ရှိတ် ဟာဆီနာ ပြေးပြီ

by Hla Soewai - Aug 18 2024

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် မစ္စက် ရှိတ် ဟာဆီနာ သည် ရာထူး မှ နှုတ်ထွက်ပြီး အိန္ဒိယ သို့ ရဟတ်ယာဉ် ဖြင့် ထွက်ပြေးသွားပြီ ဖြစ်သည်။

 

ရက်သတ္တပတ် ပေါင်း များစွာ အကြာ ဆန္ဒပြသူ များ နှင့် ရဲ များ အကြား သွေးထွက်သံယို အဓိကရုဏ်းများ ဖြစ်ပွား ပြီးနောက် ယခုလို ထွက်ပြေးသွားခြင်း ဖြစ်သည်။

 

ဆန္ဒ ပြသူ များက သူမ၏ နေအိမ်အား ဝင်ရောက် လုယက်ခဲ့ကြသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

 

စစ်တပ် အကြီးအကဲ ဝါကာ အပ် ဇာမင်းက ကြားဖြတ် အစိုးရ ဖွဲ့စည်းမည်ဟု အသံလွှင် ကြေညာလိုက်သည်။

 

တနင်္ဂနွေနေ့ တွင် ဆန္ဒပြသူများက သူမအား ရာထူး မှ နှုတ်ထွက်ရန် တောင်းဆိုခဲ့ကြပြီး ရဲများ နှင့် လမ်းပေါ် ပဋိပက္ခများ ဖြစ်ပွားခဲ့ရာ ရဲ ဖက်မှ ၁၃ ဦး၊ ဆန္ဒပြသူ ၉၅ ဦး သေဆုံးသွားခဲ့သည်။

 

အစိုးရ အလုပ်အကိုင်များအား ခွဲတမ်း သတ်မှတ် ခန့်ထားမည့် အစီအစဉ် ကို စတင် ကန့်ကွက် ဆန္ဒပြရာမှ စတင်ခဲ့သော နှစ်လကြာ ပဋိပက္ခ တွင် ဆန္ဒပြသူ ၁၅၀ ခန့် အသက်ဆုံးရှူံးခဲ့ရပြီး ဖြစ်သည်။

 

ရှိတ် ဟာဆီနာ သည် ဝန်ကြီးချုပ် ရာထူးဖြင့် အနှစ် နှစ်ဆယ် နီးပါး အုပ်ချုပ်ခဲ့သူ ဖြစ်သည်။