအောင် လုပ်ဖို့အထိ စိတ်ဝင်စားချင်း မရှိသေးပေ။ NUG အားလည်း ၎င်းတို့ နောက်ဖေးခြံတွင် အနောက်အုပ်စုမှ ဝင်ရောက်စွက်ဖက် နိုင်ရန် အယောင်ပြ ထားခြင်း ဟု သဘောထားသည်။

 

ဘီဂျင်းသည် ၎င်းတို့အား နယ်ခြားတလျောက် ဒုက္ခ ပေးလာနိုင်သည့် ညီနောင်သုံးဖေါ်၊ ထိန်းချုပ်လို့ မရသည့် အပြင် ခပ်ကြမ်းကြမ်း လှုပ်ရှားလာမည့် PDF များ၊ ၎င်းတို့၏ စီးပွား ရေး နှင့် နိုင်ငံ‌ ရေး ရင်းနှီး မြုပ်နှံမှု အား အချိန်မရွေး ဒုက္ခ ပေးလာနိုင်သည့် နေပြည်တော်ရှိ စစ်ဗိုလ်ချုပ်များ အကြား ဗျာများ နေပြီ ဖြစ်သည်။

 

လားရှိုး ကျသွားသော်လည်း ၁၉၇၈ တွင် ကမ္ဘောဒီယားအား ဗီယက်နမ် တပ်များ ဝင်ရောက် ပြီး ခမာနီ အစိုးရ အား ဖြုတ်ချခဲ့မှု ကြောင့် တရုတ် စစ်အကြံ ပေးများ ခွေးပြေး ဝက်ပြေး ထွက်ပြေးရသည့် အထိ နိုင်ငံခြား‌ ရေး မူဝါဒ ပိုင်း ဆိုးဆိုးဝါးဝါး မဖြစ်သေး၍ စိတ်သက်သာရာ ရသွားခဲ့သည်။

 

သို့သော်လည်း တရုတ်သည် အနောက်တိုင်းမှ ဝေဖန်သူများ ပုံဖေါ် ပြော‌ နေသလို မြန်မာတွင် ဂရင်း မာစတာ ကြီးလို စစ်တုရင် ခုံ ပေါ်တွင် နယ်ရုပ်များ၊ မြင်းရုပ် များကို ကျွမ်းကျင် ပိုင်နိုင်စွာ နေရာချ ထား နိုင်သလို ဖြစ်မလာသည့် အကျပ်အတည်း နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။

 

ဂရင်း မာစတာ ကြီး တွင် စစ်တုရင် ခုံ ပေါ် ချမပြပဲ ဘေးဖယ်ထားသည့် ယုံကြည် စိတ်ချရသော မြင်းရုပ် တရုပ် ရှိနေသည်။ ထို မြင်းရုပ်သည်ကား ကမ္ဘာပေါ်တွင် အကြီးဆုံး ဘိန်းကုန်ကူးသည့် အဖွဲ့ဖြစ်သော ဝ တပ်တော် ပင် ဖြစ်သည်။

 

အာဏာ သိမ်းပြီးနောက် ဘေးထွက် နေသည့် ဝ တပ်များ ရုတ်ခြည်းလို ပါဝင်စွက်ဖက်လာခြင်းသည် အခြေအနေ များကို ပြောင်းလဲသွားအောင် ဖန်တီးပေးလာနိုင်သည့် တတိယမြောက် အကြောင်းရင်း ဖြစ်လာခဲ့သည်။

 

ဝ တပ်များသည် အခြေအနေကို အခွင့်ကောင်း ယူနိုင်၍ ရှမ်းပြည် မြောက်ပိုင်း မြို့တော် လားရှိုး တွင် အခိုင်အခန့် နေရာဝင်ယူ လာနိုင်ပြီ ဖြစ်သည်။

 

ထိုမတိုင်မီ နှစ်ရက်က နိုင်ငံတကာ ညီလာခံ တခုကို တက်ရန်ဆိုကာ တရုတ်ပြည်သို့ ရောက်ရှိနေသော ဒု ခေါင်း ဆောင် စိုးဝင်း၏ တောင်းဆိုမှု ကြောင့်လား ဆိုသည်ကိုတော့ သဲသဲကွဲကွဲ မသိရသေးပေ။

 

ထိုသို့ ရှမ်းပြည်တောင်ပိုင်း တွင် ဝ နှင့် တပည့်တပန်း ဖြစ်သူ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) တို့၏ ဩဇာ ကြီးထွားလာမှုသည် စစ်ကောင်စီ နှင့် လူပေါင်းမှားခဲ့သော ‌ယောဆွတ်၏ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) အဖို့ တဖြေးဖြေး နှင့် ဘေးရောက်လာခဲ့ပြီး ထိခိုက်နစ်နာစရာ ဖြစ်လာခဲ့သည်။

 

အလားတူပင် ဝ တို့ တန်ခိုးထွားလာမှု သည် ၎င်းတို့ နိုင်ငံထဲ ဒလဟော စီးဝင်လာတော့မည့် တရားမဝင် မူးယစ်ဆေးဝါးများ အရေးကြောင့် ထိုင်းအာဏာပိုင် များ အတွက် အိမ်မက်ဆိုး များ ဖြစ်လာ‌နေပေပြီ။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်မှု မုချ ‌အောင်ရမည်!!!