ဝ တပ်များ လားရှိုး ကို ဝင်ပြီ

by Hla Soewai - Aug 04 2024

ဝ တပ်များ ဇူလိုင် ၂၇ ညပိုင်းတွင် လားရှိုးသို့ ဝင်ရောက်လာခဲ့ခြင်းကြောင့် အ‌ခြေအနေများ ရှူပ်ထွေးသွားပြီး ထင်ကြေး အမျိုးမျိုး ထွက်ပေါ်လာနေသည်။

 

အထင်ရှားဆုံး ကတော့ စစ်တပ်သည် ၎င်းတို့ အတွက် တတိယမြောက် အရေးပါဆုံး ဖြစ်သော အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို လက်လွှတ် ဆုံးရှုံး လိုက်ရသည့် အရှက်တကွဲ အကျိုး နည်း အဖြစ်မှ သက်သာလို သက်သာငြား ၎င်းတို့ နှင့် ရန်ဖက် မဟုတ်သေးသည့် ဝ တပ်များကို ဝင်ရောက်ခွင့် ပြုလိုက်ခြင်း ပင် ဖြစ်သည်။

 

ထို့အတွက် ၎င်းတို့ ဖက်မှ လားရှိူး အား လက်လွှတ်လိုက်ရသည့် အဖြစ်ကို လိမ်ညာ လှည့်ပတ် ပြောဆို နိုင်ရန် နှင့် ပိတ်မိ‌ နေသော စစ်ဖက် အရာရှိကြီး များကို ကယ်ထုတိနိုင်ရန် အတွက် ဖြစ်သည်။

 

တဖြေးဖြေး နှင့် မန္တလေး ကိုပင် ဝ တပ်များ လက် ထိုးအပ်တော့မည် ဖြစ်သည်။

 

UWSA ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက လားရှိုးမြို့ပေါ် တွင် ရှိသည့် ဝ အဖွဲ၏ ပြည်ပဆက်ဆံရေးရုံးများ နှင့် ပိုင်ဆိုင်မှု များကို ကာကွယ်ရန် လားရှိုးမြို့ပေါ်မှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံရဲ့ လိုလားချက်အရ ဝင်ရောက်တပ်စွဲခဲ့ ခြင်း ဖြစ်သည်ဟု ဧရာဝတီကို ပြောပြခဲ့သည်။

 

မည်သည့်ဖက် မှ ပါဝင်ခြင်း၊ ပံ့ပိုးပေးခြင်း၊ စွက်ဖက်ခြင်း ရှိမည် မဟုတ်ဟုလည်း ဆိုသည်။

 

စစ်တပ် ပြန်ကြားရေး မှ ၎င်းတို့အား ဝ မှ ကြိုတင် အကြောင်းကြား ခဲ့သည်ဟု ထုတ်ပြောလာသည်။

 

တရုတ်သည် မြန်မာ စစ်တပ်ကို အားကိုးမရသည့် အတူတူ ၎င်းတို့ နှင့် ပတ်သက်ရာ ပတ်သက်ကြောင်း ဝ တပ်များကို စေလွှတ်ပြီး အခြေ အနေ ကို ထိန်းချုပ် ခိုင်းလိုက်ခြင်း ဖြစ်နိုင်ပေသည်။

 

လားရှိူးသည် ဝ များ နှင့် အစဉ်အလာ အရ နှီးနွယ် ပတ်သက်နေသော ဒေသ မဟုတ်၍ မြိုခံ တိုင်းရင်းသား များက လိုလားကြမည် မဟုတ်သည်က သေချာနေပေသည်။ သို့သော် စစ်တပ်၏ တောင်းဆိုချက် နှင့် MNDAA မဟာမိတ် တပ်ပေါင်းစု တို့၏ သဘောတူညီချက် ကြောင့် ဖြစ်သည်ဟု ဆိုလာသဖြင့် လားရှိူးသည် စစ်တပ် လုပ်နေကျ လေကြောင်းမှ လက်စားချေ တိုက်ခိုက်ခံရမည့် အန္တရာယ်မှ လတ်တလော ကင်းဝေးသွားပြီ ဖြစ်သည်။

 

MNDAA သည် ထိုအရေးကို အဓိက ထား၍ သဘောတူလိုက်ခြင်း ဖြစ်ပုံရပြီး ယခု အခါ မြို့အုပ်ချုပ်ရေးကို စတင် အကောင်အထည် ဖေါ်နေပြီ ဖြစ်သည်ဟု သိရသည်။

 

MNDAA သည် လားရှိုး ရှိ လက်ကျန် မြို့စောင့်တပ် ဖြစ်သော ခလရ ၆၈ ကို ဆက်လက် သိမ်းပိုက် နိုင်ခဲ့ပြီး နောက် အကျဉ်း ထောင်မှ နိုင်ငံရေး အကျဉ်းသားများကို ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်သည်။ ထိုအထဲတွင် အမျိုသား ဒီမိုကရေစီ အဖွဲ့ချူပ် ဗဟို အလုပ်အမှု ဆောင် ကော်မတီဝင် ဦးထွန်းထွန်း ဟိန်း ပါဝင်သည်ဟု သိရသည်။

 

စစ်တပ်သည် မြဝတီ အားလည်း အလားတူပင် စောချစ်သူ ၏ တပ်များ ကို ဝင်ရောက်ရန် ခွင့်ပြုခဲ့ပြီး ဖြစ်သည်။ ယခုအခါ မြဝတီ အား ပြန်လည် သိမ်းပိုက်ရန် ဆိုကာ အောင်ဇေယျ အမည်ပေး၍ အထူး ဖွဲ့စည်းလာသော စစ်ကြောင်းသည် လေးလ နီးပါး ကြာမြင့်ခဲ့ပြီးနောက် ဒေါနတောင်ကြောမှ ပြန်လည် ဆုတ်ခွာ သွား ပြီ ဖြစ်သည်ဟု သတင်းများက အတည်ပြုလာခဲ့သည်။

 

ထိုသို့ မင်းအောင်လှိုင် တပ်များ ဗရမ်းဗတာ ဖြစ်နေချိန်တွင် ပြီးဆုံးသွားသော အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တွင် အချက် ငါးချက် အား အကောင်အထည် ဖေါ်မှု အား သုံးသပ်သွား မည် ဖြစ်ပြီး ပြင်ဆင်ရမည် များကို လာမည့် အောက်တိုဘာလ အာဆီယံ ထိပ်သီး အစည်း အဝေး တွင် တင်ပြသွားမည်ဟု ဆုံးဖြတ်လိုက်ကြသည်။ 

 

စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ ဗလာခရစ်ရှနန် မှ ၎င်း၏ သဘောထားကို သတင်းထောက်များကို ထုတ်ဖေါ်ပြောကြားရာတွင် "မြန်မာ စစ်တပ်သည် နယ်ခြားဒေသ များ အပါအဝင် နယ်မြေ အမြောက်အမြားကို လက်လွှတ်ဆုံးရှုံးနေရပြီ ဖြစ်၍ လက်ရှိ စစ်အစိုးရ အနေအထား အတိုင်း ဆက်သွားမည် ဆိုက လမ်းဆုံးသို့ သာ ရောက်လိမ့်မည် ဖြစ်ပြီး အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ကို ဦးတည်လိမ့်မည် မဟုတ်ဟု ဆိုသည်။

 

လူသားချင်း စာနာ ထောက်ထားသည့် အကူအညီများ ပေးကြရန် နှင့် ပြည်ပ မှ ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် သတိပေးလိုက်ပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး၊ စစ်မှန်သော ဆွေးနွေးပွဲ များ ဖြစ်မြောက်ရေး များသည် နိုင်ငံ အတွင်း တွင်သာ ဆောင်ရွက်ရန် လိုသည်ဟု လည်း ပြောသွားခဲ့သည်။

 

စင်္ကာပူသည် သက်ဆိုင်နေသူ အားလုံး နှင့် ဆက်သွယ်ရေး လမ်းကြောင်းများ အကုန် ဖွင့်ထားပြီး ဖြစ်၍ အချိန်ကျလာလျင် သင့်လျော်သည့် နေရာမှ မှန်မှန်ကန်ကန် ဆက်တိုက် ကူညီ ဆောင်ရွက်သွားနိုင်မည်ဟု ဆိုသည်။

 

စင်္ကာပူ သည် တရုတ်မှ ဝင်ရောက်စွက်ဖက် နေခြင်းကို မနှစ်မျို့ကြောင်း သွယ်ဝိုက် ပြောဆိုလိုက်ခြင်းပင် ဖြစ်သည်။

 

ထိုင်း မှလည်း စစ်ကောင်စီ၏ လက်နက် ဝယ်ယူ ရေး တွင် ထိုင်း ဘဏ်များကို အသုံးမချ နိုင်ရန် စီစစ် သွားရန် အထူး လုပ်ငန်း အဖွဲ့ ဖွဲ့စည်းသွားမည် ဆိုသည့် အပေါ် ကုလ အထူး သံတမန် တွန် အင်ဒရူးက ချီးကြူး ပြောဆိုလိုက်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!