အရှက် ဆိုဝာာ ဂျို နဲ့လား

by Hla Soewai - Aug 18 2024

မုတ်သုံလေသည် တဖြေးဖြေး နှင့် တောင်ပိုင်းရှိ မြေပြန့်‌ပိုင်းမှ မြောက်ဖက် ကုန်းမြင့် တောင်တန်း များ ရှိရာ ‌ရွေ့လျား လာမှု နှင့် အတူ တော်လှန်ရေး တပ်ပေါင်းစုသည် ၎င်းတို့ ထိန်းချုပ် နယ်မြေ များကို အခိုင်အမာ ချုပ်ကိုင်နိုင် အောင် ပြင်ဆင်နေကြပြီ ဖြစ်သည်။

 

အကယ်၍ စေ့စပ်‌ ဆွေးနွေးပွဲ ပေါ်ပေါက်ကောင်း ပေါ်ပေါက် နိုင်သည် ဆိုငြားအံ့ လက်ရှိ စစ်မြေပြင်တွင် စစ်ကောင်စီ တပ်များ မရှူ မလှ အရေးနိမ့်နေမှု များ ကြောင့် မည်သို့မျှ အထက်စီး မှ နေ၍ ရတော့မည် မဟုတ်သည်က သေချာနေပေသည်။

 

တော်လှန်‌ ရေး တပ်များ၏ အသာစီး ရလာနေမှု များနှင့် အတူ မင်းအောင်လှိုင်ဖက်ကလည်း မဖြစ်မနေ စွန့်လွှတ်လိုက်‌ လျော ပေးရမည့် အနေအထား များ သည်ထက် များလာနေ၍ ကြံရာမရသည့် အဆုံးမှသာ စားပွဲ ဝိုင်းသို့ ရောက်လာမည် ဖြစ်သဖြင့် စေ့စပ်‌ ဆွေးနွေး ခြင်းဖြင့် လက်ရှိ အကျပ်အတည်း ကို ဖြေရှင်း နိုင်လိမ့်မည် ဆိုသည် အပေါ် မျှော်လင့်ချက်များ လျော့ပါးလာနေပြီ ဖြစ်သည်၊

 

ထို့အတွက် မြန်မာ အရေး အား အမြန်ဆုံး အဆုံးသတ်ပြီး တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိရေး သည် ဒီမိုကရေစီ ဘက်တော်သား တော်လှန်ရေး တပ်ဖွဲ့များကို စစ်ရေး၊ သံတမန်ရေး နှင့် လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ပေးနိုင်ဖို့ နိုင်ငံတကာ အပေါ် မူတည်နေပြီ ဖြစ်သည်ဟု ဩစတေးလျှ သုတေသီ အဒမ် ဆင်ဆမ် က The Conservative အွန်လိုင်း ဂျာနယ် တွင် ထောက်ပြသွားခဲ့သည်။

 

စစ်ကောင်စီ သည် ယခု အခါ သနားစရာ ကောင်းသည့် အနေအထား ရောက်ရှိနေပြီ ဖြစ်သည်၊ စစ်ခေါင်းဆောင် ကိုယ် တိုင် ရုပ်မြင်သံကြား ပေါ် ထွက်လာပြီး အရှုံးကို ဝန်ခံသွားပြီး ပြည်ပ မှ အကူအညီများ ပေးနေ၍ ဖြစ်ရကြောင်း အစချီပြီး ၎င်းကိုယ်၎င်း မှ လွဲ အားလုံးကို အပြစ်ဖို့ သွားခဲ့သည်။

 

နှစ်ဆယ့် လေးနာရီ မပြည့်မီမှာပင် စိတ်တော်သိ ဗောင်းတော်ငြိမ့်များက လူထု ဆန္ဒပြပွဲ ဆိုကာ ရန်ကုန် နှင့် နေပြည်တော် တွင် အတားအဆီးများ ကာရံကာ ပြုလုပ်လာခဲ့သည်။ ထို ကြိုးဝိုင်း အတွင်းသို့ ဝင်ရန် ကြိုးစားခဲ့သော မြန်မာနောင်း သတင်းထောက်အား ကြိုတင် ခွင့်ပြုချက် ရထားသူများသာ ဝင်ခွင့် ရှိသည်ဟု ဆိုသဖြင့် ၎င်းတို့ အကျအန စီစဉ်ထား‌သော လုပ်ပွဲကြီး ဆိုသည့် အချက်သည် ပေါ်လွင် ထင်ရှားသွားခဲ့ရသည်။

 

ထိုသို့ ပူပြင်းသော နေရောင်အောက်တွင် ၎င်းတို့ ထောက်ခံသူများအား ခေါ်ယူ နေလှန်း နေချိန်တွင် နိုင်ငံတကာ စစ်ရေး လေ့လာသူများက စစ်တပ်၏ နိဂုံး စတင်လာနေပြီ ဖြစ်သည်ဟု ခန့်မှန်းနေကြပြီ ဖြစ်သည်။

 

တဖက်က လက်နက် အင်အား အသာစီး ရနေ‌၍ ရှူံးနိမ့်နေခြင်းမျိုး မဟုတ်ပဲ စစ်လေယာဉ်များ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ လက်နက်ကြီးများ၊ စစ်သင်္ဘောများ၊ သံချပ်ကာ ကားများ၊ ဒုံးကျည်များ ပိုင်ဆိုင်နေသည့်ကြားမှ ရမခ အား ကာကွယ် နိုင်ခြင်း မရှိသည့် အဖြစ်က ပို၍ ပင် ရှက်ဖို့ ကောင်းနေရသည်ဟု ဧရာဝတီ သတင်း အယ်ဒီတာချုပ် ဦးအောင်ဇော်မှ ရေးသားလာခဲ့သည်။

 

ထိုဖြစ်ရပ်သည် စစ်တပ်သည် နောက်ဆုံးတွင် အနိုင်ရလိမ့်မည် ဟူသော နေ့လည် အိမ်မက်ကို ခေါင်းမာစွာ မက်နေဆဲ ဖြစ်သည့် နိုင်ငံတကာ ကို ဆွဲကိုင် လှုပ်နှိုး နိုင်ခဲ့သည့် အလှည့်အပြောင်းကြီးလည်း ဖြစ်သည်ဟု ဆိုသည်။

 

၎င်းက ဆက်လက် ရေးသားထားရာတွင် လားရှိူးအား ခုခံ ကာကွယ်ရန် စစ်ကောင်စီ သည် အမြဲတမ်း တပ် အင်အား ၆,၀၀၀ ခန့်၊ ပျုစောထီး တပ်များ စုစုပေါင်း ၁၀,၀၀၀ ခန့် နှင့် ခုခံကာကွယ်ခဲ့ခြင်း ဖြစ်သည်။

 

MNDAA သည် တပ်ရင်း သုံးရင်းစာ အင်အားကို စုစည်း ပြီး လားရှိူး၏ အပြင် စစ်ကောင်စီ အထိုင်ချစခန်းများကို ထိုးဖောက် ဖြိုခွင်းလာခဲ့ပြီး ခံစစ်စည်း များကို တဖြေးဖြေး ဖြတ်ကျော်လာရင်း က မြို့တွင်းသို့ ဝင်ရောက်လာခဲ့သည်။

 

ပြည်တွင်းရှိ လေ့လာသုံးသပ်သူများက MNDAA တပ်များသည် စစ်ရေး စွမ်းရည် မြင့်မားကြသည့်အပြင် လူထု ထောက်ခံမှု၊ သတင်းစုဆောင်းနိုင်မှု နှင့် အတူ မဟာဗျုဟာ အမြင် ကြည်လင် ပြတ်သားမှု များ ကြောင့် အောင်ပွဲ ဆင်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

 

မင်းအောင်လှိုင် တပ်များ အဖို့က ယခင် ခေတ်များက ကဲ့သို့ မဟုတ်ပဲ လူထု ထောက်ခံမှု ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။ လူထု အား ရက်စက်ကြမ်းကြုပ်စွာ ဆက်ဆံခဲ့မှု များ အား စစ်မြေပြင်တွင် တန်ဖိုးကြီးစွာ ပေးဆပ်နေကြရပြီ ဖြစ်သည်။

 

တရုတ်သည် လားရှိုး ထိုးစစ်ကို ရပ်တန့်ထားရန် MNDAA နှင့် မဟာမိတ်များကို ဖိအားပေးခဲ့သည် ဆိုသော သတင်းများ ထွက်ပေါ်လာခြင်းသည် လွန်စွာ စိတ်ဝင်စားဖွယ် ကောင်းနေရသည် ဟု ဆောင်းပါးတွင် ဖေါ်ပြထားသည်။ 

 

တရုတ်မှ ဇူလိုင်လ ကုန်တွင် နောက်ထပ် သက်တမ်း ၆ လ တိုးမတိုး ကို စောင့်ကြည့်လို၍ ဖြစ်သည်၊ သို့သော် မင်းအောင်လှိုင်သည် မျှော်လင့်ထားသည့် အတိုင်း အတိအကျပင် သက်တမ်း တိုးလာခဲ့သည်၊ နောက်ပိုင်း သုံးရက် ‌အကြာတွင်တော့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို အပြီးအပိုင် သိမ်းယူလိုက်ကြသည်။

 

အင်္ဂါနေ့ မနက်က TNLA တပ်များသည် မန္တလေး-လားရှိုး လမ်းပေါ်ရှိ ကျောက်မဲကို သိမ်းယူ နိုင်ခဲ့ပြီ ဖြစ်သည်။

 

ယခုအခါ ပြင်ဦးလွင် သည် နောက်ထပ် ပစ်မှတ် ဖြစ်လာဖွယ် ရှိနေ၍ လူထု သည် မြို့ကို စတင် စွန့်ခွာနေကြပြီ ဖြစ်ပြီး အိမ်ခြံ‌ မြေ ဈေးကွက်လည်း ပျက်လု မတတ် ဖြစ်‌ နေသည်ဟု ဆိုသည်။  

 

အတည်မပြု နိုင်သေးသော သတင်းများအရ ပြင်ဦးလွင် ရှိ စစ်တက္ကသိုလ် သင်တန်းသားများ နှင့် စစ်ဆေးရုံ ဝန်ထမ်းများကို မှော်ဘီ သို့ ရွှေ့ပြောင်း ခိုင်းထားသည်ဟု သိရကြောင်း ဆောင်းပါးတွင် ဖေါ်ပြထားသည်။

 

ထို့နောက်တွင်တော့ ကားလမ်း ခရီး ဖြင့် ငါးနာရီ သာ ကြာသည့် မန္တလေး သို့ ရောက်ရှိလာတော့မည် ဖြစ်သည်။

 

လက်ရှိတွင် မန္တလေး ပတ်ဝန်းကျင် တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီ ဖြစ်သည်။

 

သြဂုတ် ၃ ရက် နေ့ ရမခ ဝင်း အတွင်း အပြင်းအထန် တိုက်ပွဲ များ ဖြစ်ပွားနေစဉ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နေပြည်တော်ရှိ မီးရထား စက်ခေါင်းသစ် တပ် စက်ရုံအား အေးအေးလူလူ လျှောက် ကြည့်နေပုံကို People's Spring သတင်း စာမျက်နှာ တွင် ဖေါ်ပြထားသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!