မင်းအောင်လှိုင် အခက် လူထု အချက်

by Hla Soewai - Aug 04 2024

မိုးမိတ်မြို့နယ်ရှိ စစ်တပ် စခန်း အားလုံးကို TNLA က တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး လက်နက် ၆၀၀ ကျော် သိမ်းဆည်းရရှိ လိုက်ပြီ ဆိုသည့် သတင်း၊ ပုသိမ်ကြီးမြို့နယ်ကို MDY-PDF ထိုးဖောက် ပြီး စခန်းတချို့ကို ထပ်သိမ်းပိုက်လိုက်နိုင်မှု နှင့် အတူ မန္တလေးအနီးသို့ တိုက်ပွဲများ ပိုမို နီးကပ်လာသည် ဆိုသော သတင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တပ်ဝင်းအတွင်း တိုက်ပွဲများပြင်းထန်နေပြီး အချက်အချာဖြစ်သည့် ဗဟိုကင်းကို MNDAA နှင့် မဟာမိတ်တို့ ယနေ့ နံနက်ပိုင်းတွင် ဝင်စီးခဲ့သည်ဟု ဆိုသော သတင်း များ၊ မောင်းတော ရှိ နောက်ဆုံး လက်ကျန် နယ်ခြား‌စောင့် ရဲတပ်ရင်း (၅) အား ရက္ခိတ တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် စီးနင်း တိုက်ခိုက်နေကြပြီ ဆို သည့် သတင်းများသည် မဆုပ်မနစ်သော ဇွဲ ဖြင့် သုံးနှစ်ကျော် ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ကြ‌ သော ပြည်သူ များ အဖို့ နိုင်ငံတော် သစ် ပေါ်ထွန်းလာတော့မည့် ရောင်နီ များ ဖြစ်၍ အားရ ရွှင်မြူးနေကြမည်သာ ဖြစ်သည် 

 

MNDAA သည် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အား အနှေး နှင့် အမြန် ဆိုသလို လုံးဝဥသုံ ထိန်းချုပ်နိုင်တော့မည် ဆိုသည်ကို သိသိကြီး နှင့် မင်းအောင်လှိုင် အား လူပေါင်းမှားကာ သစ္စာခံ ခဲ့သူ များ အဖို့ အ‌သက် အသေခံ၍ ခုခံ နေကြရပြီ ဖြစ်သည်။

 

မင်းအောင်လှိုင်သည် ကိုယ့်ကိုကို ယာယီ သမ္မတ အဖြစ် ခန့်အပ်လိုက်ယုံသာမက ရှေ့လျောက်လည်း နိုင်ငံရေး အရ ဖြေရှင်းရန် ဆန္ဒမရှိပဲ အုပ်ချုပ်‌ ရေး သက်တမ်းအား နောက်ထပ် ထပ်တိုးပြီး ၎င်းရှိရာ နေပြည်တော်သို့ ရောက်မလာ ရေး အတွက် အားလုံးကို အသေခံ တိုက်ရန် ညွှန်ကြားနေပြီ ဖြစ်သည်။ 

 

ရမခ အား ခုခံ ကာကွယ်ခြင်း မရှိပဲ မူဆယ် သို့ သွားရောက် တိမ်းရှောင်နေသည့် ခြေလျင်၊ ခြေမြန်မှ အရာရှိတချို့အား ဇူလိုင် ၂၈ ရက် တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့သည်ဟု စစ်ဘက်နဲ့ နီးစပ်သည့် သတင်းရပ်ကွက်များအား ကိုးကားပြီး DVB သတင်းတွင် ဖေါ်ပြထားသည်။

 

ဥပမာ ပြရက ငပလီ ကမ်းခြေတိုက်ပွဲ တွင် AA သည် ပစ်ကွင်း ကောင်း ရာ ဟိုတယ်များ ပေါ် မှ နေရာ ယူထားပြီး ချိန် တွင် မင်းအောင်လှိုင်သည် ကမ်းတက်ရေယာဉ် များ သုံး၍ အင်အား ဖြည့်တင်းကာ အတင်း တက်တိုက်ရန် ညွှန်ကြားလာသည် ဟု ဆိုသည်။ သဲသောင်ပြင် လို ကျည်ကွယ် မျက်ကွယ် မရှိ‌ သော သတ်ကွင်း ထဲတွင် အကျအဆုံး များ‌ တော့မည် ကိုသိ၍ ထိုသို့ တက်မတိုက်မီ လက်နက်ကြီး ပစ်ကူ ဖြင့် ရန်သူ ခေါင်းမထောင် နိုင်‌ အောင် ပစ်‌ ပေး ရန် ရေတပ် ဦးစီးချုပ် ဖြစ်သူ က ခွင့်တောင်းသော်လည်း မင်းအောင်လှိုင်မှ ဟိုတယ်များ ပျက်စီး မည် ဆိုကာ ခွင့်မပြုပဲ အတင်း တက်ခိုင်းခဲ့သည်ဟု ရေတပ် အရာရှိတဦးက ဧရာဝတီ သို့ ပြောပြခဲ့သည်၊ ၎င်း၏ ဇနီး ၏ ဇာတိမြို့ ဖြစ်သည့် သံတွဲ အားလည်း ဗုံးကြဲခွင့် မပြုခဲ့ပေ။

 

အမိန့် မနာခံ မှု နှင့် ‌ရေတပ် ဦးစီးချုပ် ဇွဲဝင်းမြင့် အား ဖမ်းဆီးလိုက်ပြီး လက်ထောက် ဖြစ်သူ ထိန်ဝင်း နှင့် အစားထိုးလိုက်သည်။

 

ဤသည်ကပင် မင်းအောင်လှိုင် စိတ်ထဲတွင် လူ့အသက်ကို ဟိုတယ် တလုံးလောက်ပင် တန်ဖိုး မထား ဆိုသည်က ထင်ရှားပေါ်လွင်နေပေသည်။

 

ယခုအခါ တချိန်လုံး မျှော်မှန်းခဲ့သော သမ္မတ ရာထူး ကို ကိုယ့်ဖာသာ ပြန်ပေးပြီး ရသွားရှာပြီ ဟု အားလုံး က လှောင်ပြောင်နေကြသော်လည်း အထက်ပိုင်းတွင် သ‌ ဘောထား ကွဲမှုများ ရှိလာနေခြင်းကြောင့် မင်းအောင်လှိုင်သည် မည်သူ့ကိုမျှ မယုံကြည်ရဲတော့၍ ထိုသို့ မျက်နှာ ပြောင်တိုက်ကာ လုပ်လိုက်ရခြင်း ဖြစ်သည်၊ လားရှိုး ကို လုံးဝ လက်လွှတ်လိုက်ရပါက ကာကွယ်ရေး ဦးစီးချုပ် ရာထူးမှ နှုတ်ထွက်ပေးရန် တောင်းဆိုလာနိုင်ဖွယ် ရှိနေ၍ လည်း ဖြစ်သည်ဟု စစ်ဖက် အရာရှိ ကြီး အချို့၏ အပြောအား ကိုးကား၍ Eurasia Review တွင် ရေးသားထားသည်။

 

စစ်ကောင်စီ မှ မင်းအောင်လှိုင်အား ယာယီ သမ္မတ အဖြစ် လွှဲပြောင်းခြင်းသည် အခြေခံဥပဒေပါ ပုဒ်မ ၄၁၂၊ ၄၁၇၊ ၄၁၈၊ ၄၁၉၊ ၄၂၄၊ ၄၃၁ များ နှင့် ညီကြောင်း ကာကွယ် ပြောဆိုသော်လည်း ဘီဘီစီ ကမူ ပုဒ်မ ၆ ခုလုံး တွင် သမ္မတတာဝန်လွှဲအပ်ခြင်းနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ပုဒ်မ တစ်ခုမှ ပါဝင်ခြင်း မရှိဟု ဥပဒေ ပညာရှင်များ အား ကိုးကားပြီး ‌ရေးသားထားသည်။

 

တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေး တွင် အရေးပါဆုံး မြို့ ဖြစ်သည့် လားရှိူး၏ အုပ်ချုပ်ရေး အဝဝ ကို MNDAA မှ လုံးဝ တာဝန်ယူလိုက်ပြီ ဖြစ်ပြီး တရုတ် နိုင်ငံသား များ၏ အကျိုးစီးပွားကို ကာကွယ် ပေးသွားမည်ဟု ကြေညာ ချက် ထုတ်ပြန်ခဲ့သည်။

 

ပြည်တွင်းနေ ပြည်သူများ အတွက်မူ ကြံရာမရ ဖြစ်လာသည့် အဆုံး မင်း‌ အောင် လှိုင် သည် လက်ရှိ အခြေအနေတွင် စီးပွား‌ ရေး တိုးတက်ရန် အကောင်းဆုံး နည်းလမ်းဟု ဆိုကာ ၁၉၅၁ မှ စတင်ဖွဲ့စည်းခဲ့ပြီး ခေတ် အဆက်ဆက် တခါဖူးမျှ‌ အောင်မြင်ခဲ့ဖူးခြင်း မရှိသည့် သမဝါယမ ဆိုသည်ကို ပြန်လည် ထုတ်ဖေါ် ကျင့်သုံး သွားမည်ဟု သွေးရူးသွေးတမ်း ပြောလာပြန်သည်။

 

အမျိုးသား ဒီမိုကရေစီ အစိုးရသည် ၂၀၁၆ တွင် သမဝါယမ ဝန်ကြီးဌာနကို ဖျက်သိမ်းပစ်ခဲ့ပြီး ဖြစ်သည်။

 

လက်ရှိ ဖြစ်ပေါ် နေသော အ‌ခြေ အနေ ဆိုး များ အတွက် လူထု အကြား မျှော်လင့်ချက်များ ရှိလာနိုး ဖြင့် အရှက်ပြေ ပြောနေခြင်းမျိုး ထက် မပိုပေ။

 

ထွက်ပေါ်လာသော သတင်းများ အရ ဆန် ဆီ လက္ကား ကုန်သည် များအား ဆီတပိသာလျှင် ၎င်းတို့ သတ်မှတ်ထားသည့် ၅,၄၀၀ ကျပ် ထက် ပိုရောင်း၍ ဆိုကာ ဖမ်းဆီး ခံခဲ့ရသည် ဟု သိရသည်။

 

စစ်ကောင်စီ လတ်တလော ကိုသာ ကြည့်တတ်သည့် ဆင်ခြင်တုံတရားမဲ့ လုပ်ရပ်များကြောင့် ကုန်ပစ္စည်း များ ဝယ်မရသည်အထိ ဖြစ်လာနိုင်ပေသည်။

 

မင်းအောင်လှိုင်သည်လည်း ယခု သမဝါယမ စကား စ လာပြီ ဖြစ်၍ နောက်ပိုင်းတွင် လုပ်ငန်းများကို ပြည်သူ ပိုင် မသိမ်း ဟု မည်သူမျှ ‌လောင်းကြေး ထပ်ဝံ့ တော့မည် မဟုတ်ပေ။

 

၎င်း၏ အသိ စိတ် သည် ကိုယ် နှင့် ကပ်နေဆဲ ဆိုသည့် လက္ခဏာ တရပ် အဖြစ် သိသာစေခဲ့သည်က ရွေးကောက်ပွဲ အား နိုင်ငံနှင့် တဝှမ်း တပြိုင်တည်း ကျင်းပ၍ မဖြစ်ဟု ဝန်ခံလာ ခြင်း ပင် ဖြစ်သည်။

 

ရန်ကုန်၊ စံပြစျေး၌ ဩဂုတ် ၁ ရက်မနက်က ဆီဝယ်ယူရန် စောင့်နေကြရသည့် ပြည်သူများ အား ပုံတွင် တွေ့နိုင်သည်၊ ဓါတ်ပုံ - DVB

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!