လမ်းဆုံ လမ်းခွ ရောက်လာနေပြီ ဖြစ်သော တော်လှန်ရေး

by Hla Soewai - Aug 04 2024

စစ်အာဏာသိမ်း အဖွဲ့အား လက်နက်ကိုင် ဆန့်ကျင် တွန်းလှန်နေသည့် တော်လှန်ရေး တပ်ဖွဲ့ များ၏ အောင်ပွဲ သတင်းများသည် နေ့စဉ်နှင့် အမျှ ထွက်ပေါ်လာနေမှု နှင့် အတူ တော်လှန်‌ ရေး တပ်များ နှင့် ပြည်တွင်း ပြည်ပ ရှိ ပြည်သူ များ အကြား စိတ်ဓါတ်များလည်း တက်ကြွလာနေကြပြီ ဖြစ်သည်။

 

စစ်ကောင်စီ တပ်များ အစုလိုက် အပြုံလိုက် လက်နက် ချနေကြသည့် သတင်းများ၊ စစ်သားသစ်များ အတင်းအဓမ္မ စုဆောင်းနေမှု များလည်း အားပျော့လာနေပြီး ပျက်ပြားသွားမည့် အန္တရာယ် ရှိနေသည့် သတင်းများသည်လည်း စိတ်အား တက်ကြွဖွယ် ဖြစ်‌လာရပြန်သည်။

 

သို့သော်လည်း စစ်ကောင်စီ သည် လတ်တလော ပြိုလဲသွားမည့် သဘောမျိုး မတွေ့ရပဲ တရုတ် နှင့် ရုရှားတို့ အားဖြည့်ပေးထားသည့် လက်နက်များ မကုန်မချင်း ဆက်သွားနေမည်သာ ဖြစ်သည်။

 

သို့သော် ၎င်းတို့ အာဏာကို ဆက်လက် ဆုပ်ကိုင်ထား နိုင်ရန် မည်သို့သော မဟာဗျူဟာ မျိုး ကျင့်သုံးနေသနည်းဟု မေးစရာ ဖြစ်လာသည်။ ယခင် တိုင်းရင်းသား လက်နက်ကိုင်များ နှင့် တိုက်ပွဲများလို တအိအိ နှင့် သွားနေမည်လော၊ နိုင်ငံသစ် မွေးဖွားလာမည်လော၊ ပြိုကွဲသွားနိုင်ဖို့ ရှိနေသည်လား ဆိုသည့် မေးခွန်းများ နှင့် ပတ်သက်ပြီး ဧရာဝတီ တွင် ဆောင်းပါးရှင် ဒေါက်တာ ပေါလင်းက ယခုလိုရေးသားထားသည်။

 

စစ်ကောင်စီ ၏ လက်နက်အင်အား ကို ကုန်ခန်းသွားစေမည့် နည်းလမ်းတခုသည်က ၎င်းတို့ ပြုပြင် ထိန်းသိမ်းရေး နှင့် ထုတ်လုပ်ရေး စက်ရုံများ ကို ဖျက်ဆီး ပစ် နိုင်ဖို့ပင် ဖြစ်သည်။ သို့သော်လည်း ယခု အချိန်ထိ တော်လှန်းရေး တပ်ဖွဲ့များ၏ ပစ်မှတ် ဖြစ်မလာသေးပေ။

 

မြန်မာ ပြည်သူ တရပ်လုံး က တော်လှန်ရေး အား စိတ်အား တက်ကြွစွာ ထောက်ခံနေကြသည်ဟု ယေဘုယျ ယူဆ၍ ရသော်လည်း တိုက်ပွဲကြား ပိတ်မိနေသူများ၊ အိုးအိမ်၊ စည်းစိမ်၊ အလုပ်အကိုင် ပစ် လက်လွတ် ထွက်ပြေးနေရသူများ က ထိုသို့ လိုလိုလားလား ထောက်ခံပြီး ပါဝင်လာကြမည်လော၊ လက်ရှိ တော်လှန်ရေး တွင် ၎င်းတို့၏ ငြိမ်းချမ်းစွာ ဆန္ဒ ပြမှု ကို စစ်တပ်၏ ဒေါသတကြီး တုန့်ပြန်ခဲ့မှု နှင့် ရင်ဆိုင်ခဲ့ရသည့် လူငယ် များ အဓိက ပါဝင်နေကြသည်။ သို့သော် တော်လှန်ရေး တွင် မပါဝင်ပဲ ပိုနေမြဲ ကျားနေမြဲ နေလိုသည့် မြို့ပြ လူငယ်များ လည်း ရှိနေပြန်သည်၊ သို့သော် စစ်တပ်၏ စစ်သားစုဆောင်းရေး ဆိုသည်ကြောင့် ခြိမ်းခြောက်ခံလာရပြီ ဖြစ်သည်။ ထို့ပြင် အလွှာ အသီးသီး တွင်တော်လှန်ရေး နှင့် မပတ်သက်ပဲ အေးအေးနေလိုသည့် လူများလည်း ရှိနေသည်။

 

လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များထဲတွင်ပင် စစ်တပ်နှင့် ပြောလိုဆိုလို့ ရသည့် အနေအထားကို ဆုပ်ကိုင်ထားပြီး ဘေးထွက်ထိုင်နေသည့် တရုတ် နှင့် ဆက်စပ်နေသည့် UWSA, SSPP ကဲ့သို့ အချောင်ဝင်အုပ်မည့် free riders များလည်း ရှိနေသည်။

 

အာဏာသိမ်း အဖွဲ့ ပြိုလဲသွားလျှင် ထိုသို့ ဘေးထွက် ထိုင်နေသူများ ရှေ့ဆက် မည်သို့ စခန်းသွားကြမည်နည်း။ လက်ရှိ တိုက်ပွဲ ဝင်နေသူများ နှင့် ပဋိပက္ခ ဖြစ်ပွားလာနိုင်မည်လော၊ လက်ရှိတွင်ပင် KIA, TNLA နှင့် SSPP အကြား အငြင်းပွားမှု များ ရှိနေသည်။ ရှမ်း အဖွဲ့ အချင်းချင်းလည်း မကျေမလည် ဖြစ်နေသည်။

 

လက်ရှိတွင် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်များ ၏ တိုက်ပွဲ ဝင်နေမှု သည် အကျိူး နှင့် အကြောင်း အရ အကျုံးဝင်သည်၊ သို့သော် ဗမာ-ဗမာချင်း တိုက်ခိုက်နေမှုသည် ထိုအနေအထားကို ပြောင်းလဲသွားနိုင်သည်။

 

ဘုံရန်သူ ပေါ်ပေါက်လာသည့် အတွက် သွေးစည်း ညီညွတ်မှု ရှိလာသော်လည်း ဘုံရန်သူ မရှိတော့သည့် နောက်ပိုင်း ဆက်၍ ညီညွတ်မှု ရှိနေဦးမည်လော။

 

ထိုအခါတွင် စစ်တပ် နှင့် လက်ရှိ အပစ်ရပ်ထားသည့် အဖွဲ့များ၊ ခြံစည်းရိုးပေါ် ခွထိုင်နေသူများက စစ်ခေါင်းဆောင်များ နှင့် ဆက်ဆွေးနွေးနိုင်ရေး ကိုသာ အားသန်နေကြမည် ဖြစ်သည်။ ၎င်းတို့ အနေဖြင့် ဖက်ဒရယ် ပုံစံ တမျိုးမျိုး ထွက်ပေါ် လာ နိုင်သည်ဟု ယုံကြည်မှု ရှိနေသည်။ မည်သည် ပုံစံ မျိူးဆိုသည်ကို အတိအကျ ပြောနိုင်ဖို့ မေးစရာ ရှိလာသည်။

 

ဘော်လကန် အဖြစ်မျိုး မဆိုက်ဖို့ မြန်မာသည် ဖက်ဒရယ် သို့မဟုတ် ပူးတွဲ ဖက်ဒရယ်ပုံစံမျိုး နှင့် တိုင်းရင်းသား လက်နက်ကိုင် အသီးသီး ထိန်းချုပ်ထားသည့် နယ်မြေများဖြင့် နိုင်ငံခွဲလေးများ စုပေါင်းထားသည့် ပုံစံမျိုး ဖြစ်လာလိမ့်မည်လော။ မည်မျှ အတိုင်းအတာ အထိ ကိုယ်ပိုင် ဆုံးဖြတ်ခွင့် ရှိမည်နည်း၊ နိုင်ငံခွဲလေး များ မည်မျှထိ ရှိလာနိုင်မည်နည်း။ လက်ရှိ သတ်မှတ်ထားသည့် နယ်နမိတ်မျဉ်း များ ဖျက်သိမ်းပစ်ခြင်း၊ သို့မဟုတ် လူမျိုးစု အလိုက် နယ်နမိတ်မျဉ်းများ ပြန်လည် သတ်မှတ်မည်လော။

 

လက်ရှိ ဗမာ လူမျိုးနွယ်စုများ ကြီးစိုးသည့် အမျိုးသား ဝါဒ သည် တော်လှန်ရေး ကြီး အပြီးတွင် မည်သို့မျှ နေရာပေး၍ ရတော့မည် မဟုတ်၊ နိုင်ငံ အတွင်း နိုင်ငံခွဲလေးများ ပုံစံ ဖြစ်ပေါ်လာမည်ကို မည်သူမျှ လိုလားကြမည် မဟုတ်၊ ကုလသမဂ္ဂ တွင်လည်း နေရာ ရမည် မဟုတ်သည့် အပြင် နိုင်ငံတကာမှလည်း အသိအမှတ် ပြုမည် မဟုတ်။

 

 မြန်မာနိုင်ငံ တွင် ဗမာလူမျိုး များ အတွက် သီးခြား နယ်မြေများ ရှိလာမည် ဖြစ်သည်။ ဖက်ဒရယ် ပုံစံ သစ် တွင် လူမျိုးစု တခုချင်းစီအလိုက် သို့ လူမျိုးစု ပေါင်းစုံ စုဝေးသည့် ဒေသ အသီးသီး ထွက်ပေါ်လာမည် ဖြစ်သည်။ အချင်းချင်း တိုက်ခိုက်နေကြမည့် အစား ထိုသို့ ထွက်ပေါ်လာခြင်းကို ဝမ်းပမ်းတသာ လက်ခံသင့်ပေသည်။ စစ်အာဏာရှင် စနစ် နှင့် အတူ လူမျိုးစု တစု တည်း၏ အကျိုးစီးပွား၊ ဓလေ့ထုံးတမ်း များ အပေါ် အခြေခံသည့် အမျိုးသားရေး ဝါဒ ethno- nationalism သည်လည်း အဆုံးသတ်သွားမည် ဖြစ်သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ ကော ဆက်လက်ရပ်တည် သွားမည်လော ဆိုသည့် မေးခွန်းလည်း ထွက်ပေါ်လာသည်။ လက်ရှိတွင် ၎င်းတို့ ရပ်တည်ပိုင်ခွင့်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ရွေးချယ် တင်မြှောက်ထားခြင်း ခံရသော လွှတ်တော် အမတ် များ အပေါ် တည်မီနေသည်။ ထိုလွှတ်တော် အမတ်များ ဖြင့် ဖွဲ့စည်းလာသော CRPH မှ တဆင့် NUG ကို ပြင်ပကမ္ဘာ အတွက် ကြားခံ အဖြစ် ဖွဲ့စည်းလာခြင်း ဖြစ်သည်။ အောက်‌ခြေ မှ တဆင့် ချည်းကပ် ဖွဲ့စည်းလာမည့် ဖက်ဒရယ် ပုံစံသစ် အား NUG က စတင် ပေးခဲ့သည့် တိုင် တကယ်တမ်း ထွက်ပေါ်လာခဲ့လျင် ၎င်းတို့၏ အခန်းကဏ္ဍ ပျောက်ကွယ်သွားနိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်လည်း နေရာပျောက်သွားနိုင်သည်။

 

ဖက်ဒရယ် အာဏာ သည် ယခင် အနေအထားတိုင်း ရှိတော့မည် မဟုတ်ပေ။ တော်လှန်ရေး ၏ အနှစ်သာရ ကပင် လက်ရှိ စနစ်ကြီးတခုလုံးကို မှောက်လှန် ပစ်နိုင်ရန်ပင် မဟုတ်ပါလော။

 

အနာဂတ် ဖက်ဒရယ် ပုံစံသစ် ကို ယခုထဲကပင် တော်လှန်ရေး အုပ်စု များ အချင်းချင်း ဆွေး‌နွေး ညှိနှိုင်းထားသင့်ပြီ ဖြစ်သည်။ NUCC ဖြင့် ပထမ အဆင့်ကို လှမ်းခဲ့ကြပြီး ဖြစ်သည်။ သို့သော် NUCC တွင် မပါဝင်သေးသည့် NCA လက်မှတ်ထိုးထားသော အဖွဲ့များတွင်လည်း သီးခြား အမြင်များ ရှိနေသည်။ အားလုံး တစုတဝေး တည်း ပါဝင်လာနိုင်မည့် လုပ်ငန်းစဉ် ယန္တရား တခု မတည်ဆောက်နိုင်လျှင် နိုင်ငံသည် အကွဲကွဲ အပြားပြား ဖြစ်သွားနိုင်သည်။ လူမှု အဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည်လည်း အောက်ခြေ လူတန်းစားများ နှင့် ထိတွေ့ နိုင်၍ ထိုအဖွဲ့အစည်း များ၏ အခန်းကဏ္ဍသည်လည်း အရေးပါနေသည်။

 

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် ဗမာ တော်လှန်ရေး သမားများကို လေ့ကျင့်သင်ကြားပေးခဲ့သည် ဆိုသော်လည်း ဖက်ဒရယ် စနစ်သစ် တွင် မည်သို့ မည်ပုံ ရပ်တည်လာကြမည်နည်း၊ သီးခြား စစ်တပ်များ ဖွဲ့စည်းလာကြမည်လော၊ အခြား လူမျိုးစု များ ပါဝင်လာမည်ကို လက်ခံကြမည်လော။ စစ်ကောင်စီ တပ်များ အပေါ် မည်သို့ သဘောထားမည်နည်း။ လက်ရှိ ခြံစည်းရိုး အပေါ် ခွထိုင်နေသည့် တိုင်းရင်းသား အဖွဲ့များ နှင့်ကော ဆွေးနွေးကြမည်လော။ ၎င်းတို့သည် UWSA ကဲ့သို့ သီးခြား ရပ်တည်သွားကြမည်လော။

 

စိုးရိမ် မကင်းစရာ ဖြစ်လာရသည်က တိုင်းရင်းသား တပ်များ အချင်းချင်း နယ်မြေလု စစ်ပွဲ များ ဖြစ်ပွားလာမည့် အရေးပင် ဖြစ်သည်။ လက်ရှိ ရန်သူ ဖြစ်သော စစ်ကောင်စီ တပ်များသည် ပြန်လည် စုစည်းပြီး အသာစီး ရလာအောင် ကြိုးစားလာကြမည်လော။

 

မြန်မာသည် နှစ်ဆယ့်တစ် ရာစု တွင် ငြိမ်းချမ်းပြီး ဖွံ့ဖြိုး တိုးတက်လာနိုင် ရေး အတွက် စစ်ပွဲများ ထပ်ဖြစ်လာမည့် အရေးကို မည်သို့ မျှ ဆက်လက် ခွင့်ပြုနိုင်စွမ်း မရှိတော့၊ ဇွဲသတ္တိ၊ သည်းခံစိတ် အပြည့် နှင့် ဒူပေနာပေ ခံနိုင်သည့် စိတ်ဓါတ်များ မွေးမြူ ထားရမည် ဖြစ်သည်။

 

သို့မှသာ ပေါ်ထွန်းလာသည့် နိုင်ငံသစ်ကို လူမျိုးရေး အပေါ် အခြေမခံပဲသစ္စာ‌စောင့်သိ ထိန်းသိမ်းသွားလိုစိတ် ဖြင့် ကြိုးပမ်း တည်ဆောက်သွားရမည် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!